ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

16/02/2018 13:32 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁၂..၂၀၁၈မွ၁၆..၂၀၁၈)ထိ

ဒီတစ်ပတ်မှာ အရောင်းအဝယ်ကောင်းတဲ့အတွက် ဆန်ချောရောဆန်ကြမ်းပါစျေးတက်လာခဲ့ပါတယ်မတ်ပဲနဲ့ပဲစင်းငုံနီကတော့ စျေးတက်နေတာနှစ်ပတ်ဆက်တိုက်ရှိနေပါပြီး။

ဆန်

ပြီးခဲ့တဲ့အပတ်က ပုသိမ်စျေးကွက်မှာ ဆန်ကြမ်းရော ဆန်ချောစျေးတွေတက်လာခဲ့ပေမယ့် ဒိတစ်ပတ်မှာတော့ ပုသိမ်စျေးကွက်မှာစျေးငြိမ်နေပါတယ်။ ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်စျေးကွက်မှာတော့ ဆန်ပုံမှန်ဝင်နေပြီး အရောင်းအဝယ်ကောင်းတဲ့အတွက် စျေးကတက်လာပါတယ်။ ရွှေဘိုပေါ်ဆန်းသစ်က တစ်အိတ်ကို ၆၀၀၀အထိအမြင့်ဆုံးစျေးတက်ခဲ့ပြီး အနိမ့်ဆုံးစျေးကတစ်အိတ် ကို၅၀၀၀၀ ကနေ၅၂၀၀၀ပေါက်စျေးရှိပါတယ်။ ပေါ်ဆန်းမွှေးသစ်ကတော့ တစ်အိတ်ကို ၂၀၀၀တက်သွားပြီး တစ်အိတ်ကို ၃၁၀၀၀ကနေ၃၄၀၀၀ ပေါက်စျေးရှိပါတယ်။ ဆန်ကြမ်းအမျိုးအစားတွေဖြစ်တဲ့ မြီးဒုံး၊နွေသီးထပ်ဆန်၊ဧည့်မထဆန်၂၅%၊ကြမ်းသစ်ရှယ်နဲ့ ရက်၉၀သစ်ရှယ်တို့ကလည်းတစ်အိတ်ကို ၂၀၅၀၀ကနေ၃၄၀၀၀  အထိပေါက်စျေးရှိပြီး တစ်အိတ်ကိုအနိမ့်ဆုံး ၅၀၀ကနေအမြင့်ဆုံး ၂၀၀၀အထိစျေးတက်လာပါတယ်။ ပုသိမ်စျေးကွက်မှာတော့ ဧရာဝတီပေါ်ဆန်းစပါးကတင်း၁၀၀ကို ၈၇၆၁၉၀၊ပေါ်ဆန်းရင်ကရ၈၈၅၇၁၊ ဖျာပုံပေါ်ဆန်းက ၈၁၃၈၄၆၊ မနောသုခက ၅၃၃၆၀၀၊ မီးကောက်က၅၉၈၀၀၀၊နဲ့သီးထပ်ရင်ကတော့ ၅၇၉၆၀၀ရှိပြးြပြီးခဲ့တဲ့အပတ်ကအတိုင်း စျေးငြိမ်နေခဲ့ပါတယ်။

မတ္ပဲ(FAQ/RC)

ပြီးခဲ့တဲ့အပတ်က အတက်အကျအနည်းငယ်ဖြစ်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ စျေးတက်လာခဲ့ပါတယ်။ လက်ရှိမှာ အဟောင်းစျေးထက်အသစ်စျေးတွေက အမြင့်စျေးရရှိနေပါတယ်။တောင်သူတွေလက်ထဲမှာတော့မတ်ပဲအဟောင်းရောအသစ်ပါမရှိတော့တဲ့အနေအထားမှာလည်းရှိနေပါတယ်။ ရန်ကုန်ဝယ်လက်တွေက အဝယ်များတဲ့အတွက်ကြောင့် နယ်ကုန်စည်ဒိုင်အချို့မှာလည်း အတက်စျေးနဲ့ရှိနေပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ မြန်မာမတ်ပဲFAQ ရောင်းစျေးက ၄၆၅ဒေါ်လာရှိပြီးပြီးခဲ့တဲ့အပတ်ထက် ဒေါ်လာ၁၅၀လောက်စျေးတက်ခဲ့ပါတယ်။ လက်ရှိအချိန်အထိမြန်မာမတ်ပဲ ပဲစျေးကွက်အတွင်းစျေးနှုန်းနည်းနေတဲ့အတွက် အိန္ဒိယကုန်သည်တွေ မြန်မာမတ်ပဲကိုသာအဝယ်လိုက်နေကြပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ မတ်ပဲကတစ်တန်ကို ၅၆၀၀၀၀ရှိပြီး တစ်တန်ကို၁၅၀၀၀လောက်စျေးတက်လာခဲ့ပါတယ်။ မုံရွာစျေးကွက်မှာတော့ တစ်တင်းကို ၁၇၂၀၀ရှိပြီး၂၀၀စျေးတက်လာပါတယ်။ ပြည်စျေးကွက်မှာတော့ တစ်တင်းကို ၁၈၃၀၀နဲ့စျေးအပြောင်းအလဲမရှိပေမယ့် နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၅၃၀၀ရှိပြီး ၇၀၀လောက်စျေးကျဆင်းသွားခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်နဲ့ဆိုစျေးတက်လာကာ တတိယအပတ်မြောက်ရှိလာပြီ။ ပြည်တွင်းထက် ပြည်ပအဝယ်လိုက်တဲ့အတွက်ကြောင့် စျေးကတက်လာတာလည်းဖြစ်ပါတယ်။ အိန္ဒိယအစိုးရကပဲစင်းငုံနီတွေကို  လက်ရှိအချိန်အထိဝယ်ယူပေးနေတဲ့အတွက် ပဲစင်းငုံကတော့ လက်ရှိပေါက်စျေးထက် ထပ်ပြီးကျဆင်းနိုင်ဖွယ်နည်းတယ်လို့Agriwatch ကတော့သုံးသပ်ပေးထားပါတယ်။ အိန္ဒိယမှာမြန်မာပဲစင်းငုံပေါက်စျေးက ပြီးခဲ့တဲ့အပတ်နဲ့စျေးကွာခြားမှုမရှိပေမယ့် အိန္ဒိယပေါက်စျေးထက် လျော့နည်းနေလို့အဝယ်တွေကတော့များဆဲအခြေအနေမှာရှိနေပါတယ်။ ရန်ကုန်စျေးကွက်မှာတော့ ပဲစင်းငုံပေါက်စျေးကတစ်တန်ကို ၄၇၀၀၀၀အထိအမြင့်ဆုံးစျေးရရှိနေပြီး တစ်ပတ်အတွင်း တစ်တန်ကို ၃၀၀၀၀နီးပါးစျေးတက်လာခဲ့ပါတယ်။ မုံရွာစျေးကွက်မှာတော့ တစ်တင်းကို ၁၄၀၀၀ကျပ်ရှိပြီးတစ်တင်းကို၅၀၀ကျပ် စျေးတက်လာပါတယ်။ပည်ကုန်စည်ဒိုင်မှာလည်းတစ်တင်းကို၁၄၀၀၀ပေါက်စျေးရှိပြီးတစ်တင်းကို၁၃၀၀စျေးတက်လာပါတယ်။ကျန်ကုန်စည်ဒိုင်တွေမှာတော့တစ်တန်ကို၁၂၅၀၀ကျော်ရှိပြီးစျေးအပြောင်းအလဲမရှိပါဘူး.

ၾကက္သြန္နီ

ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာထပ်ပြီးစျေးကကျဆင်းသွားခဲ့ပါတယ်။ အရည်အသွေးအလိုက်စျေးကောင်းရနေပေမယ့် ပစ္စည်းအဝင်များတဲ့အတွက် စျေးကကျဆင်းသွားပါတယ်။ပြီးခဲ့တဲ့အပတ်ကနေပြည်တော်ကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၄၀၀လောက်အထိ စျေးကျဆင်းသွားခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်ပိဿာကို ၁၆၀၀ကနေ ၂၀၀၀ပေါက်စျေးရှိပြီး တစ်ပိဿာကို၄၀၀လောက်စျေးတက်လာခဲ့ပါတယ်။ ကြက်သွန်အဓိကထွက်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၈၅၀ကနေ၁၅၅၀ ပေါက်စျေးရှိပြီး တစ်ပိဿာကို ၂၅၀လောက်စျေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း ၁၂၀၀ကနေ ၁၇၅၀ပေါက်စျေးရှိကာတစ်ပိဿာကို၁၀၀ကျော်စျေးကျဆင်းသွားပါတယ်။

စားအုန်းဆီ

အကျစျေးနဲ့ရှိနေတဲ့စားအုန်းဆီက ဒီတစ်ပတ်မှာတော့ မုံရွာကုန်စည်ဒိုင်မှာစျေးတက်လာခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ ရင်းဂစ်တန်ဖိုးတက်လာတာနဲ့အမျှဝယ်လိုအားကျဆင်းသွားပြိး စျေးကကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။မုံရွာကုန်စည်ဒိုင်မှာ တစ်ပိဿာကို၅ကျပ်စျေးတက်ခဲ့ပြီး တစ်ပိဿာကို၁၇၀၀ရှိပါတယ်။ မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာလည်း တစ်ပိဿာကို ၁၇၀၀နဲ့၂၀ကျပ်စျေးတက်လာခဲ့ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ၁၇၃၅ကျပ်၊နေပြည်တော်ကုန်စည်ဒိုင်မှာ၁၈၀၀ကျပ်၊ပခုက္ကူကုန်စည်ဒိုင်မှာ၁၇၃၀ကျပ်နဲ့ပြည်ကုန်စည်ဒိုင်မှာတော့ ၁၆၆၀ရှိပြီး ၁၀ကျပ်စျေးကျဆင်းသွားပါတယ်။

မဝတ်ရည်မွန်(AMIA)


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်