စပါးဈေးတွေကျလာပြီး ပြောင်း၊ မတ်ပဲ၊ ပဲစဉ်းငုံတို့ စျေးတက် (၂၀ -၂၄. ၁.၂၀၂၅အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်)

27/01/2025 11:40 AM တွင် AMIA AMIA မှ ရေးသား

ဒီတစ်ပတ်မှာတော့  ပြောင်း၊ မတ်ပဲ၊ ပဲစဥ်းငုံ စျေးတက်လာပြီး စပါးစျေးကွက်နဲ့ ပဲပုပ်စျေးကျပါတယ်။

စပါး

စပါးစျေးကွက်ကတော့ စျေးတန်းကျဆင်းနေတဲ့အပြင် ကုန်သည်တွေက စပါး အဝယ်တွေ ရပ်ထားကြပါတယ်။ ပြည်ပတင်ပို့နေတဲ့ ဆန်တွေစျေးကျလာတာကြောင့် ကုန်သည်တွေက ဆန်အဝယ်ရပ်လိုက်တဲ့အတွက် ကုန်သည်ကြီးတွေ၊ ဆန်စက်ပိုင်တွေကလည်း စပါးဝယ်ယူမှုကို ရပ်နားမှုရှိနေတာဖြစ်ပါတယ်။

အရင်က စပါးတင်းတစ်ရာကို ၂၃ သိန်းကျပ်နှုန်း ရရှိတဲ့စပါးတွေက လက်ရှိမှာ သိန်း၂၀အောက်ထိစျေး ကျနေတာဖြစ်ပါတယ်။ 

စလင်းနဲ့ကုန်းဇောင်းကထွက်တဲ့ ဧရာပဒေသာ စပါးအဟောင်းတွေဆိုရင်လည်း ၃၂ သိန်းကနေ ၃၅ သိန်း ကျပ်သာရှိပါတယ်။ ဧရာဝတီပေါ်ဆန်းအသစ်တွေလည်း ၂၇ သိန်းကျပ်ဝန်းကျင်သာရှိနေပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာ အကျရပ်သွားပြီး စျေးတန်းအတက်ပြလာတာတွေ့ရပါတယ်။ အိန္ဒိယက အဝယ်အေးပေမယ့်လည်း ရန်ကုန်လှောင်သမားတွေအဝယ်ရှိသလို နယ်လှောင်လက်သမားတွေဝယ်ယူခြင်း၊ ပဲခွက်စက်တွေဝယ်ယူမှုရှိတာကြောင့်စျေးတန်းပြန်မာလာတဲ့အခြေအနေရှိပါတယ်။

မတ်ပဲအသစ်တွေကတော့မန္တလေးကုန်စည်ဒိုင်၊ ပြည်၊ အောင်လံ၊ ဟင်္သာတကုန်စည်ဒိုင်တွေကို ဝင်ရောက်မှုရှိနေပါတယ်။

ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၂၉၇၇၀၀၀ ကျပ်သာရှိပြီး သောကြာနေ့မှာ ၃၀၈၂၀၀၀ ကျပ်ရှိပါတယ်။ တစ်ပတ်အတွင်း ၁ သိန်းကျော်လောက် တက်လာပါတယ်။

မန္တလေးစျေးကွက်မှာလည်း စျေးတက်လာပါတယ်။  မတ်ပဲ ပိဿာ ၆၀  အသစ်က ၂၇၅၀၀၀ မှ  ၂၈၅၀၀၀ ကျပ်ရှိပြီး ၁၀၀၀၀ မှ ၂၀၀၀၀ ကျပ်လောက်တက်ပါတယ်။

ပဲစဥ်းငုံ

စျေးဆက်တိုက်ကျခဲ့တဲ့ ပဲစဥ်းငုံကလည်း ဒီတစ်ပတ်မှာတော့ အကျရပ်သွားပြီးစျေးပြန် တက်လာပါတယ်။ မြန်မာပဲစဥ်းငုံများ အိန္ဒိယနိုင်ငံကိုအခွန်ကင်းလွတ်ခွင့်နဲ့ လွတ်လပ်စွာတင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ်မတ်လ ၃၁ ရက်အထိ အိန္ဒိယက သက်တမ်းထပ်တိုးခွင့်ပြုလိုက်ပြီးနောက်မှာ ပဲစဥ်းငုံစျေးခု လိုပြန်တက်လာတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ တနင်္လာနေ့က  ပဲစဥ်းငုံနီ တစ်တန် ကို  ၂၈၈၀၀၀၀ ကျပ်သာရှိပြီး သောကြာနေ့ မှာ ၃၀၃၀၀၀၀ ကျပ်ရှိတာကြောင့် တစ်ပတ်အတွင်းမှာ ၁၅၀၀၀၀ လောက်အတက်ပြခဲ့ပါတယ်။

မန္တလေးစျေးကွက်မှာလည်း ပဲစဥ်းငုံနီ  ပိဿာ ၆၀ တစ်အိတ်ကို ၂၈၅၀၀၀ မှ ၂၈၈၀၀၀ကျပ်ရှိပြီး အရင်အပတ်ကထက် ၁၀၀၀၀ မှ ၁၄၀၀၀ ကျပ်တက်လာပါတယ်။

ပြောင်း

အရင်အပတ်က ကျရိပ်ပြခဲ့တဲ့ ပြောင်းကလည်း  ဒီတစ်ပတ်မှာ စျေးတက်လာပါတယ်။ ပြောင်းဆံကို ပြည်ပဝယ်လိုအားရှိလို့ စျေးတက်လာတာဖြစ်ပါတယ်။ ပြည်ပတင်ပို့မှုအတွက် အရည်အသွေးကောင်းတဲ့ ပြောင်းဆံတွေက စျေးကောင်းရနေတာဖြစ်ပါတယ်။

ဒီတစ်ပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၆၇၀ မှ ၁၆၉၀ ကျပ်အထိရှိလာပါတယ်။ အရင်အပတ်ကထက် တစ်ပိဿာ ကို ၃၀ ကျပ်တက်လာပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း စျေးတက်ပါတယ်။ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၂၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၃၀၀၀ မှ ၈၄၀၀၀ ကျပ် စျေးရှိပြီး  အရင်အပတ်ကထက် ၂၀၀၀ မှ ၃၀၀၀ ကျပ်တက်လာပါတယ်။ 

ပဲပုပ်

ပဲပုပ်( မြန်မာ)ကစျေးကျသွားပြီး ပဲပုပ်(ရှမ်း)ကစျေးငြိမ်နေပါတယ်။ ပဲပုပါ(မြန်မာ)က ကုန်စည်ဒိုင်တွေကို ဆောင်းပဲအသစ်တွေ ဝင်ရောက်မှုရှိခြင်းကြောင့် စျေးကျနေတာဖြစ်ပါတယ်။ ပဲပုပ်(ရှမ်း) ကတော့ စျေးကွက်အတွင်းကို ပဲအသစ်မဝင်သေးခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်း၊ လက်ကျန်နည်းခြင်းကြောင့် စျေးငြိမ်နေတာပါ။

မန္တလေးကုန်စည်ဒိုင်မှာ ပဲပုပ်(မြန်မာ) သုံးတင်းတစ်အိတ်ကို ၃၁၅၀၀၀ ကျပ်သာရှိလို့ အရင်အပတ်ကထက် ၈၅၀၀၀ ကျသွားပါတယ်။ပဲပုပ်(ရှမ်း)ကတော့  ၃၂၀၀၀၀ မှ ၃၃၀၀၀၀ နဲ့စျေးငြိမ်နေပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်