တရုတ်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများတင်ပို့မှု ပိုမိုတိုးတက်ရန် ယူနန်နှင့် ရှန်ဟိုင်းအစိုးရအဖွဲ့များဖြင့် ဆွေးနွေးနေ

01/07/2019 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တရုတ်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယူနန်ပြည်နယ်နှင့် ရှန်ဟိုင်းပြည်နယ်တို့မှ အစိုးရအဖွဲ့များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့အကြား ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ 

နိုင်ငံ၏ ဒေသတွင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) အမြန်ဆုံး တိုးတက်စေရန်အတွက် ငါးမွေးမြူရေးကဏ္ဍ၊ ငါးလုပ်ငန်းကဏ္ဍ၊ ပင်လယ်ထွက်ကုန်စည်များမှ ပို့ကုန်များ တိုးမြှင့်နိုင်ရန် အင်မတန်အရေးကြီးသလို ယင်းကဲ့သို့ ဆောင် ရွက်နိုင်မှုသည် အချိန်တိုအတွင်း၌ တိုင်းပြည်၏ GDP ကို အမြန်ဆုံးတိုးမြင့်ပေးမည့် အခြေအနေတစ်ခုဖြစ်ကြောင်း သိရသည်။ 

"ဒီအပြင် ကျွန်တော်တို့ တရုတ်ပြည်ကို ကုန်စည်ပို့ဆောင်တဲ့နေရာမှာ ငါးလုပ်ငန်းကဏ္ဍ၊ ပင်လယ်ထွက်ပစ္စည်းတွေရဲ့ကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်ဖို့အတွက်လည်း ကျွန်တော်တို့ ယူနန်နဲ့ ဆွေးနွေးနေတာရှိပါတယ်။ ဒီအပြင် ကျွန်တော်တို့ ရှန်ဟိုင်းဘက်နဲ့လည်း ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရဘက်က ဆွေးနွေးနေတာရှိပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ငါးဈေးကွက်ကို ရန်ကုန်ကိုအခြေပြုပြီး ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ 

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်  ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့်သော်လည်းကောင်း၊ ငါးလုပ်ငန်းနယ်ပယ်အသီးသီးတွင် လုပ်ငန်းဆောင်ရွက်နေသည့် ကမ်းနီး၊ ကမ်းဝေးရှိ ငါးဖမ်းနေသူများနှင့်သော်လည်းကောင်း ညှိနှိုင်းဆောင်ရွက်နေကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တွင် ဇွန်လ ၂၉ ရက်က ကျင်းပပြုလုပ်သည့် နိုင်ငံတော် ဒုတိယသမ္မတ ၁ နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ၂၈ ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းများဖြစ်သည့် မွေးမြူရေး ငါး၊ ပုစွန်များ တင်ပို့ရာတွင် အခက်အခဲများ တွေ့ကြုံနေရပါသဖြင့် အခက်အခဲများကို ဖြေရှင်းပေးရန်၊ ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံနှင့် အစိုးရချင်း ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ကုန်သွယ်မှုများ လွယ်ကူလျင်မြန်ချောမွေ့စေရေးအတွက် လိုအပ်သည်များကို ကြိုတင်ညှိနှိုင်း ဆောင်ရွက်ပေးရန်ကိုလည်း နိုင်ငံတော်သို့ တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။ 

ယင်းအပြင် ကြက်နှင့် ငါး နှစ်မျိုးတွဲ၍ မွေးမြူသော လုပ်ငန်းများမှထွက်သော ငါးများကို အစား အသောက်ဘေးကင်း လုံခြုံမှုမရှိဘဲ ပြည်ပသို့တင်ပို့ရန် အခက်အခဲများရှိသဖြင့် ယင်းကဲ့သို့ နှစ်မျိုးပေါင်း၍ မွေးမြူခြင်းကို ဥပဒေတစ်ရပ်ထုတ်၍ တားမြစ်ပေးပါရန်နှင့် ငါးမွေးမြူရေးလုပ်ငန်းတစ်ခုကို တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပရောဂျက်ကြီးအသစ်တစ်ခုဖြင့်စ၍ လုပ်ကိုင်နိုင်ရန်အတွက် ဘဏ်ချေးငွေများရရှိအောင် Project Bank ဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးပါရန်တို့ကိုလည်း တင်ပြထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။ 

အေးအေးမြင့်(ABM)

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်