ပဲမျိုးစုံဈေးကွက် သုံးသပ်ချက် (၂၉.၁.၂၀၂၃ - ၂.၂.၂၀၂၄) အထိ

02/02/2024 15:00 PM တွင် AMIA AMIA မှ ရေးသား

ဇန်နဝါရီလ နောက်ဆုံးအပတ်ရဲ့ ၂၉ ရက်နဲ့ ဖေဖော်ဝါရီလအစ ( ၂၉.၁.၂၀၂၄ မှ ၂.၂.၂၀၂၄)  ရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ကြီးတွေဖြစ်တဲ့ မန္တလေးနဲ့ရန်ကုန်စျေးကွက်မှာ အရောင်းအဝယ် ဖြစ်ခဲ့တဲ့ စျေးနှုန်းတွေဖြစ်ပါတယ်။

ပြောင်း စျေး တက်ရိပ်ပြလာပြီး  မတ်ပဲက စံချိန်တင်မြင့်တက်လာပါတယ်။ ပဲစဥ်းငုံကတော့ စျေးပြောင်းအလဲသိပ်မရှိပါဘူး။ ပဲတီစိမ်းကတက်လာပြီး ကုလားပဲက စျေးထပ်ကျပါတယ်။

မတ်ပဲ 

မတ်ပဲက ဒီတစ်ပတ်မှာလည်း   စျေးနူန်းဆက်တိုက်တက်လာပြီး စံချိန်တင်ဈေးနှုန်းအထိ‌ရောက် လာပါတယ်။ အိန္ဒိယဘက်ကအဝယ်ရှိ​နေတာကြောင့်  မတ်ပဲစျေးက ဆက်တိုက်တက်နေတာမှန်ပေမယ့် စျေးက တစ်ရက်ထဲမှာပဲ အကြိမ်ကြိမ်ပြောင်းလဲနေတယ်လို့သိရပါတယ်။

  • ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ မတ်ပဲ FAQ တစ်တန်ကို သိန်း ၃၂၇၀၀၀၀ ကျပ် စျေးရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ကျပ် ၁၀၅၀၀၀  စျေးတက်လာပါတယ်။
  • မန္တလေးစျေးကွက်မှာလည်း   ပိဿာ ၆၀ ကို  အမြင့်ဆုံး ၃၀၀၀၀၀ မှ ၃၁၀၀၀၀  ကျပ်ရှိ ပြီး   ပြီးခဲ့တဲ့ အပတ်ကထက် ၁၀၀၀၀ မှ ၁၄၀၀၀ ကျပ် တက်လာပါတယ်။

ပြီးခဲ့တဲ့အပတ်က ဟင်္သာတကုန်စည်ဒိုင်မှာ ပိဿာ ၂၀ ကို ၉၈၅၀၀ ကျပ်၊ ပဲခူးတိုင်းလက်ပံတန်းမှာ  မတ်ပဲပိဿာ ၂၀ ကို ၁၀၀၀၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ  ၉၈၂၀၀ ကျပ်ရှိရာကနေ ကုန်စည်ဒိုင်အသီးသီးမှာ ပိဿာ ၂၀ တစ်တင်းကို ၁၀၅၅၀၀ ကျပ်မှ ၁၀၆၀၀၀ ကျပ်အထိရှိလာပြီး တစ်တင်းကို ၈၀၀၀နီးပါးဈေးမြင့်တက်လာပါတယ်။

ပဲစဥ်းငုံနီ

ပဲစဥ်းငုံနီကတော့  ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ကျရိပ်ပြပြီး မန္တလေးမှာတော့ အတက်အကျ အပြောင်းအလဲ အနည်းငယ်ရှိပေမယ့် ဈေးကတော့ ငြိမ်နေပါတယ်။

အိန္ဒိယဘက်က ပဲစဥ်းငုံနီလိုအပ်ချက်မြင့်နေတာကြောင့် ဝယ်လိုအားကောင်းတဲ့အတွက်စျေးက အကျဘက်ကို ဆင်းသွားတာမရှိပေမယ့် ထပ်တက်လာတာမျိုးလည်း မရှိပါဘူး။ 

  • ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပဲစဥ်းငုံနီ တစ်တန်ကို ၃၈၃၁၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၆၅၀၀  လောက် ကျရိပ်ပြလာပါတယ်။
  • မန္တလေးစျေးကွက်မှာတော့ ပဲစဥ်းငုံနီ တစ်အိတ်ကို ၃၆၅၀၀၀ မှ ၃၆၈၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ်က ပေါက်ဈေးအတိုင်း ဈေးငြိမ်နေပါတယ်။

ပြောင်းဆံ

ပြောင်းဆံကတော့ မန္တလေးနဲ့  ရန်ကုန်စျေးကွက်မှာပါ  စျေးတက်လာပေမယ့်  အရောင်းအဝယ်အေး နေပါတယ်။

  • ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပြီးခဲ့တဲ့အပတ်က ပြောင်းဆံတစ်ပိဿာကို ၁၁၃၀ မှ ၁၁၅၀ ကျပ်ရှိပြီး   ခုတပတ်မှာတော့ တစ်ပိဿာကို ၁၁၄၀ မှ ၁၁၆၀ ကျပ်အထိ ပြန်ဖြစ်လာလို့  တစ်ပိဿာကို ၁၀ ကျပ် အတက်ပြ လာပါတယ်။
  • မန္တလေးစျေးကွက်မှာလည်း   ပြောင်း (cp) ၅၄ ပိဿာဝင် တစ်အိတ်ကို ၅၅၀၀၀ မှ ၅၆၀၀၀  ကျပ်၊   ပြောင်း (ဗမာ) က ၅၄၀၀၀ မှ ၅၅၀၀၀  ကျပ်၊ပြောင်း (ရှမ်း)က  ၅၅၀၀၀ မှ ၅၆၀၀၀  ကျပ်ပေါက်လို့ တစ်အိတ်ကို ၁၀၀၀ ကျပ်စီပြန်တက်လာပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဈေးတွေ ဆက်တိုက်မြင့်တက်လာပါတယ်။ ပဲတီစိမ်းအသစ်တွေ ရိတ်သိမ်းချိန်ရောက်တာကြောင့် ပဲအသစ်တွေကို တရုတ်က ဝယ်လိုအားရှိတဲ့အတွက် စျေးနှုန်းတွေ တက်လာနေတာဖြစ်ပါတယ်။

  • ရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၄၄၁၅ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၂၅၀ ကျပ် ၊ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၄၁၅ မှ  ၃၈၃၅ ကျပ် ရှိပြီး တစ်ပိဿာကို ၃၃၀ ကျပ်မှ ၅၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။
  • မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း ၁၆၀၀၀၀ မှ ၂၀၀၀၀၀ သိန်း ကျပ်စျေးပေါက်ပြီး ပြီးခဲ့တဲ့အပတ်က ထက် ၄၀၀၀ ကျပ်တက်လာပါတယ်။ 

ကုလားပဲ

ကုလားပဲကလည်း  ရန်ကုန်စျေးကွက်နဲ့  မန္တလေးကုန်စည်စျေးကွက်မှာပါ  စျေးဆက်တိုက် ကျဆင်းလာပါတယ်။

ကုလားပဲက အသစ်ပေါ်ချိန်နီးလာတာကြောင့် စျေးက အတက်အကျ တည်ငြိမ်မှုမရှိပဲနဲ့  အကျဘက် ရောက်လာတာဖြစ်ပါတယ် ။

  • ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ  ကုလားပဲဖြူလုံး တစ်ပိဿာကို ၄၇၅၀ မှ ၄၈၃၅ ကျပ်၊  ကုလားပဲဖြူလုံးကြီးကလည်း တစ်ပိဿာကို ၄၉၁၅ မှ ၅၀၀၀  ကျပ် စျေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်မှ ၂၅၀ ကျပ်  စျေးကျဆင်းသွားပါတယ် ။ 
  • မန္တလေးစျေးကွက်မှာလည်း  ကုလားပဲ v2 က ၃၀၅၀၀၀ ကျပ်   ကျပ်ရှိပြီး ၅၀၀၀ ကျပ်၊ ကုလားပဲ v7က ၃၀၈၀၀၀ ကျပ်ပေါက်ဈေးရှိပြီး  ၅၀၀၀ ကျပ်ကျဆင်းပါတယ်။  ကုလားပဲ 929 ကလည်း ၂၈၄၀၀၀ မှ ၂၈၇၀၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။  

(AMIA က ပေးပို့လာသည့်အတိုင်း ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်