ပဲတီစိမ်းအထွက်နှုန်းမကောင်းသဖြင့် ဈေးကောင်းလာနိုင်ဟု တောင်သူအချို့သုံးသပ်

06/02/2026 13:44 PM တွင် AMIA AMIA မှ ရေးသား

ယခုနှစ် ဆောင်းရာသီစိုက်ပျိုးသည့် ပဲတီစိမ်းအထွက်နှုန်းလျော့ပြီး ဈေးကောင်းနိုင်သည်ဟု တောင်သူကြီးအချို့က ခန့်မှန်းနေကြပါသည်။

ဆောင်းရာသီ အစပိုင်းတွင် မိုးရွာသွန်းမှုများရှိနေခြင်းကြောင့် စိုက်ပျိုးချိန်နှောင့်နှေးမှုများရှိသဖြင့် အထွက်နှုန်းထိခိုက်နိုင်သည်ဟု ၎င်းတို့ကခန့်မှန်းနေခြင်း ဖြစ်သည်။

"အထွက်နှုန်းမကောင်းကြဘူး၊ ပဲရှားနိုင်တယ်"ဟု ရန်ကုန် တောင်ပိုင်းမြို့နယ်မှ ပဲတီစိမ်းစိုက်ပျိုးသည့်တောင်သူလယ်သမားကြီးတစ်ဦးကဆိုသည်။ ပြည်တွင်း၀ယ်လိုအားနှင့် အထွက်နှုန်းလျော့လျှင် ယခုနှစ်မတ်လအတွင်း ပဲတီစိမ်းဈေးမာလာမည်ဟုလည်း ၎င်းကရှင်းပြသည်။

လက်ရှိ အသစ်စပေါ်လာသည် ပဲတီစိမ်းက‌တောင်သူ‌ဈေးကွက်တွင် ပဲတစ်တင်းကို ကျပ် ၁၀၅,၀၀၀ ၀န်းကျင်အရောင်းအ၀ယ်ရှိနေကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်တွင် တောင်သူလယ်သမားများ အဓိကထားစိုက်ပျိုးသည့် မတ်ပဲ၊ ပဲစင်းငုံက ဈေးဆက်တိုက်မြင့်တက်နေပြီး အိန္ဒိယနိုင်ငံ ၏ ပြည်တွင်းလိုအပ်ချက်ကြောင့် မတ်ပဲနှင့် ပဲစင်းငုံဈေးမာ‌လာခြင်းဖြစ်သည်ဟု ကုန်သည်အချို့ကဆိုသည်။

သို့သော် တရုတ်ဈေးကွက်ကို အဓိကထားတင်ပို့နေသည့် ပဲတီစိမ်းက ပြည်တွင်းဈေးကွက်တွင် ဈေးအနည်းငယ် ထပ်မံကျဆင်းလာသည်။

ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်းဈေးက ပဲတီစိမ်း(အ ညာ)တစ်ပိဿာကျပ် ၅၆၆၅ - ၅၆၈၅မှ ၅၂၅၀ - ၅၂၇၀၊ ပဲတီစိမ်း(ခရမ်းနှင့်ပဲခူး)ရွှေဝါက တစ်ပိဿာ ကျပ် ၆၅၇၀မှ ၅၈၃၀သို့ ဈေးပြောင်းသွားသည်။

ပဲတီစိမ်းက တရုတ်နိုင်ငံသာမက ဥရောပ၊ အာရှနိုင်ငံအချို့ကိုလည်း တင်ပို့မှုများရှိနေသဖြင့် ဈေးကွက်ကျယ်ပြန့်သည့် လယ်ယာပို့ကုန်အမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံတွင် ပဲတီစိမ်းစိုက်ဧက ၂ ဒသမ ၈သန်း ကျော်ရှိပြီး စိုက်ပျိုးမှု စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းမှာ ဆောင်းသီးနှံဖြစ်သည်။ တစ်နှစ်ပဲတီစိမ်းတန်ချိန် ၁ ဒသမ၄ သန်းကျော် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်ပဈေးကွက်ကို အဓိကထား တင်ပို့ရောင်းချသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်