လူသိနည်းတဲ့ ရတနာတစ်ပါး ခရုအုန်း (သို့) အုန်းခရုအမြုတေ
ခရု(snails)များမှာ ပက်ကျိ၊ ကမာ၊ ယောက်သွား၊ ဂုံးတို့လို Mollusks အုပ်စုတွင် ပါဝင်ကြပြီး ကျောရိုးမဲ့သတ္တဝါ (Invertebrate)များ ဖြစ်ကြပါသည်။ ခရုများမှာ Class (အမျိုးအစား)-Gastropoda အောက်တွင် ပါဝင်ကြပါသည်။
ကမ္ဘာတစ်ဝန်းလုံးတွင် ခရုမျိုးစိတ်ပေါင်း (၄၃၀၀ဝ) ခန့် ရှိကြပြီး ကုန်းခရု၊ ပင်လယ်ခရု၊ ရေချိုခရုဆိုပြီး ရှိကြပါသည်။
အုန်းခရုမှာ ပင်လယ်ခရုအမျိုးအစားတွင်ပါဝင်ပြီး ဖြည်းညှင်းစွာ ဝမ်းဗိုက်ဖြင့်တွားသွားကြတဲ့ marine gastropod mulluscs များဖြစ်ကြပြီး အပြင်ဘက်တွင် အခွံမာကို မြင်နိုင်ကြပါသည်။
အုန်းခရုတို့လို ပင်လယ်ခရုတွေက ပုံမှန်အားဖြင့် သက်တမ်း(၅)နှစ်ခန့် အသက်ရှည်ကြပြီး အသက်အရှည်ဆုံးမှာ (၂၅) နှစ်ခန့် ရှိကြပါသည်။
အုန်းခရုအပါအဝင် ပင်လယ်ခရုများမှာ အတွင်းပိုင်းတွင် ပျော့ပျောင်းသော ခန္ဓာကိုယ်ရှိကြပြီး အပြင်ဘက်တွင် အခွံမာဖြင့် ကာကွယ်ဖုံးအုပ်ထားကြသည်။ အခွံအများစုမှာ ခရုပတ်ပုံစံအကွေးလေးတွေပါရှိကြသဖြင့် အမြင်တစ်မျိုး လှပကြပါသည်။
ပင်လယ်ခရုတွေမှာ သွားများမပါရှိကြဘဲ သွားတွေအစားမာကျောတဲ့ကြိုး(hard ribbon) သာပါရှိကြပါသည်။ ပင်လယ်ခရုအများစုမှာ အသီးအရွက်စား (herbivores) များဖြစ်ကြပြီး အပင်၊ ရေညှိရေမှော်နှင့် ကျောက်တုံးကျောက်ဆောင်ကြားက သေးငယ်တဲ့ ကျောက်ပွင့်(seaweed)များကို စားကြပါသည်။ ခရုမျိုးစိတ်အနည်းစုမှာ အစုံစား (omnivores)နှင့် အသားစား (carnivores) များ ဖြစ်ကြပါသည်။
လူသိနည်းသည့် ရတနာတစ်ပါး သို့မဟုတ် ခရုအုန်းအမြုတေ
ပင်လယ်ငါးဖမ်းလှေများတွင် ဖမ်းယူရရှိသည့် ခရုအုန်း (ခေါ်) အုန်းခရုတစ်မျိုးအတွင်းမှ တစ်ခါတရံရရှိတတ်သည့် ခရုအုန်းအမြုတေသည် တန်ဖိုးကြီးမားသည့် ရတနာတစ်ပါးဖြစ်သည်ကိုကား သိသူနည်းလှပေသည်။
အဆိုပါ ခရုအမျိုးအစားများသည် မိမိဝမ်းဗိုက်အရေပြားကို မြေပေါ်၌ တွန့်၍ တွန့်၍ တစ်နေရာမှ တစ်နေရာသို့ တွားသွားတတ်ကြသည်။
ခရုအုန်း သို့မဟုတ် အုန်းခရုသည် ပင်လယ်ကြမ်းပြင်တွင် ကျက်စားနေထိုင်ကြသည့် ခရုတစ်မျိုး ဖြစ်သည်။
အဆိုပါခရုသည် အခွံခွာထားသည့် အုန်းသီးသဏ္ဌာန်ရှိ၍ ခရုအုန်း သို့မဟုတ် အုန်းခရုဟု ဒေသခံများခေါ်ကြသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့်ဖြစ်ပြီး အခွံမာပြီး အခွံပေါ်တွင် အစက်ပြောက်များ အနည်းငယ်ရှိသည်။ လုံးပတ်အချင်း ၈ လက်မမှ ၁၉ လက်မအထိ အသက်အရွယ်လိုက်၍ အရွယ်အစား အမျိုးမျိုးရှိကြသည်။
အခွံအတွင်းအသားမှာ အစင်းများပါရှိပြီး အသားကို စားသုံးရန် အဓိကထားကြသည်။ ငါးဖမ်းပိုက်လှေများတွင် အခါအားလျော်စွာ ဖမ်းဆီးရမိကြပြီး အခြားငါးများနှင့်အတူ ပင်လယ်ကြမ်းပြင်မှတစ်ဆင့် ပိုက်အတွင်း ဖမ်းဆီးရမိတတ်ကြသည်။ အသားကို ရေနွေးဖြင့် ပြုတ်၍ ပါးပါးလှီးကာ သုပ်စားလေ့ရှိသည်။
ခရုအုန်းအသားသုပ်၏ အနေအထားနှင့် အရသာမှာ ဝက်နားရွက်သုပ်နှင့် ဆင်တူသည်။ ဟိုတယ်များတွင် ခရုအုန်းအသုပ်တစ်ပွဲလျှင် ငွေကျပ် သောင်းကျော်ခန့် ပေးရတတ်သည်။
ခရုအုန်း သို့မဟုတ် အုန်းခရုအခွံကို ကနုကမာနည်းပညာဖြင့် လက်ဝတ်ရတနာသိမ်းဆည်းသည့်ဘူး၊ ဆေးလိပ်ဘူး၊ ဆေးလိပ်ပြာခံခွက်နှင့် အခြားအနုပညာမြောက်ပစ္စည်းပေါင်းများစွာ ဖန်တီးထုတ်လုပ်ကြသည်။
အတွင်းအသားထဲတွင် မုတ်ကောင်အတွင်း ပုလဲဖြစ်တည်သည့်ဖြစ်စဉ်ကဲ့သို့ သဘာဝအလျောက် ဖြစ်တည်နေသည့် ခရုအုန်းအမြုတေကို ရရှိတတ်သည်။ ဒေသခံများက ခရုအုန်းပုလဲဟုခေါ်ကြသည်။ ပုလဲပုံသဏ္ဌာန်မှာ လုံးဝန်းသည့် သဏ္ဌာန်နှင့် ကြက်ဥပုံသဏ္ဌာန် အတွေ့ရများသည်။ အရွယ်အစားအမျိုးမျိုး တွေ့ရတတ်သည်။ အထူးသဖြင့် မုတ်ကောင်မှရသည့် သဘာဝပုလဲ၏ အရွယ်အစားဖြင့် ရရှိလေ့ရှိသည်။ အရောင်အဆင်းမှာ ဝါကြန့်ကြန့် ရွှေအိုရောင်အဆင်းကဲ့သို့ရှိပြီး ပုလဲမျက်နှာပြင်ပေါ်တွင် သဘာဝအလျောက်ဖြစ်ပေါ်နေသည့် အစင်းများ၊ အရစ်များ ပုံသဏ္ဌာန် အမျိုးမျိုး ကျစ်လျစ်သိပ်သည်းစွာ ဖြစ်တည်နေလေ့ရှိသည်။
ခရုအုန်းပုလဲကို ခရုအုန်းအကောင်တိုင်းတွင် တွေ့ရလေ့မရှိဘဲ တစ်ခါတစ်ရံမှသာ ရရှိတတ်သည့် ရှားပါးစာရင်းဝင် ရတနာတစ်ပါးဖြစ်ရာ အရောင်အသွေးနှင့် အလေးချိန်ကိုလိုက်၍ ငွေကြေး တတ်နိုင်သူများ သိန်းရာချီပေးဝယ်ယူတတ်ကြသည်။
အရှေ့အလယ်ပိုင်းဒေသများမှ သူဌေးသူကြွယ်များ၊ ဥရောပနှင့် အမေရိကမှ ရတနာကုန်သည်များ စျေးကြီးပေးဝယ်တတ်ကြသည်။ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ဂုဏ်သရေရှိ သူဌေးသူကြွယ်များ အဆောင်လက်စွပ်အဖြစ် ဆင်မြန်းလေ့ရှိကြောင်း သိရပါသည်။
ပင်လယ်ပြာ(ငါးဦးစီး)
Ref:- Wikipedia.
-ဆရာစိုင်းခမ်းညို၏”ခရုအုန်းအမြုတေ”ဆောင်းပါး.
ဆက်စပ်မေးခွန်းများ
မင်းဧရာ ဆရာ/ရေအစိုဓါတ်အနေအထားဘယ်လောက်ပေးဖို့လိုလဲဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
တစ်ပင်းလုံးညိုးခြောက်သေဆုံးရပါသလဲ တစ်ပင်ပြီးတစ်ကူးစပ်သကဲ့သို့ သေဆုံးလျက်ရှိပါတယ် ဘယ်လိုဆေးမျိုးသုံးရမလဲ
Cybergreen • ဖြေကြားချက် 2 ခု
ပဲးခူအနောက်ခြမ်း မာ မိုးစပါ ရိတ်ခြွေစက် ခ ဘဟ်လောက်ရှိလည်းဗျိုု့ ရိပ်ပြီသား လူတေရှိရင်အော်ခဲ့ ပါအုန်း ဘယ်နယ်မာ ဘယ်စျေးနဲ့ ရိတ်ပါတယ် ဆိုတာလေး လည်း ပြေားခဲ့ ပါအုန်းနော် မင်းလှပိုင် စစ်ကွင်းမာတော့ ၁ဧက ၂သိန်း စျေးနဲ့ ယူနေကြတယ် ဗျို့ စပါးကလည်း မြတ်တေမနိုင် စပါးကမထွက်
ကိုကို • ဖြေကြားချက် 1 ခု
ဆရာရေ စပါးခင်းမှာ လောင်မီးပိုး ကျနေလို့ ဘာဆေးဖျန်းရမလဲခင်မျာ အပင်သက်တမ်းက ရက်၉၀ ရှိပါပြီ ဆေးဖျန်းရင် အပင်လောင်မှာလည်း စိုးလို့ပါ
U Thu • ဖြေကြားချက် 1 ခု
ဆရာ အခုရက်ပိုင်းမိုင်းကလဲကောင်း ခရမ်းချဥ်ကလဲရောဂါကင်း မှိုရောဂါမဝင်အောင် ဒီဂရန်း 600 နဲ့ မင်းသားအတွဲ နှစ်မျိုးရောဖျန်းလို့ရပီလားဆရာ ဒီနှစ်တော့ မန်ကိုဇက် တစ်ကြိမ်ပဲ ဝင်ရသေးတယ်ဆရာ မနှစ်ကတုန်းကတော့ အဲ့ နှစ်မျိုးရောဖျန်းတာ အပင်လဲ စိမ်းစိုပီးတက်လာတယ် အပွင့်လဲ လိုက်လာတယ်ဆရာ ဆရာဖျန်းခိုင်းမှဖျန်းမှာပါဆရာ ဆေးကတော့ ကြိုက်လို့ ကြိုဝယ်ထားပါတယ်ဆရာ
U Yan • ဖြေကြားချက် 3 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....