စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြောင်းလုပ်ငန်းအသင်း တွေ့ဆုံဆွေးနွေးခဲ့

29/06/2020 13:45 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ၂၀၂၀ ခုနှစ်၊ ဇွန် ၂၆ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဥက္ကဌ ဦးမင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတွေရဲ့ ပြောင်းဆံလိုအပ်ချက် များလာတာကြောင့် ပြည်ပဈေးကွက်လိုအပ်ချက်က မြင့်တက်နေတယ်။ ဒီအတွက် မြန်မာနိုင်ငံမှာ ပြောင်းကို စိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ဖို့ လိုအပ်လာတယ်။ ပြည်တွင်း အစာစပ်လုပ်ငန်းတွေကလည်း ပြောင်းဆံကို တိုးပြီးအသုံးပြုလာတဲ့အတွက် ပြည်တွင်းမှာလည်း ပြောင်းအသုံးပြုတဲ့နှုန်းများလာတယ်။ ဒါ့ကြောင့် ပြည်တွင်းသုံးစွဲမှု ဖူလုံစေဖို့အတွက်တွေကိုလည်း အဓိကထား ဆွေနွေးတိုင်ပင်ခဲ့ပါတယ်။

ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဥက္ကဌ ဦးမင်းခိုင် က ပြောသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသည့် အစေ့ထုတ်ပြောင်းကို ထိုင်းနိုင်ငံသို့ လွတ်လပ်စွာ တိုးမြှင့်တင်ပို့နိုင်ရေး၊ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့် အမြန်ဆုံးရရှိစေရေးနှင့် ပြောင်းဈေးကွက် တိုးမြှင့်ရှာဖွေပေးနိုင်ရန် အစိုးရမှ ကူညီဆောင်ရွက်ပေးရေး၊ မြဝတီနယ်စပ်၌ ပြောင်းကုန်သွယ်မှုဆောင်ရွက်ရာတွင် အရောင်းအဝယ်ကိစ္စများ မှန်ကန်မှုရှိစေရန်နှင့် အဆင်ပြေလွယ်ကူမှုရှိစေရန် ပြောင်းကုန်စည်ဒိုင် ဖွင့်လှစ်နိုင်ရေး၊ ပြည်ပတင်ပို့ရာတွင် ပြောင်းအရည်အသွေးပြည့်မီရေး စစ်ဆေးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပြောင်းမျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးထုတ်လုပ်ရေး၊ ပြောင်းအစေ့ခြွေစက်များ ခေတ်မှီစေရန် ပိုမိုရင်းနှီးမြှုပ်နှံမှုပြုလုပ်ရေး စသည့်ကဏ္ဍများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်