မတ်ပဲ၊ ပဲစဥ်းငုံ စျေးတန်းအေးပြီး ပဲတီစိမ်းနဲ့ ကြက်သွန်နီဈေး အတက်ပြလာ...

01/04/2025 10:24 AM တွင် AMIA AMIA မှ ရေးသား

မတ်ပဲ

မတ်ပဲကတော့ မတ်လရဲ့နောက်ဆုံးပတ်မှာ တစ်တန်ကို  စျေးအနည်းငယ် အတက်အကျရှိခဲ့ပါတယ်။ တစ်တန်ကို အများဆုံး ၉၅၀၀ ကျပ်လောက်သာ အကျရှိခဲ့တာဖြစ်ပါတယ်။ မတ်ပဲကို အိန္ဒိယအစိုးရက အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ပြုလိုက်ပေမယ့်လည်း  စျေးကွက်က တက်မလာဘဲ   သိန်း ၃၀ တပတ်လည်ဝန်းကျင်မှာသာအတက်အကျဖြစ်ပေါ်နေတာတွေ့ရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေက မတ်ပဲ (FAQ )တစ်တန်ကို ၂၉၉၉၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၂၉၉၂၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၉၅၀၀၀ ကျပ်နဲ့ သောကြာနေ့မှာ ၃၀၀၈၀၀၀ ကျပ်ရှိပါတယ်။

ပဲစဉ်းငုံ

ပဲစဥ်းငုံကလည်း မတ်လ နောက်ဆုံးပတ်မှာ ရုံးဖွင့်တဲ့ပထမ သုံးရက်က စျေးတန်းကျရိပ်ပြပြီး နောက်ဆုံးရက်မှာတော့ စျေးတန်းအနည်းငယ်ပြန်တက်လာတာတွေ့ရပါတယ်။ စျေးတန်းက ပြန်တက်လာတယ်ဆိုပေမယ့်လည်း  သိန်း ၃၀ စျေးတန်း အထိမြင့်တက်လာခြင်းမရှိသေးပါဘူ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၉၇၀၀၀၀ နဲ့ အင်္ဂါနေ့က  ပဲစဉ်းငုံနီ တစ်တန်ကို ၂၉၆၀၀၀၀ကျပ်၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၆၃၀၀၀ သောကြာအထိ မှာ ၂၉၉၅၀၀၀  ကျပ်ရှိပါတယ်။

ပဲတီစိမ်း 

ပဲတီစိမ်းစျေးကွက်မှာ စျေးတန်းမြင့်တက်လာပြီး  ဝါးခယ်မ ပဲတီစိမ်းကတော့  စျေးတန်းအမြင့်ဆုံးမှာရှိနေပါတယ်။ အရင်နှစ်တုန်းက ပဲတီစိမ်းခရမ်းရွှေဝါက အမြင့်ဆုံးစျေးရှိပေမယ့် ခုနှစ်မှာ ဝါးခယ်မက စျေးကွက်အမြင့်ဆုံးဖြစ်နေတာပါ။ ပဲတီစိမ်းကို တရုတ်ကဝယ်လိုအားရှိတာကြောင့် ဈေးကွက်ကောင်းပြီး ရောင်းလိုအားများနေတာဖြစ် ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၆၆၅ ကျပ်နဲ့ဈေးငြိမ်နေပြီး  ပဲတီစိမ်း အညာက ၅၃၃၀ ကျပ်မှ ၅၃၅၀ ကျပ်၊ ပဲတီစိမ်း ဝါးခယ်မက  ၅၄၁၅ မှ ၅၄၃၅ ကျပ်ရှိပါတယ်။ ပဲတီစိမ်းမျိုးစုံ စျေးတက်လာတာဖြစ်ပြီး တစ်ပိဿာကို ၁၆၅ ကျပ်မြင့်လာတာဖြစ်ပါတယ်။

နယ်စျေးကွက်မှာက ပဲတီစိမ်းဝါးခယ်မ ပိဿာ ၂၀ တစ်တင်းကို ၁၅၀၀၀၀ ကျပ်အထိရှိနေပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီက နွေကြက်သွန်အသစ်တွေ စျေးကွက်ထဲဝင်ရောက်နေပေမယ့် သင်္ကြန်ကာလ နီးလာပြီဖြစ်လို့  ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ကားအဝင်များနေပေမယ့်  ဈေးတက်ရိပ်ပြလာပါတယ်။

အခါကြီးရက်ကြီးနားနီးတာကြောင့် အရောင်းအဝယ်လည်းသွက်နေပါတယ်။ လှောင်လက်သမားတွေလည်းအဝယ်ရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်မှာ ဆိပ်ဖြူနဲ့တောင်တွင်း ကြက်သွန်နှစ်မျိုးသာစျေးတန်းဖွင့်ထားပါတယ်။ ဆိပ်ဖြူကြက်သွန်က ၁၂၀၀ မှ ၂၀၀၀ ကျပ်ရှိပြီး တောင်တွင်း ကြက်သွန်က ၁၁၅၀ မှ ၁၈၀၀  ကျပ်ရှိတယ်လို့သိရပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်