နယ်စပ်ကုန်သည်များမှတဆင့် တင်ပို့ရောင်းချနေသည့် ကြောင်လျှာသီးအစေ့၊ ကြောင်လျှာသီးအခေါက်ဈေးကွက်မှာ အတက်ဘက်သို့ ဦးတည်နေကြောင်း ကုန်သည်များထံမှ သိရသည်။
အခုအချိန်က ပစ္စည်းကမရှိ၊ ပစ္စည်းတဖြည်းဖြည်းကို ရှားလာတော့ ဈေးက ပိုပြီးတက်လာတယ်။ မိုးရာသီဆိုတော့ ကြောင်လျှာသီးအခေါက်က မရနိုင်၊ အစေ့လည်းမရနိုင်တော့ ဈေးက ပိုတက်သွားတာပေါ့။ ဟု မြဝတီမှ နယ်စပ်ကုန်သည် ဦးတင်မျိုးနိုင်က ပြောသည်။
၂၀၂၀ခုနှစ် မတ်လ၊ ဧပြီလ ကာလများက ကြောင်လျှာသီးအစေ့ တစ်ပိဿာလျှင် (၁,၅၀၀) ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့သော်လည်း ယခုအခါ ဈေးနှုန်းများမှာ (၃) ဆခန့် မြင့်တက်နေကြောင်း သိရသည်။
တစ်ပိဿာကို ငါးထောင်၊ ခြောက်ထောင် (၅,၀၀၀/၆,၀၀၀) ကျပ် အထိကို လက်ရှိ ပေါက်ဈေးရှိနေပါတယ်။ ဆေးဘက်ဝင်လို့ ဝယ်ယူနေကြတာပါ။ ကြောင်လျှာသီးကလည်း တရုတ်ဝယ်လက်တွေကပဲ ဝယ်နေတာပါ။ ကြောင်လျှာသီးကို ခွဲလိုက်ရင် အလယ်ခေါင်အထဲမှာရှိတဲ့ ဖြူဖြူလေးကို ဝယ်တာပါ။ ပြည်တွင်းမှာတော့ ကြောင်လျှာသီးကိုလည်း စီးပွားဖြစ်စိုက်သူ မရှိကြသေးပါဘူး။ ကြောင်လျှာပင်ကလည်း စိုက်ပြီးချက်ချင်းကြီး သီးတာမဟုတ်ဘူးလေ။ စိုက်ပြီး နှစ်အတန်ကြာမှ သီးတာကိုး။ အခုကတော့ တောထဲမှာ လိုက်ကောက်ထားတဲ့ အသီး(အစေ့၊ အခေါက်) တွေကို ပြန်ဝယ်ယူရတာပါ။
ဟု ဦးတင်မျိုးနိုင်က ဆက်လက်ပြောသည်။
အဆိုပါ ကြောင်လျှာသီး အစေ့အခေါက်များကို ဆေးဝါးဖော်စပ်ရာတွင် အသုံးပြုပြီး၊ ကြောင်လျှာတောင့် (ကြောင်လျှာသီး) ကို နေလှမ်း၍ အသီးတောင့်အတွင်းရှိ အစေ့၊ အစေ့ခွံတို့ကို ရောင်းဝယ်ကြခြင်းဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more