မတ်ပဲဈေး အတက်မရပ်၊ ပဲစင်းငုံဈေး အကျဘက် (တစ်ပတ်အတွင်း ပဲမျိုးစုံဈေးအတက်အကျများ)

24/06/2022 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

တရိပ်ရိပ်တက်နေတဲ့ မတ်ပဲဈေးဟာ အခုတစ်ပတ်အတွင်း မနေ့ကတစ်ရက်သာ အနည်းငယ်ပြန်ကျခဲ့ပေမယ့် ဒီနေ့မှာတော့ ချက်ချင်းပြန်တက်လာပြီး ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (အက်ဖ်အေကျူ၊အာစီ - ၂၀၂၂) တစ်တန်ကို ၁၆၂၂၀၀၀ ထိ ရောက်သွားပြီဖြစ်ပါတယ်။ မတ်ပဲ (အက်စ်ကျူအာစီ - ၂၀၂၁) ကတော့ တစ်တန်ကို ၁၈၁၂၀၀၀ ဖြစ်သွားပါပြီ။ 

ဒါပေမဲ့ အခုလိုအမြင့်ဈေးနဲ့ ဝယ်ယူရောင်းချမှုတွေရှိတဲ့အတွက် ထိန်းရောင်းဝယ်မှုတွေ ပြုလုပ်နေတယ်လို့တော့ သိရပါတယ်။ 

အိန္ဒိယ ပဲလိုအပ်ချက်တွေ ရှိနေတဲ့အတွက် ပြည်တွင်း ပဲကုန်သည်တွေအနေနဲ့ ဝယ်ယူသိုလှောင်မှုတွေ ရှိနေပြီး  ဈေးတွေတက်လာတာ ဖြစ်ပါတယ်။ ပဲဈေးက ဆက်ပြီးတက်နိုင်ဦးမယ်လို့ ခန့်မှန်းမှုတွေရှိပါတယ်။ ပြီးခဲ့တဲ့နှစ် ကာလတူအခြေအနေတုန်းကတော့ တစ်တန်ကို ၁၀ သိန်းကျော်ပေါက်ဈေးရှိခဲ့ပြီး မိုးအကုန်မှာတော့ တစ်တန်ကို ၁၃ သိန်းထိ မြင့်လာဖူးပါတယ်။

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်က ဈေးတက်လာပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးက ပြန်ကျဆင်းသွားပါတယ်။ အဟောင်းလက်ကျန်တွေ ဈေးကွက်ထဲ အရောင်းအဝယ်ရှိနေခဲ့ပြီး ပြည်ပဝယ်ယူမှုကလည်းလျော့နည်းသွားလို့ ဈေးကဆက်တိုက်ပြန်ကျဆင်းသွားတာဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံမှာတော့ ပဲအထွက်နှုန်းလျော့နိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ပဲစင်းငုံနီဈေးက လက်ရှိမှာ ကျဆင်းပေမယ့် ပြန်တက်နိုင်ခြေတော့ရှိတယ်လို့ ကုန်သည်အချို့ကတော့ခန့်မှန်းထားပါတယ်။

ဒီနေ့မှာတော့ ရန်ကုန် ဘုရင့်နောင်ဈေးကွက် ပဲစင်းငုံနီဈေးက တစ်တန်ကို ၁၃၈၀၀၀၀ ဈေးရှိပါတယ်။ ဒီတစ်ပတ်အဖွင့်ဈေးဖြစ်တဲ့ ဇွန် ၂၀ ရက်နဲ့ယှဉ်ရင် တစ်တန်ကို ၁၆၀၀၀ ကျပ် ဈေးကျသွားတာပါ။ တောက်လျှောက်ဈေးကျနေတာဖြစ်ပြီး ဒီနေ့မှာတော့ ထပ်မကျဘဲ မနေ့က ဈေးအတိုင်းသာရှိနေတာဖြစ်ပါတယ်။

ကုလားပဲဈေးကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်ပေမယ့် နယ်ဈေးကွက်တွေမှာတော့ တက်လာပါ တယ်။ တပ်ရိက္ခာအတွက် ဝယ်ယူမှုတွေရှိနေလို့ ဈေးတွေတက်လာတာဖြစ်ပြီး ထပ်ပြီး တက်နိုင်ဦးမယ်လို့ ကုန်သည်တွေက သုံးသပ်ထားပါတယ်။

စားတော်ပဲကတော့ ဈေးငြိမ်နေရာကနေ ဈေးတက်လာပါတယ်။ ဈေးကွက်ထဲ လက်ကျန်လျော့နည်းလာပြီး အဝင်နည်းလို့ဈေးတွေ တက်လာတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ စားတော်ပဲက တစ်ပိဿာကို ၄၇၅၀ ကနေ ၅၃၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်၊ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၁၆၅၀၀၀ ကနေ ၃၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ခန့်၊ ဆင်ဖြူကျွန်းမှာ တစ်တင်းကို ၁ သိန်းပေါက်ဈေးရှိပြီး တစ်တင်းကို ၈၀၀၀ ကျပ်နဲ့ ပြည်ဈေးကွက်မှာ တစ်တင်းကို ၉၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀၀ ကျပ် အသီးသီး ဈေးတွေတက်လာတာဖြစ်ပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်