အုတ်ဖုတ်ရန်အတွက် ထန်းပင်များကို ထင်းအဖြစ်အသုံးများလာ

24/02/2018 14:14 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
ဆားလင်းကြီး ဖေဖော်ဝါရီ ၂၂
 
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီး မြို့နယ်သည် တမာ၊ ထနောင်း၊ မန်ကျည်း၊ ထန်းပင် စသည့် အပူပိုင်းဒေသများ၌ ပေါက်ရောက်လေ့ရှိသော သဘာဝပေါက်ပင်များ အများဆုံးရှိနေခဲ့သော မြို့လေး တစ်မြို့ဖြစ်ကာ ပထဝီအနေအထားအရ ကုန်းကျသော မြေနေရာဖြစ်သဖြင့် အဆိုပါအပင်များမှအပ အခြား သော သီးပင်၊ စားပင်များမှာ နှစ်ကာလကြာရှည်စွာ ရှင်သန်ခြင်းမရှိဘဲ နှစ်အနည်းငယ်သာ ရှင်သန်နိုင်သည်။
 
 လက်ရှိအချိန်တွင် သဘာဝပေါက်ပင်များဖြစ်သော တမာ၊ ထနောင်း၊ မန်ကျည်း၊ ထန်းပင် စသော အပင်များ မှာလည်း ဆားလင်းကြီးမြို့နယ်အတွင်း၌ တဖြည်းဖြည်း နည်းပါးလာလျက်ရှိကြောင်း၊ ထန်းပင်များမှာ ထန်း လုပ်သား ရှားပါးလာခြင်းနှင့် ထန်းဖြင့်လုပ်သော လူ အသုံးအဆောင်များနေရာတွင် အခြားပစ္စည်းများက အစားထိုးနေရာယူလာခြင်းတို့ကြောင့် ထန်းပင်များကို အုတ်ဖုတ်ရာတွင် ထင်းအဖြစ်သုံးရန် ခုတ်လှဲရောင်းချမှု များလာလျက်ရှိကြောင်း သိရသည်။
 
ထန်းတောပိုင်ရှင်တစ်ဦးက ''ထန်းတက်သမားက လည်း ရှားပါး၊ ထန်းလက် ဝယ်ယူအသုံးပြုသူကလည်း နည်းပါးလာတော့ ထန်းပင်ကို အုတ်ထင်းမီးအဖြစ် အသုံးပြုဖို့ တစ်ပင်ကို တစ်သောင်းကျပ်နဲ့ ရောင်းစား ရပါတယ်၊ ဝယ်ယူသူတွေကလည်း ထန်းပင်ရင့်မှသာ ဝယ်ယူပြီး နုနေရင်တော့ မဝယ်ပါဘူး၊ ကျွန်တော်တို့ လည်း စားဝတ်နေရေး အဆင်မပြေလို့သာ ရောင်းရတာ ပါ''ဟု ပြောသည်။
 
ထန်းပင်ဝယ်ယူသော အုတ်ဖုတ်လုပ်ငန်းလုပ်သူများ မှာလည်း အခြားသော ထင်းများကို အသုံးပြုရန် ဈေး ကြီးခြင်းနှင့် ဝယ်ယူအသုံးပြုရန် ရှားပါးလာခြင်းတို့ ကြောင့် နှစ်ရှည်ပင်ကြီးများဖြစ်သော ထန်းသားကိုသာ ထင်းမီးအဖြစ် အသုံးပြုရန် ဝယ်ယူရခြင်းဖြစ်ကြောင်း ပြောသည်။
 
ဆားလင်းကြီးမြို့နယ်အတွင်းမှ သက်တမ်းရင့် ထန်း ပင်ကြီးများကို ထင်းအဖြစ်သုံးရန် ခုတ်လှဲရောင်းချနေ ခြင်းကြောင့် ထန်းပင်များ မရှိတော့ပါက မြို့နယ်၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုများ ဖြစ်လာမည် ကိုလည်း ဒေသခံအချို့က စိုးရိမ်မှုများရှိနေကြကြောင်း သိရသည်။
 
ဦးငယ်(ဆားလင်းကြီး)   
 
 သတင်း - မြန်မာ့အလင်း (ဖေဖော်ဝါရီ ၂၃ ရက်၊ ၂၀၁၈)

မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်