တောင်သူများအတွက် ဈေးကွက်နဲ့ အရောင်းပညာ အွန်လိုင်းအခမဲ့ဆွေးနွေးပုံ

21/07/2025 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိုက်သာစိုက်တယ် အမြတ်မကျန်တဲ့ပြဿနာတွေနဲ့

👉 အမြဲပြောင်းလဲရွေ့လျားနေတဲ့ ဈေးကွက်လမ်းကြောင်းသဘောအရ စိုက်သမျှသီးနှံ အမြတ်ပိုကျန်လာအောင် မီးစင်ကြည့်ကတတ်တဲ့ပညာရပ် အွန်လိုင်းဆွေးနွေးပွဲကို 

🤝 အစိမ်းရောင်လမ်းနဲ့ Primer international company (ပရိုင်မာအင်တာနေရှင်နယ်) ကုမ္ပဏီတို့က ပူးပေါင်းဖန်တီးပြီး အစိမ်းရောင်လမ်းရဲ့ ဦးကြီးဒေါ်ကြီးတို့ ရှေ့မှောက်ကို အခုပဲ ယူဆောင်လို့ လာပါပြီ 

ဒီဆွေးနွေးပွဲမှာဆိုရင် ပရိုင်မာအင်တာနေရှင်နယ်ကုမ္ပဏီရဲ့ တည်ထောင်သူဖြစ်တဲ့ ကိုစိုင်းဟန်လင်းက 👨‍💼

📊 သီးနှံရိတ်သိမ်းပြီးတာကစလို့ စားသုံးသူလက်ထဲထိ ရောက်ရှိအောင် အဆင့်ဆင့်ဖြတ်ကျော်ကြတဲ့ ဈေးကွက်လမ်းကြောင်းထဲမှာ 

တောင်သူတွေက ဈေးထဲမှာပဲ ကိုယ်တိုင်ချရောင်းမှာလား

ပွဲစားဆီ ရောင်းချမှာလား

မြို့ပေါ်ကပွဲရုံဒိုင်ကိုပဲ သွားရောင်းချလိုက်မှာလား

သီးနှံထွက်ကုန်တွေကို ကြိတ်ခွဲပြုပြီး ဈေးကောင်းရအောင် ကုန်တိုက်တွေထိ ကိုယ်တိုင်ချိတ်ဆက်သွားရောက်မှာလားစတဲ့ ကိုယ်အားအသာဆုံးနေရာကနေ ဈေးကွက်သဘောတရားကို နားလည်ပြီး  အကျိုးအမြတ်ရမယ့် ဝင်ငွေလမ်းကြောင်းဖန်တီးနည်းလမ်းတွေပါ သိရှိသွားအောင် ပြောပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ 

👨‍💼 ကိုစိုင်းဟန်လင်းဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်တန်းစိုက်ပျိုးရေးသွင်းအားစုကုမ္ပဏီတွေဖြစ်တဲ့ မာလာမြိုင် ၊ ရေတံခွန် (Proximity Designs)၊ Agro Solar၊ Greenovator ၊ Buhler ဆန် နဲ့ ဂျုံစက်လုပ်ငန်းတွေအပြင် အခြား စိုက်ပျိုးရေးလုပ်ငန်း တော်တော်များများမှ စျေးကွက်နဲ့ အရောင်း အကြံပေးအဖြစ် လုပ်ဆောင်နေသူဖြစ်တဲ့အတွက်ကြောင့် 

တို့တောင်သူဦးကြီးတို့ သိဖို့လိုနေတဲ့ ဈေးကွက်သဘောတရားတွေကို မြင်သာအောင်ဆွေးနွေးသွားနိုင်မယ့်သူဆိုလည်း မှားမယ်မထင်ပါဘူးရှင်

⏰ ဒီအွန်လိုင်းဆွေးနွေးပွဲဟာဆိုရင် ဇူလိုင်လ ၂၅ ရက် မြန်မာစံတော်ချိန် ည ၇-၉ နာရီမှာ ၁၀၀ ရာခိုင်နှုန်းအခမဲ့ဖြင့် သင်ကြားဆွေးနွေးပေးသွားမှာမို့လို့ ဝင်ရောက်ဆွေးနွေးနားထောင်လိုတဲ့ မိတ်ဆွေတွေအနေနဲ့ ဖော်ပြပါလင့်ခ်ကနေ အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ

စာရင်းပေးသွင်းရန် နှိပ်ပါ။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်