နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တောင်သူလယ်သမားများတွေ့ဆုံမည်

27/06/2019 19:02 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဧရာဝတီတိုင်းဒေသကြီး ၊ ဓနုဖြူမြို့နယ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းဆုကြည်နဲ့ တောင်သူ လယ်သမားများ မနက်ဖြန်မှာ တွေ့ဆုံသွားမှာဖြစ်ကြောင်း DVB မီဒီယာမှ ဖော်ပြထားကြောင်းသိရပါတယ်။

ဓနုဖြူမှာ ဒေသခံတောင်သူများအတွက် လယ်ယာစီးပွားဝန်ဆောင်မှုစင်တာ (Agri  Business Service Center )ကို ဖွင့်လှစ်သွားမှာဖြစ်တဲ့အတွက် နိုင်ငံတော်အကြီးအကဲများမှ လာရောက်ဂုဏ်ပြုတက်ရောက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်က ပြောပါတယ်။ 

“လယ်ယာစီးပွားဝန်ဆောင်မှုစင်တာ (Agri  Business Service Center )ကို နက်ဖြန်မှာ ဖွင့်လှစ်သွားမယ်။ အဲဒီစခန်းကြီးဖွင့်လှစ်တာကို လယ်သမားတွေကို ရှင်းလင်းတင်ပြတဲ့ပွဲမှာ နိုင်ငံတော်အကြီးအကဲပုဂ္ဂိုလ်တွေလည်း လာရောက်ဂုဏ်ပြုမယ်လို့ သိရပါတယ်”

အဆိုပါဖွင့်ပွဲနဲ့အတူ ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ဒေသခံတောင်သူလယ်သမားများနဲ့ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

တောင်သူများအတွက် မျိုးစေ့၊ ထွန်ယက်ရေ ၊ စိုက်ပျိုးရေး၊ မြေသြဇာ၊ လယ်ထွန်စက်၊ ပိုးသတ်ဆေး နဲ့ ရိတ်သိမ်းစက် စတဲ့ဝန်းဆောင်မှုများကို လယ်ယာစီးပွားဝန်ဆောင်မှုစင်တာ (Agri  Business Service Center )မှ သင့်တင့်တဲ့နှုန်းထားနဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

အဆိုပါ လယ်ယာစီးပွားဝန်ဆောင်မှုစင်တာ (Agri  Business Service Center )ကို Gold Delta CO.,Ltd.မှ ဖွင့်လှစ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်