သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာလည်းရောက် သစ်ထုတ်လုပ်ရာမှာလည်းအသုံးဝင် မန်ဂျန်ရှားပင်

16/01/2018 13:47 PM တွင် ayethandasoe ayethandasoe မှ ရေးသား

( Acacia mangium ) မန်ဂျန်ရှားသည် ပန်းပွင့်သည့်သစ်ပင်ကြီးဖြစ်ပြီးပဲမျိုးရင်း (Fabaceae) ဝင် အပင်တစ်မျိုးဖြစ်သည်။ Fabaceae သည် ဩစတေးလျ ရှိ ကွင်းစ်လန်း အရှေ့ မြောက် ပိုင်း၊ ပါပွာအာရ် နယူးဂီနီ ၏ ပရိုဗင့်စ် မြောက်ပိုင်း ၊ ပါပွာအာရ် နှင့် မယ်လူကူ ကျွန်း အရှေ့ ပိုင်းမှ စတင်လာသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရန် နှင့် သစ်ထုတ်ရန်အတွက် အသုံးပြုကြ သည်။

လျှင်မြန်စွာ ကြီးထွားသော အညိုရောင် သစ်ပင်များကို စာရွက်နှင့် သစ်မာထွက်ကုန် များ ထုတ် လုပ်ရန်အတွက် ကျယ်ပြန့်စွာစိုက်ပျိုးကြသည်။ မန်ဂျန်ရှား သစ်ပင်သည် အာရှတိုက်၏ စိုစွတ် သော အပူပိုင်းကုန်းနိမ့်ဒေသတွင် အဓိကထားစိုက်ပျိုးသော မျိုးစိတ်တစ်ခုဖြစ်ပါသည်။ လျှင်မြန် လွန်းသည့် ကြီးထွားမှုနှုန်း ၊ အလွန်ချဉ်သောမြေ၊ အဟာရချို့ တဲ့လွန်းသောမြေတွင် ရှင်သန် ပေါက်ရောက်နိုင်မှု၊ အလွန်ညံ့၍မကောင်းသောမြေတွင် ကောင်းစွာ ရှင်သန်ကြီးထွားနိုင်သော စွမ်းရည်၊ ¬ရောဂါကင်းစင်မှု၊ သစ်သားအဖြစ် ကျယ်ပြန့်စွာ အသုံးပြူနိုင်မှု၊ စိုက်ပျိုးရာတွင် ရိုး ရှင်းလွယ်ကူခြင်း စသည့် အရည်အသွေးတို့ရှိသည်။ အင်ဒိုနီးရှား နှင့် မလေးရှား နိုင်ငံများတွင် စက္ကူနှင့် ပျော့ဖတ်စက်ရုံများအတွက် အခြေခံကုန်ကြမ်း အရင်းအမြစ်အဖြစ် ရရှိရန်အတွက် မန် ဂျန်ရှား သစ်ပင်ကို စိုက်ပျိုးကြပါသည်။ အခြားကုန်ကြမ်းများဖြစ်သော လောင်စာတောင့်၊ အဆောက်အဦးအတွက် သစ်၊ ပရိဘောဂပစ္စည်းများနှင့် ကတ္ထူပြားများ ထုတ်လုပ်ရန် အတွက် လည်း အသုံးပြုကြသည်။

မျိုးစိတ်ပေါင်း ၂၅၀ ရှိသော Acacia မှ Juliflorae သည် ဩစတေးလျ ဒေသကို ပို၍ ကြိုက် နှစ်သက်ကြသည်။ Acacia မန်ဂျန်ရှား သည် မျိုးစိတ်များထဲမှ အပူပိုင်းဒေသနှင့် ကိုက် ညီသောမျိုးတစ်မျိုးဖြစ်ပြီး ယခုနှစ်များတွင် အဓိကစီးပွားရေးအရ အရေးပါသောအပင်အဖြစ် စိုက်ပျိုးလာကြသည်။ Acacia မန်ဂျန်ရှားသာမက အခြားအရေးပါသောမျိုးစိတ်များ ဖြစ်သည့် A. auriculiformis, A. auriculiformis x mangium နှင့် A. crassicarpa တို့ လည်းပါဝင် သည်။

ပျံ့နှံလာပုံ
နိုင်ငံအများတွင်စိုက်ပျိုးလာကြပြီး အာရှတိုက်ရှိနိုင်ငံများဖြစ်သော ( တရုတ်, အင်ဒိုနီးရှား , လာအို , မလေးရှား, မြန်မာ , ထိုင်း , ဖိလစ်ပိုင်နှင့် ဗီယက်နမ် နိုင်ငံ ) များသာမက ဘင်္ဂလားဒေ့ရှ် , ဘရာဇီး, ကင်မရွန်း , ဟာဝိုင်အီ နှင့် နီပေါ နိုင်ငံများတွင်ပါ စိုက်ပျိုးလာကြ သည်။ Acacia မန်ဂျန်ရှား သည် ပူနွေးသော အပူပိုင်းဒေသ ရာသီဉတုဇုန်များတွင် သဘာဝအား ဖြင့် ပျံ့နှံမှုပိုများသည်။ ယင်းဒေသတွင် တနှစ်ပတ်လုံး မြင့်မားသောအပူချိန်ရှိပြီး အပူဆုံးလ၏ ပျမ်းမျှ အမြင့်ဆုံးအပူချိန် ( ၃၁ - ၃၄ ဒီဂရီစင်တီဂရိတ်) နှင့် အအေးဆုံးလ၏ ပျမ်းမျှအနိမ့်ဆုံး အပူချိန် ( ၁၅ - ၂၂ ဒီဂရိစင်တီဂရိတ်) ရှိသည်။ တစ်နှစ်ပတ်လုံး ပျမ်းမျှမိုးရေချိန် ၅၀ - ၁၀၀ လက်မကျော် ရှိပြီး၊ နွေအခါ ( ဇန်နဝါရီလ မှ မတ်လ ) နှင့် အခြားလများ တွင် ကောင်းစွာ ပေါက်ရောက်သည်။ ရေစီးဆင်းမှုကောင်းမွန်သော ( pH ၄ အောက်) ရှိသည့် ချဉ်သောမြေများ တွင် ကောင်းစွာ ကြီးထွားနိုင်သည်။

မန်ဂျန်ရှား မျိုးစိတ်ကို ရွှံ့ဗွက်၊ လမုပင်ပေါက်ရာနေရာ၊ ချောင်းဘေးတစ်လျှောက်၊ ရေဝပ်မြေ၊ တောင်ကုန်းနိမ့်နှင့် တောင်ခြေရင်းတို့တွင် တွေ့ရသည်။ တစ်ခါတစ်ရံ မြက်ခင်းပြင်၊ မြစ်လွင် ပြင်ကျယ်၊ ရေနုတ်မြောင်း နှင့် လမုတောတို့တွင် တွေ့ရသည်။ မြေလွတ်သောနေရာ အတော် များများတွင် ရွှေ့ပြောင်းစိုက်ပျိုးခြင်းအနေဖြင့် စိုက်ပျိုးနိုင်သည်။ သို့သော် ရေဝပ်သောနေရာ၊ အငန်ဓါတ်များသော နေရာတို့တွင် မဖြစ်ထွန်းပါ။ အမြင့်ပေ (၀ - ၂၆၀၀ ကျော်) ရာသီဉတု ဆိုးဝါး လွန်းသော ဒေသနှင့် သဲဆန်ပြီးရေလွှမ်း သော ဒေသရှိ မြေများတွင် ကောင်းစွာဖြစ်ထွန်း သည်။

 

Acacia မန်ဂျန်ရှား သည် ပင်စည်တစ်ခုတည်းရှိသည့် တစ်နှစ်ပတ်လုံး စိမ်းလန်းသော သစ် ပင်ကြီးမျိုးဖြစ်သည်။ အမြင့်ပေ ၈၀ မှ ၁၀၀ ထိမြင့်နိုင်ပြီး ဖြောင့်မတ်သော ပင်စည်ရှိသော် လည်း ပင်စည်အောက်ပိုင်းတစ်ဝက်ခန့်တွင် အနည်းငယ်ကောက်နေတတ်သည်။ အပင်ငယ်မှာ ခြုံပုတ်ပုံစံ ကြီးထွားသည်။အပင်ကြီး၏သစ်ခေါက်အရောင်မှာ အညိုရောင်ဖျော့ မှ အညိုရင့် ရောင်ဖြစ်ပြီး သစ်ခေါက်၏အတွင်းပိုင်း အရောင်မှာ အညိုနုရောင်ဖြစ်သည်။ သစ်ခေါက်များ သည် ကြမ်းတမ်း၍ အလျားလိုက်မြောင်းများ ပါရှိသည်။ ကိုင်းများသည် ထောင့်မတ်ကျသည်။ အပင်ငယ်စဉ် ပင်စည်မှာ ချောမွေ့သည်။ အစိမ်းရောင်အခေါက်သည် (၂ - ၃) နှစ် အပင်သက် တမ်းထိ ရှိသည်။ အပင်ကြီး၏ပင်စည်မှ ဘေးကိုင်းများ ပေ ၅၀ အထက်ထိ ကိုင်းဖြာပြီး လုံးပတ် အချင်း ၃ ပေ အထက်ရှိကာ တြိဂံပုံစံ ကိုင်းဖြာကြသည်။

အရွက် သည် ၉ လက်မ ရှည်လျား၍ ၁ လက်မ မှ ၃ လက်မထိ ကျယ်၏။ တဖက်မှာ ဖြောင့် တန်းပြီး အခြားတစ်ဖက်တွင်ကွေးနေသည်။ အဓိက အလျားလိုက်ရွက်ကြော (၄ - ၅) ခုရှိ သည်။ 

ပန်းခိုင်တ်ငင် များပြားသေးငယ်ပြီး အဖြူ သို့ နို့နစ်ရောင် ပန်းပွင့်များပါရှိသည်။ အဆူးပါသည်။ ပွင့်ဖတ် (၀.၆ - ၀.၈) မီလီမီတာ ရှည်သည်။ ပွင့်ချပ်အုံ (၁.၂ - ၁.၅) မီလီမီတာရှည်သည်။ ရိုးတံက ၁ စင်တီမီတာ ရှည်သည်။ အသီးပြားသည်။ ရင့်မှည့်လာသောအခါ ကွေးလာသည်။

၃ - ၅ မီလီမီတာ ကျယ်ပြီး ၂ လက်မခွဲ ၃ လက်မ ရှည်သောအသီးတောင့်သည် ရင့်မှည့်လာသော အခါ အစီမ်းမှ အညို သို့ ပြောင်းလာသည်။ ဘဲဥပုံအစေ့များက မဲ၍ တောက်ပပြီး၂ - ၃ မီလီမီတာ မှ ၃ - ၅ မီလီမီတာ ထိရှိသည်။ အသီးတောင့်ထဲတွင်အစေ့များ အလျားလိုက်ပုံ လိမ္မော်မှ အနီ ရောင် နူးညံ့သောအမွှေးအမျှင် များဖြင့် ဆက်ထားသည်။

အပင်စိုက်ပြီးသည်မှ (၂၄) လ ကြာရင် မန်ဂျန်ရှားအစေ့များကို ရရှိနိုင်မည်။ ပန်းပွင့်စတင်သည် မှစ (၆ - ၇) လကြာလျှင် ရင့်မှည့်သော အသီးတောင့်ဖြစ်မည်။ လိင်စုံပန်းပွင့်များဖြစ်သော ကြောင့် ပင်တည်းနှင့် ပင်ခြားဝတ်မှုံကူး၍ အင်းဆက်များဖြင့် ပင်ခြားဝတ်မှုံကူးသည်။ Acacia မန်ဂျန်ရှား သည် စတင်စိုက်ပျိုးပြီးသည်မှ (၁၈ - ၂၀) လ အကြာတွင် ပန်းစပွင့်သည်။ ပန်းပွင့် သည်မှ (၃ - ၄ ) လ အကြာတွင် အသီးတောင့်များ ရင့်မှည့်သည်။ ဩစတေးလျ တွင် မေလ မှာ ပန်းပွင့်၍ အေက်တိုဘာ - ဒီဇင်ဘာလ တွင် အသီးတောင့်များရင့်မှည့်သည်။ အင်ဒိုနီးရှား တွင် ဇူလိုင် နှင့် ပါပွာအာရ် နယူး ဂီနီ တွင် စက်တင်ဘာလနောကဆုံးပတ်တွင် အသီးတောင့်များ ရင့်မှည့်သည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်