တောင်သူတို့အတွက် မားကတ်တင်း

19/09/2023 17:00 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကျေးလက်နေပြည်သူတွေဟာ မိမိတို့အစားအစာအတွက် မိမိတို့ဘာသာ စိုက်ပျိုးထုတ်လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် အိမ်ထောင်စုတစ်ခုဟာ အစားအသောက်ရှိရုံနဲ့တင် မပြီးသေးပါဘူး။ အဝတ်အစား၊ ကလေးကျောင်းလခစတာတွေ ပေးချေဖို့ ငွေကြေးလိုအပ်ပါတယ်။ ဒီတော့ သူတို့ဟာ အခြေခံသီးနှံထုတ်လုပ်ရေးအပြင် ဘေးပေါက်အလုပ်တွေကိုလည်း လုပ်ပြီး ဝင်ငွေရှာကြရပါတယ်။ အဲဒီအလုပ်တွေထဲမှာ ဝင်ငွေရသီးနှံ (cash crops) စိုက်တာ၊ လက်မှုပစ္စည်းတွေ လုပ်တာကနေ မုန့်ပဲသရေစာ လုပ်ရောင်းတာအထိ  ပါဝင်နိုင်ပါတယ်။ ဒီအလုပ်တွေကနေ ရရှိလာတဲ့ ဝင်ငွေဟာ အိမ်ထောင်စုများစွာအတွက် အလွန်ပဲ အရေးပါပါတယ်။ ဒီငွေလေးတွေကပဲ သူတို့ကို လူနေမှုအဆင့်အတန်း အထိုက်အလျောက် မြင့်မားလာစေအောင် ကူညီပေးနေတာကြောင့်ပါ။ ဒါပေမယ့် အမြတ်ကျန်အောင် လုပ်တတ်ဖို့တော့ လိုအပ်ပါတယ်။ ဒါမှသာ လုပ်ရကျိုးနပ်ပြီး မိသားစုဝင်ငွေကို အထောက်အပံ့ဖြစ်စေမှာပါ။

တောင်သူအိမ်ထောင်စုတစ်ခုဟာ မိသားစုစားဖို့ထက်ပိုတဲ့ သီးနှံပမာဏကို ထုတ်လုပ်လာပြီဆိုတာနဲ့ ပိုတာကို ရောင်းချဖို့ အရောင်းအဝယ်ကိစ္စနဲ့ ပတ်သက်လာရပါတယ်။ အဲဒီလို သီးနှံရောင်းချမှုဆိုင်ရာလုပ်ငန်းရပ်တွေ အားလုံးဟာ ‌ယခု ပြောမယ့် “မားကတ်တင်း” ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒီဆောင်းပါးဟာ မိသားစုစားဖို့တင်မက ဈေးကွက်တင်ရောင်းချဖို့ပါ သီးနှံထုတ်လုပ်နေတဲ့ တစ်ပိုင်တစ်နိုင်တောင်သူလယ်သမားတွေအတွက် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

ဒီဆောင်းပါးခေါင်းစဉ်အောက်မှာ သီးနှံဈေးကွက် ဘယ်လိုလည်ပတ်သလဲ၊ တောင်သူတွေအနေနဲ့ ဈေးကွက်အသိပညာကို အသုံးချပြီး ဝင်ငွေပိုမိုရရှိအောင် ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာတွေကို ရှင်းပြထားပါတယ်။ နောက်ပြီး ဝင်ငွေကောင်းခြင်း၊ မကောင်းခြင်းအပေါ် လုပ်ငန်းစီမံခန့်ခွဲပုံက အဆုံးအဖြတ်ပေးတာကြောင့် ဒီဆောင်းပါး ဒုတိယပိုင်းမှာ စိုက်ပျိုးရေးလုပ်ငန်းစီမံခန့်ခွဲမှုနဲ့ ပတ်သက်လို့ ရှင်းပြထားပါတယ်။

ဈေးကွက်အတွက် ရည်ရွယ်ပြီး သီးနှံထုတ်လုပ်တာဟာ စိတ်ဝင်စားစရာကောင်းတဲ့အလုပ် ဖြစ်ပေမယ့် အရဲစွန့်ရတာတွေလည်း တစ်ပါတည်းပါလာပါတယ်။ တောင်သူတစ်ယောက်ဟာ ဝင်ငွေရသီးနှံချည်း ဒါမှမဟုတ် စားသောက်ကုန်မဟုတ်တဲ့သီးနှံချည်း ရွေးချယ်စိုက်ပျိုးမယ်ဆိုရင် မိသားစုစားစရာ အသီးအနှံမရှိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဈေးကွက်တင်ရောင်းချရေး ရည်ရွယ်ချက်တစ်ခုတည်းနဲ့ စိုက်ပျိုးတာမျိုးမဟုတ်ဘဲ မိသားစုဝမ်းစာဖူလုံရေးကိုလည်း အမြဲတစေ ဦးစားပေးသင့်ပါတယ်။

သီးနှံတစ်မျိုးကို ဈေးကွက်တင်ရောင်းချခြင်း (မားကတ်တင်း) ဟာ သီးနှံထုတ်လုပ်ရေးနဲ့ ကွာခြားပါတယ်။ ရောင်းချခြင်းနဲ့ ထုတ်လုပ်ခြင်းနှစ်ခုမှာ သီးခြား အသိပညာ၊ ဗဟုသုတတွေ လိုအပ်ပါတယ်။ သီးနှံထုတ်လုပ်တာ တော်တဲ့ တောင်သူတစ်ယောက်ဖြစ်တိုင်း သီးနှံရောင်းချရာမှာ တော်မယ်လို့ ပြောလို့မရပါဘူး။

ဈေးကွက်မှာ သီးနှံကို ရောင်းချတော့မယ့် တောင်သူတစ်ယောက်ဟာ ကုန်သွယ်ပွဲစားတွေ၊ စားသုံးသူတွေနဲ့ ထိတွေ့ဆက်ဆံလာရပါတယ်။ သူဟာ သီးနှံရောင်းလိုအား၊ ဝယ်လိုအား၊ ဈေးနှုန်း အစရှိတဲ့ ဈေးကွက်ဆိုင်ရာတွေ သိရှိထားဖို့ လိုအပ်ပါတယ်။

နောက်တစ်ပိုင်းမှာ ဈေးကွက်ဆိုင်ရာ အချက်အလက်တွေကို ဖော်ပြပေးသွားပါ့မယ်။
ဝေယံဟိန်း (B.Ag)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်