ယခုတစ်ပတ်အတွင်း အပြောင်းအလဲဖြစ်ပေါ်ခဲ့သော သီးနှံစျေးနှုန်းများ

13/08/2019 10:02 AM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆန်၊စပါး

ဒီတစ်ပတ်မှာတော့  ဧရာဝတီတိုင်းဈေးကွက်မှာ ဆန်နဲ့စပါးဈေးနှုန်းတွေက ငြိမ်နေပါတယ်။  ပုသိမ်ပေါ်ဆန်းစပါးကတင်း၁၀၀ကို  ၉၆၇၀၀၀ ကျပ်၊ ဒေးဒရဲပေါ်ဆန်းစပါးကတော့  တင်း၁၀၀ကို ၈၉၃၀၀၀ကျပ်၊ ဒေးဒရဲပေါ်ဆန်းဆန်က တစ်အိတ်ကို ၄၁၀၀၀ ကျပ်၊ ပုသိမ်ဧည့်မထ (စပါး)က တင်း၁၀၀ကို ၅၉၈၀၀၀၊  ပုသိမ် ဧည့်မထဆန်က တစ်အိတ်ကို   ၂၄၅၀၀ကျပ်၊ မြောင်းမြပေါ်ဆန်းဆန်က တစ်အိတ်ကို ၄၄၀၀၀ ကျပ်   ၊ မြောင်းမြဧည့်မထဆန်ကတစ်အိတ် ကို ၂၄၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။  မြောင်းမြပေါ်ဆန်းစပါးကတော့  တင်း၁၀၀ကို  ၉၇၄၀၀၀ ကျပ်နဲ့ ၂၁၀၀၀ ကျပ်ဈေးကျဆင်းခဲ့ပြီး၊ မြောင်းမြဧည့်မထ စပါးက တင်း၁၀၀ကို ၆၂၅၀၀၀ ကျပ်နဲ့ ၉၀၀ကျပ် ဈေးတက်လာပါတယ်။

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာတော့ ပေါ်ဆန်းဈေးနှုန်းတွေက အနည်းငယ် မြင့်တက်နေပါတယ်။ ပေါ်ဆန်းရှယ်က တစ်အိတ် ကို ၃၈၀၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီး၊  ဒီတစ်ပတ်မှာ ၂၀၀၀ ကျပ် ဈေးတက်လာခဲ့ပါတယ်။  ရက်၉၀ဆန်ကတော့ တစ်အိတ်ကို  ၂၀၅၀၀ကနေ ၂၁၅၀၀ ကျပ် နဲ့ဒီတစ်ပတ်မှာ ဈေးငြိမ်နေပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ နွေသီးထပ်ကတော့ ၂၀၀၀၀နေ ၂၀၃၀၀ ပေါက်ဈေးရှိပြီ ၁၇၀၀ကျပ် ဈေးကျဆင်းခဲ့ပါတယ်။

မတ်ပဲ (FAQ/RC)

ရန်ကုန်ဈေးကွက်မှာ မတ်ပဲဈေးနှုန်းက ထပ်မံကျဆင်းခဲ့ပါတယ်။ မတ်ပဲ (FAQ/ RC)က တစ်တန်ကို လက်ရှိ ၇၅၂၀၀၀ ဈေးရှိပြီး၊ တစ်ပတ်အတွင်း တစ်တန်ကို  ၁၀၀၀၀ ကျော် ထပ်မံကျဆင်းခဲ့တာပဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မတ်ပဲဈေးအနည်းငယ်ကျဆင်းခဲ့လို့ အိန္ဒိယပဲကုန်သည်တွေက ထိန်းဝယ်ယူနေတာကြောင့် ဈေးပြန်ကျဆင်းခဲ့တာဖြစ်တယ်လို့ ကုန်သည်အချို့ကပြောဆိုထားသည်။ ဒါ့အပြင် မကြာမီလပိုင်းအတွင်းမှာလဲ အိန္ဒိယနိုင်ငံမှာ ပဲအသစ်ပေါ်လာတော့မှာဖြစ်လို့ အိန္ဒိယပဲကုန်သည်တွေက ဝယ်ယူမှုအနည်းငယ် ပြန်အေးသွားတယ်လို့ သိရပါတယ်။ သြဂုတ်လမှာ အိန္ဒိယကိုတင်သွင်းရမှာ ဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်းတောင်သူတွေအနေနဲ့ကလဲ ဈေးစောင့်ပြီး အရောင်းအဝယ်လုပ်မှု နည်းနေတယ် တယ်လို့သိရပါတယ်။ မုံရွာဈေးကွက်မှာလည်း မတ်ပဲက ၂၀ပိသာတစ်တင်းဈေးနှုန်းကို  ၂၄၀၀၀ ကျပ်ပေါက်ဈေးရှိပြီး၊  ၂၅၀ကျပ်ဈေး ကျဆင်းခဲ့ပါတယ်။ 

ပဲစင်းငုံ(နီ)

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးထပ်မံကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၉၀၂၀၀၀ ဈေးရှိခဲ့ပြီး၊၈၀၀၀ ကျပ်ဝန်းကျင် ဈေးထပ်မံကျဆင်းခဲ့ပါတယ်။   တောင်သူတွေက ဈေးအတက်ကိုစောင့်ပြီး၊ အရောင်းအဝယ်မလုပ်တဲ့အတွက်  ဈေးကွက်မှာ ပဲစင်းငုံအရောင်းမရှိဘဲ ဈေးကျဆင်းသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ 

အိန္ဒိယက ပဲစင်းငုံတန်ချိန် လေးသိန်းထိ ပြည်ပကနေဝယ်ယူတင်သွင်းမှာ ဖြစ်ပြီး၊ ပြည်တွင်းမှာ လက်ကျန်က နည်းနေတာကြောင့် ဈေးက ယခုထက်ထပ်မံကျဆင်းနိုင်ခြေမရှိဘူးလို့ ကုန်သည်တွေက ခန့်မှန်းထားကြပါ တယ်။

မုံရွာ ဈေးကွက်မှာလည်း ၂၀ပိသာ တစ်တင်းကို  ၃၁၀၀၀ ကျပ်ဈေးရှိပြီး၊  ၈၀၀ကျပ် ဈေးကျဆင်းခဲ့ပါတယ်။ ပခုက္ကူ ဈေးကွက်မှာတော့ ပဲစဉ်းငုံ( အနီ)ကတစ်ပိသာကို ၁၅၇၅ ကျပ်ဈေးရှိပြီး၊  ၆၀ကျပ်ဈေးကျဆင်းခဲ့ပါတယ်။

စားသုံးဆီ

ဒီတစ်ပတ်မှာ  စားအုန်းဆီနဲ့ မြေပဲဆီက ဈေးတက်နေပြီး၊ နှမ်းဆီကတော့ ဈေးငြိမ်နေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာလည်း စားအုန်းဆီက  တစ်ပိသာကို ၁၅၇၀ ဈေးပေါက်ပြီး ၂၀ကျပ် ၊မြေပဲဆီကတစ်ပိသာ ကို ၇၂၀၀ ကျပ်နဲ့ ၅၀၀ကျပ် အသီးသီးဈေးတက်လာပါတယ်။

ပခုက္ကူဈေးကွက်မှာတော့ စားအုန်းဆီ (ရိုးရိုး) ကတစ်ပိသာကို ၁၅၂၀ ကျပ်ဈေးရှိပြီး၊ ၂၀ကျပ်၊ မြင်းခြံကုည်စည်ဒိုင်မှာ စားအုန်းဆီက တစ်ပိသာ ကို ၁၆၀၅ ကျပ်ဈေးရှိပြီး၊ ၈၀ကျပ်အသီးသီးဈေးတက်နေပါတယ်။

ရန်ကုန်ဈေးကွက်မှာလည်း စားအုန်းဆီကမှုရင်း လက်ကားဈေး တစ်ပိသာကို ၁၄၈၀ ပေါက်ဈေးရှိပြီး တစ်ပိသာကို ၁၀ကျပ်ဈေးထပ် တက်လာခဲ့တာပါ။ မြေပဲဆီက တစ်ပိသာကို ကျပ် ၆၃၀၀၊ နှမ်းဆီက တစ်ပိသာကို ကျပ် ၇၅၀၀ နဲ့ ဈေးငြိမ်နေပါတယ်။

ကုလားပဲ

ကုလားပဲကတော့ ဒီတစ်ပတ်မှာ ဈေးထပ်မံကျဆင်းခဲ့တာကို တွေ့ရပါတယ်။  ကုလားပဲက တရုတ်ကနေ တရားမဝင် တစ်ရက်ကို အစီး၅၀ ဝန်းကျင်ဝင်ရောက်မှုတွေ ရှိနေတာကြောင့်  ဈေးကျဆင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မုံရွာဈေးကွက်မှာ ကုလားပဲလုံးဝါသေး က ၁၉ပိသာ တစ်တင်းကို ကျပ် ၂၆၈၀၀ ကျပ် ပေါက်ဈေးရှိပြီး ၂၀၀ကျပ်၊ ကုလားပဲလုံးဖြူကြီးက  တစ်တင်းကို ၂၆၆၀၀ ကျပ်ဈေးရှိပြီး၊ ၃၀၀ကျပ် ဈေးထပ်မံကျဆင်းခဲ့ပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာလည်း ကုလားပဲ (လုံးဝါကြီး) က တစ်ပိသာကို  ၁၃၉၅ကျပ်ဈေးရှိပြီး ၃၁ကျပ်၊ ကုလားပဲ (လုံးဖြူကြီး)က တစ်ပိသာကို ကျပ် ၁၃၉၅ကျပ်ဈေးရှိပြီး၊ ၂၆ကျပ် ဈေးကျဆင်းနေပါတယ်။ 

မြင်းခြံကုည်စည်ဒိုင်မှာ ကုလားပဲလုံးဝါ (ကြီး)က တစ်ပိသာကို ကျပ် ၁၄၂၅ ကျပ်ဈေးပေါက်ပြီး၊ ၁၅ကျပ်၊ ကုလားပဲလုံးဖြူ (ကြီး)က တစ်ပိသာကို ကျပ် ၁၃၇၅ ကျပ်ဈေးရှိပြီး၊ ၄၀ကျပ်ဈေးအသီးသီးကျဆင်းနေပါတယ်။ 

 

စိုးချစ်ချစ်ပိုင်(AMIA) 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်