သနပ်ခါးပါဝင်သည်ဆိုသည့် အလှကုန်(၁၀)မျိုးကို အမှန်တကယ်သနပ်ခါးပါဝင်မှုရှိမရှိ စစ်ဆေးသွားမည်

21/09/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ပြည်တွင်းဈေးကွက်အတွင်း ရောင်းဝယ်နေသည့် သနပ်ခါးပါဝင်သည်ဟု ဆိုထားသည့် အလှကုန် (၁၀)မျိုးကို စားသုံးသူရေးရာဥပဒေ အပိုဒ် (၁၈), အခန်း (စ) နှင့် ညီညွတ်မှုရှိမရှိ (အမှန်တကယ် သနပ်ခါးပါဝင်မှု ရှိမရှိ) စစ်ဆေးရန်အတွက် တိုင်ကြားထားကြောင်း မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးကျော်မိုးက ပြောသည်။ 

ကျွန်တော်တို့အသင်းအနေနဲ့ အလှကုန် (၁၀)မျိုးကို မြန်မာနိုင်ငံ စားသုံးသူရေးရာဥပဒေ အပိုဒ်(၁၈), အခန်း(စ)နဲ့ ညီညွတ်မှုရှိမရှိ စစ်ဆေးပေးဖို့ တိုင်ကြားထားတယ်။ ဈေးကွက်ထဲမှာရှိတဲ့ သနပ်ခါးနာမည်သုံးထားတဲ့ အလှကုန်တွေကို အမှန်တကယ် သနပ်ခါးကုန်ကြမ်းသုံးထားတာ ဟုတ်မဟုတ်၊ သေချာစိစစ်ဖို့အတွက်ပါ။ ဥပမာ ထိုင်းနိုင်ငံကတင်သွင်းနေတဲ့ the leaf, အိန္ဒိယက ဝင်လာတဲ့ Fair & Lovely စတာတွေပေါ့။ သနပ်ခါးပါဝင်တယ်လို့သာ ပြောထားပေမယ့် ပါဝင်တဲ့အချိုးအဆ တစ်ခုမှ မဖော်ပြထားဘူး။ ဒီလိုဆိုရင် စားသုံးသူဥပဒေနဲ့မကိုက်ညီဘူး။

ဟု မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးကျော်မိုးက ပြောသည်။

    ၂၀၂၀ ခုနှစ်၊ မတ်လက အတည်ပြုထားသည့် မြန်မာနိုင်ငံစားသုံးသူရေးရာဥပဒေ အပိုဒ်(၁၈), အခန်း(စ) ၌ ပြည်တွင်း၌ ရောင်းချနေသည့် ထုတ်ကုန်များတွင် ထည့်သွင်းထားသည့် ကုန်ကြမ်းပစ္စည်းများ၊ ပါဝင်သည့် ပမာဏအချိုးအဆများကို (ထုတ်ကုန်ပေါ်တွင်) ဖော်ပြထားရမည်ဟု ပြဌာန်းထားသည်။

ပါဝင်ပစ္စည်းတွေမှာ သက်ဆိုင်ရာအာမခံချက်တွေပါရမယ်။ သနပ်ခါးပါဝင်တယ်ဆိုတာနဲ့ သနပ်ခါးပင်ရဲ့ အမြစ်လား၊ ပင်စည်လား၊ အခေါက်လား။ ဘယ်မြို့နယ်က ဝယ်တာလဲ။ တစ်နှစ်ကို အလေးချိန် (ပမာဏ) ဘယ်လောက်ဝယ်တာလဲ။ စစ်ဆေးကြည့်လို့မရအောင်ဆိုပြီး သနပ်ခါးအဆီ ထည့်သွင်းထားတာပါလို့ ပြောရင်တောင် သူတို့ရဲ့ ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေကို စစ်လိုက်ရင် အဖြေထွက်လာမယ်။ ဥပဒေက စာအုပ်ထဲမှာတော့ အတည်ပြုလိုက်တယ်။ လက်တွေ့မှာ ထိရောက်စွာ အရေးမယူနိုင်သေးဘူး။ ထိထိမိမိ အရွေ့တစ်ခုဆီကို မကူးနိုင်သေးဘူး။ မြန်မာနိုင်ငံသနပ်ခါးအသင်းအနေနဲ့ ကိုဗစ်ကာလပြီးရင် ကန်ပိန်းတွေလည်း လုပ်ဆောင်သွားဖို့ရှိပါတယ်။

ဟု ဦးကျော်မိုးက ဆက်လက်ပြောသည်။

    မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ သနပ်ခါးဆိုင်ရာ စံချိန်စံညွှန်းရေးဆွဲရေးအဖွဲ့ ဖွဲ့စည်းနိုင်ရန် တင်ပြမှုများလည်း ပြုလုပ်ထားကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် သနပ်ခါးပင်ကို အရာတော်၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ပွင့်ဖြူ၊ ပခုက္ကူ ဒေသများ၌ အများဆုံး စိုက်ပျိုးထုတ်လုပ်နေသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်