ဒီရေတောများကို ဘယ်လိုထိန်းသိမ်းမလဲ

24/08/2023 13:00 PM တွင် Worldview International Foundation - WIF Worldview International Foundation - WIF မှ ရေးသား ပြီး Worldview International Foundation Worldview International Foundation မှ ပေးပို့ထားပါသည်။

ဒီရေတောများကို အပူပိုင်းဒေသများတွင် အဓိကတွေ့ရှိရပြီး အများအားဖြင့် ရေချိုနှင့် ဆားငန်ရေ ပတ်ဝန်းကျင်များအကြား ကုန်းမြေများတွင် တွေ့ရပါသည်။ 

၂၀၁၄ ခုနှစ်အတွင်းခန့်မှန်းခြေအားဖြင့် တစ်ကမ္ဘာလုံးဧရိယာ ဟက်တာ ၁၆.၄ သန်းအထိ ဒီရေတောများသည် အဖိုးတန်ဂေဟစနစ်များကိုထောက်ပံ့ပေးလျက်ရှိပါသည်။ ထိုထောက်ပံ့မှုအကျိုးကျေးဇူးများတွင် ကာဗွန်စုပ်ယူမှု၊ ကမ်းရိုးတန်းတစ်လျှောက်တံတိုင်းအဖြစ် ကာကွယ်ပေးမှု၊ ကမ်းခြေ၏ ခြံစည်းရိုးသဖွယ်၊ အစားအစာ၊ လောင်စာဆီ၊ ဆောက်လုပ်ရေး အသုံးအဆောင်၊ ဇီဝမျိုးစုံမျိုးကွဲကာကွယ်ရေးနှင့် အခြားအကျိုးပြုအရာများ ပါဝင်ပါသည်။ 

ကမ္ဘာ့ဒီရေတောဖုံးလွှမ်းမှု၏ သုံးပုံတစ်ပုံကျော်ကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသများတွင်တွေ့ရှိရပြီး ဒီရေတောမျိုးစိတ်ကွဲများ အများဆုံးတွေ့ရသောဒေသလည်းဖြစ်လေသည်။  

ဖိလစ်ပိုင်နှင့် ဗီယက်နမ်ကဲ့သို့ အချို့နိုင်ငံများသည် တန်ဖိုးမဖြတ်နိုင်သောဒီရေတောဧရိယာများကို စောင့်ရှောက်ရန်နှင့် ပြန်လည်ထိန်း သိမ်းရန်ကြိုးပမ်းနေသော်လည်း အရှေ့တောင်အာရှဒေသသည် ၁၉၇၅ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်အတွင်း ဒီရေတောဟက်တာ ၀.၃ သန်းကျော် ဆုံးရှုံးခဲ့ရသည်။ ထိုအထဲတွင် မြန်မာနိုင်ငံသည် ၁၉၇၅ ခုနှစ်မှစ၍ ဒီရေတော သစ်တောပြုန်းတီးမှု စာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ သည်။  တကယ်တမ်းတွင်မူ မြန်မာနိုင်ငံသည် သစ်တောဖုံးလွှမ်းမှု ၄၄.၂ ရာခိုင်နှုန်း ရှိသော၊ သစ်တောထူထပ်သောနိုင်ငံ ဖြစ်ခဲ့ပါသည်။ 

ဒီ‌ရေတောဂေဟစနစ်အား ထောက်ပံ့ကူညီနိုင်ရန်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီရေတော ဖုံးလွှမ်းမှုပြောင်းလဲမှုများကို တိကျသော အရေအတွက် တွက်ချက်ရန် လိုအပ်ပါသည်။

သစ်တောပြုန်းတီးမှုကြောင့် မြန်မာနိုင်ငံသည် ၎င်း၏ ဒီရေတောဂေဟစနစ် ဝန်ဆောင်မှုတန်ဖိုးတွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂,၃၉၇ သန်း (၂၀၀၀ ခုနှစ်မှ ၂၈.၇ ရာခိုင်နှုန်း ကျဆင်းသွားသည်) တန်ဖိုးထိခိုက်သွားသည်။ အထူးသဖြင့် ငါးလုပ်ငန်း၊ ကမ်းရိုးတန်းကာကွယ်စောင့် ရှောက်ရေး လုပ်ငန်းတို့ပါဝင်သည်။ 

ဒီရေတောများ တစိုက်မတ်မတ်ပြန်လည်စိုက်ပျိုးခြင်းနှင့် ကာကွယ်ရေးအစီအစဉ်များကို ချက်ချင်း အကောင်အထည်ဖော်ရန် သက်ဆိုင်ရာပညာရှင်များက အကြံပြုထားပါသည်။ စပါး စိုက်ခင်းတိုးချဲ့ခြင်း၊ ထင်းထုတ်ယူခြင်း၊ မီးသွေးထုတ်လုပ်ခြင်းနှင့် ငါးနှင့်ပုစွန်မွေးမြူခြင်းလုပ်ငန်းကြောင့် ဒီရေတော များဆုံးရှုံးနေချိန်တွင် သစ်တောပျိုးခင်းများဆောင်ရွက်ခြင်း၊ ကျေးရွာပိုင်သစ်တောများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်သင့်ပါသည်။

ရပ်ရွာပိုင်သစ်တောစိုက်ခင်းများ အား ဒေသခံတောင်သူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လုပ်ငန်းပိုင်ရှင်များက ဂရုတစိုက် ဖွံ့ဖြိုးတိုးတက်၊ ရေရှည်တည်တံ့စေရန်ဆောင်ရွက်သင့်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်