တစ်ပတ်အတွင်းဆန်စျေးနှုန်းတင်ပြချက်

25/11/2019 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်မြို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ၊ဝါးတန်းလမ်းကုန်စည်ဒိုင်ရဲ့ ယခုတစ်ပတ် ဆန်လက်ကားစျေးနှုန်းများအရ ဆန်ချောစျေးနှုန်းမှာ တည်ငြိမ်နေပြီး ဆန်ကြမ်းစျေးနှုန်းများမှာ ကျဆင်းလာကြောင်း ဝါးတန်းလမ်း ကုန်စည်ဒိုင်မှ သိရပါတယ်။

ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်စျေးနှုန်းမှာ ၃၈၀၀၀ကျပ် ၊ လတ်စတစ်အိတ်မှာ ကျပ် ၃၇၀၀၀ ကျပ် ၊ (မြောင်းမြ၊ပုသိမ်) ပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်မှာ ကျပ်၄၂၀၀၀၊ လတ်စတစ်အိတ်မှာ ၄၀၀၀၀ ကျပ် ၊  ဒေးဒရဲပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်စျေးနှုန်း မှာ ကျပ် ၃၈၀၀၀၊ လတ်စ တစ်အိတ်မှာ ကျပ် ၃၆၀၀၀ ရှိပြီး တစ်ပတ်အတွင်း ဆန်ချောစျေးနှုန်းများမှာ တည်ငြိမ်နေကြောင်း သိရပါတယ်။

ဧည့်မထမိုးဆန် ထိပ်စ တစ်အိတ်ကို ကျပ် ၁၉၅၀၀ ၊ လတ်စ တစ်အိတ်ကို ကျပ် ၁၉၃၀၀  ၊ ငစိန် ထိပ်စ တစ်အိတ်ကို ကျပ် ၁၈၅၀၀ ၊လတ်စ တစ်အိတ်ကို ကျပ် ၁၈၂၀၀ ရှိပြီးတစ်အိတ်ကို ကျပ်၁၂၀၀ဝန်းကျင် ကျဆင်းသွားပြီး တစ်ပတ်အတွင်း ဆန်ကြမ်း စျေးနှုန်းများ မှာ ကျဆင်းလာကြောင်း သိရပါတယ်။

မိုးသုခရှယ် တစ်အိတ် ကျပ် ၂၆၀၀၀ ၊လတ်စ တစ်အိတ် ကျပ် ၂၅၀၀၀ နဲ့ ပေါ်ဆန်းရှယ်ထိပ်စ တစ်အိတ်ကျပ် ၄၀၀၀၀၊ လက်စ တစ်အိတ်ကို ၃၉၀၀၀ကျပ် ရှိပြီး ဝါးတန်းလမ်းကုန်စည်ဒိုင်ကို ဆန်အဝင်ပုံမှန် ရှိနေကာ အရောင်းအဝယ်ပုံမှန် ရှိနေကြောင်း သိရပါတယ်။

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်