FDA စစ်ဆေးပြီးသော ဆီစက်များကို ပိုမိုမြန်ဆန်စွာ ထောက်ခံချက်များ ပြုလုပ်ပေးပါက ၂၀၂၀ ခုနှစ်တွင် FDA ထောက်ခံချက် ရရှိသည့် ဆီစက်အလုံးပေါင်း ၁၅၀ ခန့်အထိ တိုးတက်ရရှိနိုင်ရန် ကြိုးပမ်းလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဌ ဦးခင်စိုးက ပြောသည်။
“ အရင်က FDA ထောက်ခံချက် ရရှိတဲ့ ဆီစက် ၁၇ ခုလောက်ပဲ ရှိတယ်။ ယခု ဆီစက် ၄၆ ခုအထိ ရှိလာပြီ။ ပြည်တွင်း စားသုံးဆီ ထုတ်လုပ်သူတွေ နည်းပညာ ဗဟုသုတတွေ ရရှိစေဖို့အတွက် ထုတ်ကုန်ပြပွဲတွေ ကျင်း ပပေးတာ။ သန့်ရှင်းကောင်းမွန်တဲ့ စားသုံးဆီတွေ ထုတ်လုပ်နိုင်ရေး ဆီစကတွေ တိုးချဲ့တည်ဆောက်ဖို့ သ ဘောထားမှတ်ချက် တောင်းခံလာမှုနဲ့ စက်မှုလုပ်ငန်း မှတ်ပုံတင် လျှောက်ထားလာမှုတွေကိုလည်း လုပ်ထုံး လုပ်နည်းများနှင့် အညီ ကူညီဆောင်ရွက်ပေးဖို့” လိုပါတယ်ဟု ဦးခင်စိုးက ဆိုသည်။
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်