ကောင်းကျိုးထက် ဆိုးကျိုးပိုစေနိုင်တဲ့ ရောစပ်ဖျန်းပက်ခြင်း
ပိုးသတ်ဆေးများအား ရောစပ်ပက်ဖျန်းခြင်းနှင့်ပတ်သက်၍ ပထမဦးစွာ ‘ပိုးသတ်ဆေး’ ကို တောင်သူများနားလည်ဖို့ ရှင်းပြရန်လိုအပ်မည်ဟု ယူဆပါသည်။ အင်းဆက်သတ်ဆေး၊ ရောဂါ သတ်ဆေး (မှိုသတ်ဆေး၊ ဘက်တီးရီးယားဆေး၊ နီမတုတ်သတ်ဆေး)၊ ပေါင်းသတ်ဆေး စသည် တို့ကို “ပိုးသတ်ဆေး” ဟု ခေါ်ပါသည်။
တောင်သူများ၊ သီးနှံစိုက်ပျိုးသူများအနေဖြင့် သီးနှံများအား ဖျက်ပိုးအန္တရာယ်မှ ကာကွယ်ရန်၊ နှိမ်နင်းရန်အတွက် ပိုးသတ်ဆေးများ (အင်းဆက်သတ်ဆေးများ၊ မှို/ဘက်တီးရီးယား ရောဂါသတ်ဆေး၊ ပေါင်းသတ်ဆေးများ) များအား အသုံးပြု ပက်ဖျန်းရာတွင် လုပ်သားရှားပါးခြင်းကိုဖြေရှင်းရန်၊ အချိန်ကုန်သက်သာစေရန်၊ လုပ်သားကုန်ကျစရိတ် သက်သာစေရန်၊ တစ်မျိုးထက်ပိုသော ပိုးမွှားရောဂါနှင့် ပေါင်းပင်များကိုနှိမ်နင်းရန်၊ အချိန်နှင့်တစ်ပြေးညီ ကာကွယ်နှိမ်နင်းရန်၊ တစ်ချိန်ထဲတွင် ဖျက်ပိုးတစ်မျိုးထက်ပို၍ ကာကွယ်နှိမ်နင်းရန် စသောအကြောင်းအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ပိုးသတ်ဆေးများအား နှစ်မျိုးသို့မဟုတ် နှစ်မျိုးထက်ပို၍ ရောစပ်ပက်ဖျန်းခြင်း သို့မဟုတ် ပိုးသတ်ဆေးများအား ရွက်ဖျန်းမြေဩဇာများနှင့် ရောစပ်ပက်ဖျန်းခြင်းတို့အား မိမိတို့စိတ်ကြိုက်၊ မိမိတို့သဘောဆန္ဒအလျောက်လည်းကောင်း သို့မဟုတ် တစ်စုံတစ်ဦး၏ အကြံပေးချက်အရလည်းကောင်း ပြုလုပ် ဆောင်ရွက်လျှက်ရှိပါသည်။ ဖြစ်နိုင်ပါကမိမိ အသုံးပြုလိုသော ပိုးသတ်ဆေးများ၊ ရွက်ဖျန်းမြေဩဇာများအား သပ်သပ်စီ၊ တစ်ရက်စီ သီးခြားဖျန်းသင့်ပါသည်။
သို့သော် တောင်သူများ၏ လက်တွေ့ ကြုံတွေ့နေရသော လယ်ယာလုပ်သားရှားပါးမှု၊ လုပ်သား ကုန်ကျစရိတ်များပြားမှု စသည့်အချက်များကြောင့် ပိုးသတ်ဆေးရောစပ်သုံးစွဲခြင်းများအား မည်သို့သောစမ်းသပ်မှုများ ပြုလုပ်မှုမရှိဘဲ စိတ်ကြိုက်ရောစပ်သုံးစွဲနေပါက ကောင်းကျိုးထက် ဆိုးကျိုးကိုသာပို၍ ဖြစ်စေနိုင်သဖြင့် တောင်သူများအား နိုင်ငံတကာတွင် အသုံးပြုနေသည့် ပိုးသတ်ဆေးများ ရောစပ်သုံးစွဲခြင်းမပြုမီ ကြိုတင်စမ်းသပ်သော၊ ( Jar Test/ Compatibility Test ) ကို သိရှိစေရန်နှင့် စမ်းသပ်ပြီးမှသာ ရောစပ်သုံးစွဲသင့်ပါသည်။
ဒေါက်တာဝင်းသန်း (DOA, PPD)
ရောစပ်သုံးစွဲခြင်းမပြုမီ ကြိုတင်စမ်းသပ်တဲ့နည်းကို နောက်ဆောင်းပါးမှာ ဆက်လက်ဖော်ပြသွားပါ့မယ်ရှင်။
အေးအေးမိုး
လွန်ခဲ့သော ၄ နှစ် ကအခုမှ သေချာ သိရတယ်။ ကျေးဇူးပါရှင့်
ဆက်စပ်မေးခွန်းများ
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
Khaing Zin Thet • ဖြေကြားချက် 0 ခု
အရွက်တေဒီလို အရောင်ဖြစ်တာ ဘာကြောင့်လဲဗျ အရွက်တေကုတ်သလိုလဲ ဖြစ်တယ်
Htet Lin • ဖြေကြားချက် 1 ခု
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 4 ခု
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
မောပ်တိုးတတ် • ဖြေကြားချက် 3 ခု
မျှားနီ တောင်ပေါ်သား(979)မျိုးဟာ အပင်တစ်ပင်ရဲ့ သက်တန်းတစ်လျှောက်လုံးမှာ အမြင့်ဆုံး ပိဿာချိန် ဘယ်လောက်ထိ ထွက်နိုင်ပါသလဲဗျ စိုက်ဖူးတဲ့ဆရာကြီးများ ပြန်ဖြေပေးကြပါခင်ဗျား။ ကျနော်က အခုမှစစိုက်မှာမို့လို့ပါဗျ။
Kyaw Soe Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026