ငါးမွေးမြူရေးအတွက် သင့်လျော်သော ကန်အောက်ခြေမြေသားကို ပြုပြင်စီမံခြင်း

24/05/2022 15:00 PM တွင် Rio Amora Rio Amora မှ ရေးသား

ကန်တစ်ကန်၏ငါးထုတ်လုပ်မှု ပမာဏကို ကန်၏အောက်ခြေမြေသားများက ကောင်းမွန်စွာအဆုံးအဖြတ်ပေးပါသည်။ ကောင်းမွန်သော သက်ရှိအစာများ ထုတ်လုပ်ခြင်းသည် ကန်အောက်ခြေတွင်ရှိသော မြေဩဇာဓာတ်ရရှိမှုပေါ်တွင် မူတည်ပါသည်။

မွေးမြူရေးကန်များတွင် ကန်အောက်ခြေမြေသားနှင့်ပတ်သက်၍ ပြဿနာများရှိသဖြင့် ကန်အောက်‌ခြေမြေသားကို ပြုပြင်ထိန်းသိမ်းရန် နည်းစနစ်များ ပေါ်ပေါက်လာပါသည်။

မြေသားအမျိုးအစား

ငါးကန်များ၏ ရေဩဇာဓာတ်ကောင်းမွန်ရန်အတွက် မြေတွင်ပါ၀င်သော မြေဩဇာဓာတ် ကောင်းမွန်မှုသည် အလွန်‌အရေးကြီးသည်။ အလွန်သဲဆန်သောမြေဖြစ်ပါက ဩဇာဓာတ်များ စိမ့်ထွက်သွားနိုင်ပြီး အလွန်ရွှံ့ဆန်သောမြေဖြစ်ပါက ဩဇာဓာတ်များကို စုပ်ယူထိန်းသိမ်းထားနိုင်ပါသည်။

သဲဆန်သောမြေတွင် ကန်တည်ဆောက်ထားပါက သဘာ၀မြေဩဇာများကို မြောက်များစွာ ထည့်ပေးခြင်းဖြင့် ရေစိမ့်ထွက်ဆုံးရှုံးမှုကို ထိန်းသိမ်းပေးပါသည်။

အက်စစ်ဆန်သောမြေသား

ကန်အောက်‌ခြေမြေသားများတွင် အက်စစ်ဓာတ်လွန်ကဲစွာပါခြင်း၊ ထုံးဓာတ် လွန်ကဲစွာပါ၀င်ခြင်းတို့ စသည်ဖြင့်အမျိုးမျိုးဖြစ်နိုင်သည်။

ကန်အောက်ခြေမြေသား၏ ချဉ်ငန်နှုန်း pH သည် ၆ မှ ၈ အတွင်းမှာ စံနှုန်းအတိုင်းအတာဖြစ်သည်။

အက်စစ်ဓာတ်ဆန်သော မြေသားကန်သည် ထုံးဓာတ်နှင့် ရေစေးနှုန်းနိမ့်ကျသည်။ အလူမီနီယမ်နှင့် သံဓာတ်တို့ မြင့်မားစွာပါ၀င်တက်သည်။ အက်စစ်ဓာတ်များသောကန်သည် ကန်ရေဩဇာ မကောင်းနိုင်ပါ။ ထုံးထည့်ပေးခြင်းဖြင့် အက်စစ်ဓာတ်ဆန်သောမြေသားကန်ရှိ ရေဩဇာဓာတ်ပြည်၀စေသော တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ထုံးဓာတ်သည် ချဉ်ငန်နှုန်းကောင်းသော မြေပေါ်တွင်ကြာမြင့်စွာ အကျိုးသက်ရောက်စေပါသည်။

ကန်အောက်ခြေမြေသားအားအခြောက်ခံခြင်း

ငါးမွေးမြူရေးမပြုလုပ်ခင် ကန်အောက်ခြေမြေသားအား၂ စင်တီမီတာခန့် အက်ကွဲခြောက်သွေ့သည်အထိ မဖြစ်မနေ‌ အခြောက်ခံရပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မြေသားအတွင်းသို့ အောက်စီဂျင်၀င်ရောက်လာကာ အန္တရာယ်ဖြစ်စေနိုင်သော အော်ဂဲနစ်ပစ္စည်းများနှင့် ပိုးမွှားများကိုပျက်စီးစေပါသည်။

မြေသားကို ရက်ပိုမိုရှည်ကြာစွာ အခြောက်ခံခြင်းဖြင့် မြေသားရှိ ပိုးမွှားများ၏ဥများနှင့် ၎င်းတို့၏ သားလောင်းများကိုပျက်စီး လျော့နည်းစေပါသည်။

ကန်အခြောက်ခံခြင်းကို ရက်သတ္တပတ် ၂ ပတ် ၃ ပတ်အထိ ဆောင်ရွက်ပါက အကောင်းဆုံးဖြစ်သည်။ မြေသားအတွင်းသို့ အောက်စီဂျင်ရရှိစေရန်အတွက် အခြောက်ခံထားသောမြေသားကို ထယ်ထိုး၍ မြေလှန်ရပါမည်။ ထို့နောက်ထုံးကြဲပတ်၍ ရေထည့်ကာ ငါးမွေးမြူရန်အတွက် အဆင်သင့်ပြုလုပ်လို့ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်