ကျန်းမာရေးနဲ့ သင့်တော်တဲ့ မိုက်ခရိုဂရင်းစိုက်ပျိုးနည်း

19/12/2023 11:30 AM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

 

မျိုးစေ့ပင်ပေါက်၊ ရွက်မှန်စုံပျိုးပင်၊ မိုက်ခရိုဂရင်းနှင့် ဘေဘီဂရင်းများသည် စိုက်ပျိုးရလွယ်ကူပြီး မျိုးစုံချက်ပြုတ်စားသောက်နိုင်သော ဟင်းသီးဟင်းရွက် အပင်ငယ်ဖြစ်သည်။ မြို့ပြများတွင်နေထိုင်သော အိမ်ရှင်မများ၊ စားသုံးသူများ၊ စိုက်ပျိုးရေးမြေနေရာသတ်မှတ်ချက်ရှိသောဒေသမှ  စိုက်ပျိုးရေးဝါသနာရှင်များ၊ အစားအစာလုံခြုံရေးကို ဦးစားပေးနေသူများနှင့် အော်ဂဲနစ်ဟင်းသီးဟင်းရွက်စိုက်ပျိုးသူများသည် မိမိနေထိုင်သော ဧရိယာပတ်ဝန်းကျင်တွင် ကိုယ်တိုင်လွယ်ကူစွာစိုက်နိုင်သည်။ အိမ်ခြံဝန်းနှင့် ဥယျာဥ်ခြံများတွင် ကောင်းစွာစိုက်ပျိုးနိုင်ပြီး စူပါမားကတ်များတွင် ပြန်လည်ရောင်းချနိုင်သော အပင်ပေါက်များဖြစ်သည်။ ခဲပါလိုက်မြေ၊ အုန်းဆံဖတ်၊ ဗာမီကျူလိုက်နှင့် ပါလိုက်အရော၊ ဂုံနီအိတ်ဖြတ်စ၊ ပွားစာဟောင်းမြေဆွေးနှင့် ပွားစာစပ်မြေအရော၊ မြေကြီး ခဲပါလိုက်မြေ နှင့် ပွားစာဟောင်းမြေဆွေးစသည်တို့ကို အချိုးကျရောပြီး ကောင်းစွာစိုက်ပျိုးနိုင်သည်။ ဒေသအလိုက် စျေးကွက်အရ တပိုင်တနိုင် မှ ကျယ်ကျယ်ပြန့်ပြန့်ထိ ထိန်းညှိ စိုက်ပျိုး ထုတ်လုပ်နိုင်သည်။ ရာသီဥတုပြောင်းလဲမှု ၊လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်ကျစရိတ်မြင့်လာသည့် အတွက် ဒေသအလိုက် အစားအစာပိုထုတ်လုပ်ရန် လိုအပ်လာကြောင်းကို သိလာသူများသည် သွားရလွယ်သော နေရာများတွင်မှန်ခြံများနှင့် အိမ်ဝန်းအတွင်းစိုက်ခင်းများကို တည်ဆောက်လာကြသည်။ ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပေါ်လာပြီးနောက်ပိုင်း စားသုံးသူများသည် ကိုယ်ခံအား ကောင်းစေသော အန်တီအောက်ဆီးဒန့်ကြွယ်ဝသော အစားအစာများ၊ ကျန်းမာရေးအောက်အကူပြု ဖြည့်စွက်စာများ ပိုမိုစားသုံးသင့်မှန်းသိလာကြသဖြင့် မိုက်ခရိုဂရင်း အပါအဝင် အာဟာရဓာတ်ကြွယ်ဝသော ဟင်သီးဟင်းရွက်စားသုံးမှုမှာ သိသိသာသာ မြင့်တက်လာသည်။ ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပေါ်လာပြီး နောက်ဆက်တွဲအနေနဲ့ အိမ်ခြံဝင်းအတွင်း တပိုင်တနိုင် ဟင်သီးဟင်းရွက်  စိုက်ခင်းတည်ထောင် စိုက်ပျိုးလာသည်။ စျေးဝယ်အလေ့အကျင့်လည်း ပြောင်းလဲလာသည်။ စားစရာပို့ဆောင်ပေးသော ကုမ္ပဏီများနှင့် ချိတ်ဆက်ဝယ်ယူစားသောက်ခြင်း၊ ခြံဝန်းအတွင်း ဥယျာဥ်ခြံ များ၊ အိမ်တွင်း အိုးစိုက် စားသုံးပင်များ ကိုယ်တိုင် စိုက်ပျိုးလာသည်။ တစ်ချိန်တည်းမှာပင် ဥယျာဥ်ခြံသမားများကလည်း အာဟာရဓာတ်အပြည့်အစုံပါသော မျိုးစေ့ပင်ပေါက်၊ မိုက်ခရိုဂရင်း ရွက်မှန်စုံ ပျိုးပင်နှင့် ဘေဘီဂရင်းများ ပိုမိုစိုက်ပျိုးလာသည်။ခြံဝင်းအတွင်း ဥယျာဥ်ခြံများနှင့် အိမ်တွင်းအိုးစိုက်မျိုးစေ့ပင်ပေါက်၊ မိုက်ခရိုဂရင်း ရွက်မှန်စုံပျိုးပင်နှင့် ဘေဘီဂရင်းများသည် စိုက်ပျိုးရလွယ်သည်။ လတ်လတ်ဆက်ဆက်စားရသည်။ ကျန်းမာရေး အထောက်အကူပြု ဖြည့်စွက်အစားအစာဖြစ်သည်။ 

မျိုးစေ့ပင်ပေါက်၊ ရွက်မှန်စုံပျိုးပင်၊ မိုက်ခရိုဂရင်းနှင့် ဘေဘီဂရင်းဆိုသည်မှာ

ရွက်စားဟင်းသီးဟင်းရွက် ပျိုးပင် ငယ်များဖြစ်သည်။ နာမည်ကွာခြားမှုအလိုက် ရိတ်သိမ်းချိန် ကွဲပြားမှုအလိုက် အမည်ပေးထားခြင်းဖြစ်သည်။ အစေ့စိုက်ပြီး ၃-၄ရက်သားကို အစေ့ပင်ပေါက်ဟုခေါ်သည်။ မိုက်ခရိုဂရင်းသည် အစေ့စိုက်ပြီး ၇-၁ဝရက်သားကို ရွက်မှန်စုံ ချိန်တွင် ရိတ်သိမ်းသည်။ ဘေဘီဂရင်းရွက်စိမ်းအဆင့်သည် အစေ့စိုက်ပြီး ၁ဝ-၂၁ ရက်သားတွင် ရိတ်သိမ်းသည်။ မိုက်ခရိုဂရင်း ရွက်မှန်စုံပျိုးပင်ပေါက်ပြုလုပ်နိုင်သော ဟင်းသီဟင်းရွက်များမှာ ဘရိုကိုလီ ၊ မုံညှင်း၊ ဟင်းနုနွယ်၊ ပင်စိမ်း၊ နံနံ၊ ကြက်သွန်၊ ဆလပ်များဖြစ်သည်။

အစေ့ပင်ပေါက်နှင့် ရွက်မှန်စုံပျိုးပင် မိုက်ခရိုဂရင်း

၁။ မိုက်ခရိုဂရင်း ရွက်မှန်စုံပျိုးပင်ပေါက် နှင့် ဘေဘီဂရင်းလက္ခဏာများနိုင်းယှဥ်ချက်

၂။ စိုက်ပျိုးနည်း

၃။ အပင်ပြုစုခြင်း

အာဟာရပါဝင်မှုများ

စိုက်ပျိုးနည်း

မိုက်ခရိုဂရင်း  စိုက်ပျိုးနည်း အဆင့်ဆင့်

  • ၁။ အမျိုးအစားကောင်းသော မျိုးစေ့ သုံးပါ။ 
  • ၂။ မျိုးစေ့ များကို ၆-၈နာရီရေစိမ်ပါ။ ၁ စတုရန်းမီတာတွင် အစေ့ ၅ဝ-၁၂ဝ ဂရမ်၊ မျိုးစေ့ထုတ်တွင်ပါသောအညွှန်းအရဆောင်ရွက်ပါ။
  • ၃။ မျိုးစေ့နှင့် ကိုက်ညီသော  ပွားစာသုံးပါ။ တစ်ခါသုံး ဗန်း/ ပြန်လည်သုံးမုန့်ခွက်များကိုလည်း သုံးနိုင်သည်။ ပွစာအဖြစ်မြေကြီး (ခဲပါလိုက်မြေ)နှင့် မှိုပွားစာဟောင်း မြေဆွေးအရော ၁း၁ ရောသုံးနိုင်သည်။ မြေကြီး၊ ခဲပါလိုက်မြေ၊ အုန်းဆံဖတ်၊ ဗာမီကျူလိုက်နှင့် ပါလိုက်အရော၊ ဂုံနီအိတ်ဖြတ်စလည်းသုံးနိုင်သည်။ မြေအခြေခံပွားစာတွင် မှိုပွားစာဟောင်း မြေဆွေးထည့်ပါက ကယ်လစီယံကလိုရိုက်ထည့် သကဲ့သို့ မိုက်ခရိုဂရင်း  သိုလှောင်သက်တမ်းရှည်သည်။
  • ၄။ ပျိုးဗန်းတွင် ပွားစာထည့်ပါ။ ဖိသိပ်မှုမများရ။ အောက်ခြေ အစိုဓာတ်မများအောင် သတိထားရမည်။ သဘာဝအလင်းရောင်တွင် တနေ့လျှင် အနည်းဆုံး နေရောင် ၄ နာရီ လိုသည်။ အလင်းရောင်အားနှင့် အလင်းကာလ အရေးကြီးသည်။ ရေမတင်အောင်ဖြန်းပါ၊ အလင်းနှင့် အပူချိန်အတွက် စိုက်စင်တွင် အမိုးပြုလုပ်ပေးပါ။
  • ၅။ အစိုဓာတ်မများရ၊ ပျိုးဗန်းကို ပလပ်စတစ်အုပ်ပါ။ နေ့စဥ်အစိုဓာတ်စစ်ပါ၊ မျိုးစေ့အမျိုးအစားအလိုက် ၂-၃ ရက်တွင် မျိုးညှောက်ပေါက်သည်။ ပလပ်စတစ်ဖွင့်ပါ။
  • ၆။ ရေတစ်နေ့တစ်ကြိမ်ဖြန်းပါ။ ၇-၁ဝရက်တွင် မြေကြီးအပေါ်ပိုင်းကို ဖြတ်ယူပြီး စားသုံးနိုင်သည်။
  • ၇။ မိုက်ခရိုဂရင်းများကို ရေဆေးသန့်စင်ပါ။ ပိုလီသင်းအိတ်များသုံးပြီး ထုတ်ပိုးပါ။ အပူချိန် ၅ ဒီဂရီ ဆယ်စီးယပ်တွင် သိမ်းဆည်းပါ။

မှတ်ချက်

အိမ်တွင်းစိုက်ပါက ပြတင်းပေါက်အနား အလင်းရသည့်နေရာတွင်စိုက်ပါ။ အလင်းရောင်၊ အပူချိန်၊ အစိုဓာတ်သည် အလွန်အရေးကြီးသည်။

ကိုးကား

Bhaswant, M.; Shanmugam, D.K.; Miyazawa, T.; Abe, C.; Miyazawa, T. Microgreens—A Comprehensive Review of Bioactive Molecules and Health Benefits. Molecules 2023, 28, 867. https://doi.org/ 10.3390/molecules28020867

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်