ဈေးဆက်တိုက်မြင့်နေတဲ့ မတ်ပဲနဲ့ပဲတီစိမ်း (တစ်ပတ်စာဈေးကွက် သုံးသပ်ချက်)

14/06/2024 10:00 AM တွင် AMIA AMIA မှ ရေးသား

မတ်ပဲ

မတ်ပဲက ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်လိုက်ရင် ဈေး မြင့်တက်လာပါတယ်။ ဈေးကွက်အတွင်း အိန္ဒိယဝယ်လိုအားကလည်းရှိနေပြီး ဈေးကွက် အဝင် နဲ့ စားသုံးသူအဝယ် လိုအပ်ချက်တွေ များနေတာကြောင့်‌ ဈေးတွေ မြင့်တက်လာတာလို့သိရပါတယ်။ ပြည်တွင်း ဈေးကွက်အတွင်းမှာလည်း ငွေကြေးဈေးအခြေအနေကြောင့် ပစ္စည်းတွေကို လှောင်ထားဆဲ အခြေအနေမှာပဲ ရှိတယ်လို့ ကုန်သည်အချို့ ထံကနေ သိရပါတယ်။

အိန္ဒိယရဲ့ ပဲလိုအပ်ချက်တွေကြောင့်လည်း  ဈေးကွက်အခြေအနေကမာနေပြီး အများကြီးကျဆင်းသွားဖို့ရာ လက်တလော မရှိသေးဘူးလို့ လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ဒါပေမယ့် အိန္ဒိယနိုင်ငံ တတိယအကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်မယ့် ဝန်ကြီးချုပ်မိုဒီဟာ အစိုးရသစ်ရဲ့ ပထမဆုံး ရက် ၁၀၀ စီမံကိန်းမှာ ပဲမျိုးစုံ တင်သွင်းမှုကို လျှော့ချမယ့် အစီအစဉ်လည်း ပါဝင်နေပါဝင်နေပါတယ်။

ပြည်တွင်း မှာ ဈေးမြင့်တက်နေပေမယ့် အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၉၁၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်ယှဉ်ရင် တစ်တန်ကို ၅၀ ရူပီး ဈေးကျဆင်းသွားပါတယ်။ 

 ပြီးခဲ့တဲ့ အပတ်က သောကြာနေ့ ရန်ကုန်ဈေးကွက်မှာတော့  မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၄၀၂၀၀၀ ရှိခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ တစ်တန်ကို ၃၄၂၆၀၀၀ကျပ်၊ အင်္ဂါနေ့မှာ တစ်တန်ကို ၃၄၃၉၀၀၀ ကျပ်၊ ဗုဒ္ဓဟူးနေ့ နဲ့ ကြာသပတေးနေမှာ တော့ တစ်တန်ကို ၃၄၅၀၀၀၀ ပေါက်ဈေးရှိနေပြီး  ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၄ သောင်းလောက် ဈေးမြင့်တက်လာပါတယ်။

SQ/RC ကတော့ တစ်တန်ကို    ၃၇၅၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅၈၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၆၆၅  မှ ၅၇၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၁၅ ကျပ်ဈေးမြင့်တက်လာပါတယ်။  မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၁၀၂၅ မှ ၁၀၄၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ၂ ပတ်ဆက်တိုက် ဈေးအပြောင်းအလဲ မရှိပါဘူး။

ပဲတီစိမ်း

ပဲတီစိမ်းကလည်း ဆက်တိုက်ဈေးမြင့်တက်လာခဲ့ပါတယ်။ နယ်ဈေးကွက်တွေမှာတော့ အဝယ် ပုံမှန်ရှိနေတဲ့အတွက် အတက်ဈေးမှာပဲ ရှိနေပြီး ဈေးမာနေတယ်လို့သိရပါတယ်။ လှောင်လက်တွေများလို့ လက်ရှိမှာတော့  ပဲတီစိမ်းက အမြင့်ဈေးမှာပဲ ရှိနိုင်လိမ့်မယ်လို့ ကုန်သည်အချို့က သုံးသပ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၄၁၆၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၁၅ ကျပ်၊ ပဲတီစိမ်း (ပဲခူးရွှေဝါ)က တစ်ပိဿာကို ၄၀၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၁၅ ကျပ်၊ ပဲတီစိမ်းဝါးခယ်မကတော့ တစ်ပိဿာကို ၃၁၆၅ မှ ၄၃၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ် အသီးသီးဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က သုံးတင်းဝင်တစ်အိတ်ကို ၁၉၀၀၀၀ မှ ၁၉၇၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀  ကျပ်ဈေးပြန်တက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ တစ်အိတ်ကို ငွေကျပ် ၂ သိန်းကျော်ထိရှိရမှ ဈေးပြန်ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

ပြောင်းဆံ

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဈေးက ဆက်တိုက် မြင့်တက်လာခဲ့ပြီး နယ်ဈေးကွက်မှာတော့ အနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ အတက်ဈေးနဲ့ အတူ ရောင်းချမှု များလာတဲ့အတွက်ဈေးက ငြိမ်သွားတာ ဖြစ်ပါတယ်။ 

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၄၀၀  မှ ၁၄၂၀ ကျပ်ရှိပြီး တစ်ပိဿာကို ၇၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းတစ်အိတ်ကို ၆၈၀၀၀ မှ ၆၉၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ သောကြာနဲ့နှိုင်းယှဉ်လိုက်ရင်တော့ ဈေးငြိမ်သလို ရှမ်းပြောင်းကတော့  တစ်အိတ်ကို ၆၈၀၀၀ မှ ၆၉၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေး ကျဆင်းသွားသည်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဈေးကွက်ထဲ အဝင်ပုံမှန်ရှိနေပြီး အဝယ်ကလည်း ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ နယ်စုံကနေ အဝင်တွေ ရှိနေတဲ့အတွက် အနည်းငယ် ဈေးကျဆင်းသွားပါတယ်။ နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် ၁၂၀၀၀၀ လောက် အဝင်ရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူက တစ်ပိဿာကို ၁၇၀၀ မှ ၂၂၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ် ဈေးကျဆင်းပါတယ်။ အခြား အမျိုးအစား ဖြစ်တဲ့ မြင်းခြံ၊ တောင်တွင်း၊ မင်းဘူး၊ ရွှေဘို၊ မုံရွာတို့ကလည်း တစ်ပိဿာကို အနိမ့်ဆုံး ဈေး ၁၇၀၀ ကနေ ၂၄၀၀ ကြားရှိနေပါတယ်။

ပခုက္ကူ ဈေးကွက်မှာတော့  တစ်ပိဿာကို ၁၀၀၀ မှ ၁၉၅၀  ပေါက်ဈေးရှိပြီးတစ်ပိဿာကို ၁၀၀  ကျပ်ဈေးကျဆင်းလာပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်