မိုးစပါးစိုက်သင်တန်း အပတ်စဉ်(၁)

27/05/2025 10:12 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

🧑‍🏫 အစိမ်းရောင်လမ်းရဲ့ ပညာရှင်တွေနဲ့  ပထမဦးဆုံးအကြိမ်ကျင်းပတဲ့ မိုးစပါးအတူစိုက်ပျိုးကြမယ့်  သင်တန်း+ ကြီးကြပ် ပရိုဂရမ်ကို တောင်သူဦးကြီးဒေါ်ကြီးတို့ အခုပဲ ပါဝင်နိုင်ပါပြီ...

ဒီသင်တန်းမှာဆိုရင်... 🌾

1️⃣  မိုးစပါး အထွက်နှုန်းတိုးစေဖို့ မြေပြင်ကတည်းက ကြိုတင်ချိန်ညှိသင့်တဲ့ မြေချဉ်ငန်ကိန်း

2️⃣ ကိုယ့်လယ်မြေနဲ့ကိုက်တဲ့ မြေခံ၊ ဓာတ်မြေဩဇာရွေးချယ်နည်း

3️⃣ မြေပြုပြင်ရာမှာ ကျသင့်တဲ့ ကုန်ကျစရိတ်နဲ့ မြေဆီလွှာပျက်စီးမှုတွေကို လျှော့ချနိုင်ဖို့အတွက် မှန်ကန်တဲ့ထွန်စက်ရွေးချယ်နည်းအပါအဝင်

4️⃣ အစိမ်းရောင်လမ်းဆော့ဝဲထဲက မြေဧကတိုင်းနည်းနဲ့ လုပ်ငန်းရှင်တောင်သူတစ်ယောက်ဖြစ်လာစေဖို့ စနစ်တကျ ကုန်ကျစရိတ်မှတ်နည်းတို့ကို 

🌾သင်ကြားပြသပေးမယ့် အစိမ်းရောင်လမ်းရဲ့ မိုးစပါးစိုက်သင်တန်း အပတ်စဉ်(၁)ဟာဆိုရင် မေလ ၃၁ ရက်ကို စတင်တော့မှာပဲ ဖြစ်ပါတယ်။

သင်ခန်းစာအပတ်စဉ် ၁ ခု အတွက် သင်တန်းကြေးအနေနဲ့ ၂၂၀၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။

⌚️သင်တန်းချိန်ကတော့ မြန်မာစံတော်ချိန် ည ၇ နာရီကနေ ၉ နာရီအထိ (၄) ရက်ကြာ ကျင်းပမှာဖြစ်ပြီး Zoom Platform ကိုအသုံးပြုသင်ကြားပေးသွားမှာပါ။

💻 တိုက်ရိုက်သင်ကြားဖို့ မအားတဲ့ မိတ်ဆွေတောင်သူတွေအတွက် 

👉 Recorded Video များကို အစိမ်းရောင်လမ်းဆော့ဝဲရဲ့ မိုးစပါးစိုက်တောင်သူအဖွဲ့အတွင်း ပြန်လည်ကြည်ရှုနိုင်ခြင်း

👉 မရှင်းမလင်းတာတွေကိုလည်း ပညာရှင်တွေနဲ့ အစိိမ်းရောင်လမ်းဆော့ဝဲအတွင်း တိုက်ရိုက်ပြန်လည် မေးမြန်းနိုင်ခြင်းအပြင်

👉 အစိမ်းရောင်လမ်းရဲ့ ပရီမီယမ်တောင်သူဖြစ်ခွင့် တစ်နှစ်စာကိုပါ ဘောနပ်စ်အနေနဲ့ ရရှိမှာပဲ ဖြစ်ပါတယ်။

အစိမ်းရောင်လမ်းအနေနဲ့ ထိရောက်တဲ့ အကြံပေးမှုတွေပေးနိုင်ဖို့အတွက် သင်တန်းသားဦးရေလည်း ကန့်သတ်ထားတာမို့ မိုးစပါးအတူစိုက်ပျိုးကြမယ့် ဦးကြီးတို့က အခုပဲ  စာရင်းပေးသွင်းဖို့အတွက် Page Messenger ကို မြန်မြန်လေးပြေးလာခဲ့လိုက်ကြတော့နော်... 👩‍🌾

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်