ဒီရေတော ပျိုးဥယျာဉ်ထူထောင်မည်ဆိုလျှင်

12/04/2024 13:00 PM တွင် Worldview International Foundation - WIF Worldview International Foundation - WIF မှ ရေးသား ပြီး Worldview International Foundation Worldview International Foundation မှ ပေးပို့ထားပါသည်။

ဒီရေတောပျိုးခင်းများသည် စိုက်ခင်းအတွက် လိုအပ်သောအချိန်တွင် လိုအပ်သောအရွယ်အစား၊ လိုအပ်သောပမာဏနှင့် လိုအပ်သောမျိုးစိတ်များကို ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ ပျိုးခင်း၏ အရွယ်အစားကို စိုက်ပျိုးရမည့် ပျိုးပင်လိုအပ်ချက်ပမာဏနှင့် စိုက်ခင်းဧရိယာ အပေါ်မူတည်၍ ဆုံးဖြတ်သင့်ပါသည်။ ပျိုးဥယျာဉ်ထူထောင်မှုသည် စီမံကိန်းအတွက်ရန်မှန်းထားသောဘတ်ဂျက်ငွေပမာဏနှင့် စီမံကိန်း ၏ အနေအထားအပေါ်တွင်မူတည်ပါသည်။  

ရပ်ရွာလူထုအခြေပြု စီမံကိန်းများအတွက်၊ သီးသန့်ပျိုးပင်ပမာဏများကို အရန်ထားရှိရန်နှင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါသည်။ ဒီရေတောစိုက်ခင်းများအတွက် အသီးတောင့်ကိုတိုက် ရိုက်စိုက်ပျိုးသည့်စနစ်ကို ကျွန်ုပ်တို့အနေဖြင့် အမြဲအကြံပြုလိုပါသည်။ ထိုနည်းလမ်းသည် အချိန် ကုန် သက်သာ၊ လူပင်ပန်းသက်သာပြီး အပင်များရှင်သန်မှုနှုန်းပိုကောင်းသောကြောင့်ဖြစ်သည်။ သို့သော် လည်း အသီးတောင့်တိုက်ရိုက်စိုက်ပျိုးသောနည်းစနစ်နှင့် နေသားမကျသည့်နေရာများအတွက် ပျိုး ဥယျာဉ်ထူထောင်ခြင်းမှာ အထောက်အကူပြုပါလိမ့်မည်။

ပျိုးဥယျာဉ်နေရာရွေးချယ်ခြင်း

ရွေးချယ်ရမည့် ပျိုးဥယျာဉ်မြေနေရာသည် ညီညာပြန့်ပြူးသောနေရာဖြစ်သင့်ပါသည်။ ထိုနေရာတွင်သစ် ပင်များရှုပ်ထွေးနေခဲ့လျှင် အဆိုပါသစ်ပင်များကိုခုတ်ထွင်ရှင်းလင်းရန်မဖြစ်မနေမလိုအပ်ပါ။ သစ်ပင်များ ကို ပျိုးဥယျာဉ်၏အရိပ်အာဝါသအဖြစ်အသုံးချနိုင်ပါသည်။ ညီညာပြီး ပျိုးပင်များထားသို၍ ကောင်းမွန်ရေး သည်သာ အဓိကဖြစ်ပါသည်။ ပျိုးပင်များအတွက် နေရာရှင်းလင်းပြီးနောက် သူ့မျိုးစိတ်နှင့်သူ စနစ်တကျ ဖြစ်စေရန် ပြင်ဆင်သင့်သည်။ ပျိုးဥယျာဉ်သည် ဒီရေတောထိန်းသိမ်း ခြင်း၊ ပြုစုပျိုးထောင်ခြင်း စိုက်ခင်းရှိရာလုပ်ငန်း ခွင်နှင့်အနီးဆုံးနေရာတွင်ရှိသင့်ပြီး ထိုသို့ရှိမှသာ အလွယ် တကူအပြောင်းအရွှေ့ ပြုလုပ်နိုင်မည်ဖြစ်သည်။

ထိုအပြင် ပျိုးဥယျာဉ်နေရာသည် ပျိုးပင်များကြီးထွားရန်အတွက် အလင်းရောင်အလုံအလောက်ရရှိသည့် နေရာဖြစ်သင့်ပါသည်။ ပျိုးခါစအပင်လောင်းများသည်နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့သောနေရာကို ရှောင်ကျဉ်လိုအပ်ပြီး အဆိုပါအပင်လောင်းများအတွက် အရိပ်ကျသောနေရာတွင် (လိုအပ်ပါက) ထားသို ရန်လိုအပ်ပါသည်။ မြေပြုပြင်ခြင်းနှင့်ပျိုးအိတ်သွတ်ခြင်းတို့ဆောင်ရွက်နိုင်ရန်အရိပ်ရနိုင်သည့် အမိုးပြု လုပ်ပေးသင့်ပါသည်။

ရေစီးရေဝင်ကောင်းမွန်အောင်ပြုလုပ်ခြင်း

ပျိုးပင်များ ရှင်သန်မှုရှိစေရန်အတွက် ပျိုးဥယျာဉ်နှင့် သင့်လျော်သောရေထွက်၊ ရေဝင်လမ်းကြောင်း (ရေနုတ်မြောင်း) ကိုစီမံရမည်ဖြစ်ပါသည်။ ရေနုတ်မြောင်းဧရိယာကို မြေသားတမံအဖြစ်ပြုလုပ်ထားသင့် ပြီး ပျိုးဥယျာဉ်တစ်ဝိုက်ရေဝင်ရေထွက်ကောင်းမွန်စေရန်၊ ဒီရေအတက်အကျများကို လိုက်လျောညီထွေ ဖြစ်စေရန်၊ ပျိုးပင်များအရွှေ့အပြောင်းလွယ်ကူစေရန်ပြုလုပ်ထားရမည်ဖြစ်သည်။ မြောင်းငယ်တစ်ခုကို လည်းဖောက်ထားရမည်ဖြစ်ပြီး အဆိုပါမြောင်းငယ်သည် ရေဝင်ရေထွက်ကောင်းမွန်မှုကို ထောက်ပံ့ပေး မည်ဖြစ်သည်။ ပျိုးဥယျာဉ်စိုက်ခင်းအကျယ်သည် များသောအားဖြင့် အနံ ၁ မီတာ၊ အလျား ၁၀ မီတာ ရှိရမည်ဖြစ်ပြီး စိုက်ခင်းအခြေအနေအပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။

မြေပြင်ဆင်ခြင်းနှင့် အိတ်သွပ်ခြင်း

ပျိုးဥယျာဉ်အတွင်း ပျိုးပင်ငယ်ပျိုးစုပျိုးထောင်ရန် ရွှံစေးနှင့်သဲတို့ရောစပ်ထားကာ ပျိုးအိတ်ကိုပြုလုပ်ပြီး အပင်လောင်း (မျိုးစေ့) များကို သွပ်သွင်းရမည်ဖြစ်ပါသည်။ ပျိုးပင်များကြီးထွားလာစေရန်မြေဆွေးများ ကိုလည်းထပ်ပေါင်းထည့်စပ်ရမည်ဖြစ်ပါသည်။ ပျိုးအိတ်အတွင်းသွပ်သွင်းထားသောမြေဆီလွှာသည် ဒီ ရေတောအပင်လောင်း(မျိုးစေ့) များကို ဖြည်းဖြည်းချင်းကြီးထွားလာစေရန်ပံ့ပိုးပေးမည်ဖြစ်သည်။ ပျိုး အိတ်များသည် ၁၅ စင်တီမီတာ x ၂၂.၈ စင်တီမီတာ၊ ၁၂ စင်တီမီတာ x ၂၀ စင်တီမီတာနှင့် ၇.၅ စင်တီမီတာ x ၁၅ စင်တီမီတာ အရွယ်အစားများအဖြစ် မျိုးစေ့အပေါ်မူတည်၍ အသုံးပြုနိုင်ပါသည်။

အိတ်သွတ်ခြင်း

မြေဆီလွှာပြုလုပ်ပြီးသည့်နောက် အပင်လောင်း (အသီးတောင့်၊ မျိုးစေ့) များကို တစ်အိတ်ချင်းစီတွင် တစ်ပင်ချင်းစီသွပ်သွင်းရမည်ဖြစ်ပါသည်။ မြေဆီလွှာထည့်ထားသောပျိုးအိတ်အတွင်း၌ အပင်လောင်း များကို သုံးပုံနှစ်ပုံနစ်ဝင်အောင်မြုပ်နှံသွတ်သွင်းရမည်ဖြစ်ပြီး Rhizophoraceae အနွယ်ဝင်မျိုးစိတ်များကို မူ ပျိုးအိတ်အတွင်း သုံးပုံတစ်ပုံနစ်ဝင်အောင်သာသွပ်သွင်းရမည်ဖြစ်ပါသည်။

ပျိုးပင်များအိတ်ထဲတွင်အရွယ်အနေအထားတစ်ခုသို့ရောက်လာအောင် ပြုစုပျိုးထောင်ပြီးနောက် ၎င်းတို့ကို ဒီရေတောစိုက်ပျိုးထိန်း သိမ်းသော ဧရိယာများသို့ပို့ဆောင်ကာ အစားထိုးစိုက်ပျိုးသွား ကြရမည်ဖြစ်ပါသည်။ ပျိုးဥယျာဉ်အတွင်း ဒီရေတောမျိုးစိတ်ပျိုးပင်များပြုစုပျိုးထောင်ရန် ကြာမြင့်သည့် အချိန်မှာ မျိုးစိတ်တစ်ခုနှင့်တစ်ခုမတူညီ နိုင်ပါ။ (၄ လ၊ ၆ လ၊ ၈ လ ဝန်းကျင် ရှိနိုင်ပါသည်။ )

ပျိုးပင်များကို စိုက်ခင်းသို့ ပို့ဆောင်ခြင်း

ပျိုးပင်များကို စိုက်ခင်းနေရာများသို့ ရေထရက်မတိုင်ခင်နှစ်ရက်အလိုတွင်ပို့ဆောင်ပေးရပါသည်။ ထိုသို့ပို့ ဆောင်ရာတွင် ပျိုးပင်များကိုပျိုး ခြင်းတောင်းသို့မဟုတ်သင့်လျော်သည့် သစ်သားပုံးတွင် ထည့်ပြီး လှေများဖြင့်ပို့ ဆောင်ပေးရပါသည်။ ပျိုးပင်၏အမြစ်များထိခိုက်မှုမရှိ၊ အနာအဆာများမဖြစ်စေရပါ။

စိုက်ပျိုးခြင်း

မစိုက်ပျိုးမီ ပျိုးအိတ်သွပ်ထားသောအိတ်အခွံများကိုဖယ်ရှားပါ၊ မြေကြီးနှင့် အမြစ်များမပျက်စီးအောင် သတိပြုရပါမည်။ ပျိုးပင်များကို ဒေါင်လိုက်အနေအထားစိုက်ပျိုးပြီး ပြိုလဲကျခြင်းမရှိစေရန် ပျိုးပင်ဘေးပတ်ပတ် လည်ရှိမြေကြီးသို့ခြေတောက်ဖြင့် ခပ်ဖွဖွ ဖိသိပ်ထားလိုက်ပါ။ ပျိုးသွပ်ထားသော အိတ်များကို စိုက်ခင်းအ ပြင်ဖက်သို့ရောက်အောင်ယူဆောင်သွားဖို့ရန်မမေ့ပါနှင့်။ လှိုင်းကြီးသောနေရာ များတွင် စိုက်ပြီးနောက် စိုက်ထားသော ပျိုးပင်များသည် ရေလှိုင်းများကြောင့် ပျက်စီးသွားနိုင်သည်ကို သတိပြုရပါမည်။ ထို့ကြောင့် ပျိုးပင်များကို တည်ငြိမ်စေရန် တုတ်ချောင်း သို့မဟုတ် အခြားသော ဆွေးမြည့်နိုင်သောပစ္စည်းများကို အသုံးပြုပါ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်