🌾 သွင်းအားစုတွေဈေးမြောက်နေတဲ့ မိုးစပါးရာသီမှာ အထွက်နှုန်းတွေတိုးဖို့ တွေးရကြပ်နေပြီလား?
ပုလဲလိုမျိုး သွင်းအားစုတွေအစား ဘယ်လိုမြေဩဇာတွေ အစားထိုးလျှော့ချသုံးစွဲကြမလဲဆိုတာတွေကစလို့
ကျရောက်တတ်တဲ့ ပိုးမွှားရောဂါတွေကိုပါ အသေးစိတ်ရှင်းပြသင်ကြားပေးမယ့်
အစိမ်းရောင်လမ်းရဲ့ မိုးစပါးအတူစိုက်ပျိုးမယ့် သင်တန်း + ကြီးကြပ် ပရိုဂရမ်ဟာ မကြာခင် ဦးကြီးတို့ရှေ့ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

👉 ဒီအစီအစဉ်ထဲမှာဆိုရင် –
✅ မြေပြုပြင်ခြင်းကနေစပြီး
✅ ရိတ်သိမ်း၊ ချွေလှေ့နည်းတွေ သိုလှောင်နည်းတွေကို စနစ်တကျသင်ပေးသွားမယ်။
💬 အခက်အခဲရှိလာရင်လည်း ပညာရှင်တွေနဲ့ အစိမ်းရောင်လမ်းဆော့ဝဲရဲ့ မိုးစပါးစိုက်ဂရုထဲမှာ တစ်ယောက်ချင်းစီ တိုက်ရိုက်မေးမြန်းလို့ရမယ့်အပြင်
🎁 နောက်ထပ် ဘောနပ်စ်ပေးမယ့် လက်ဆောက်တစ်ခုက
📱စိုက်ပျိုးရာသီတစ်လျှောက် လုပ်ဆောင်ချက်တွေကို ခြေရာခံပြီး QR Code ထိ ထုတ်လို့ရတဲ့ “အစိမ်းရောင်မှတ်တမ်း”နဲ့ ကြီးကြပ်ကာ မိုးစပါးကို အစိမ်းရောင်လမ်းရဲ့ ပညာရှင်တွေနဲ့ အတူ စိုက်ပျိုးခွင့် ရရှိမှာပဲ ဖြစ်ပါတယ်။
ဒီပရိုဂရမ်လေးဟာ မိုးစပါးရိတ်သိမ်းပြီးချိန်ထိ ကြာမြင့်မှာဖြစ်ပြီးတော့
💻 Zoom Platform ကို အသုံးပြု သင်ကြားပေးမှာပဲ ဖြစ်ပါတယ်။
ဆိုတော့ ပါဝင်ဖို့ ရယ်ဒီပဲလားဗျို့ 📣
ပါဝင်ကြမယ့် တို့တောင်သူဦးကြီးတို့ Comment မှာ မန့်ပေးသွားကြပါဦးနော် 🥰