မျိုးစေ့မမှန် ပင်မသန်တဲ့ 🌾
ဘယ်လောက်ကောင်းတဲ့ မြေဩဇာကိုထည့်ထည့် မျိုးရွေးချယ်မှားလို့ကတော့ အထွက်နှုန်းကောင်းကောင်း ရမှာမဟုတ်ဘူးဆိုတာ တို့တောင်သူဦးကြီးတို့ သိကြတယ်ဟုတ်..
ဒီပြဿနာကို ဖြေရှင်းပေးဖို့ လာမယ့် ဇွန်လ ၂၁ ရက်နေ့မှာ ဒေသနဲ့ကိုက်ညီတဲ့ မျိုးစပါးကို လက်တွေ့တွေ့ရွေးချယ်နည်းဆိုတဲ့ ခေါင်းစဉ်နဲ့ အပင်မျိုးမွေးမြူရေးပညာရှင် ဒေါက်တာစုလတ်ဖြူက သင်ကြားပြသပေးမှာ ဖြစ်ပါတယ်။
👩🏫 ဆရာမဟာဆိုရင် အပင်မျိုးစပ်မွေးမြူရေးပညာနဲ့ ပါရဂူဘွဲ့ရရှိထားသူဖြစ်ပြီးတော့
တို့တောင်သူဦးကြီးတို့
မျိုးရွေးမှားလို့ ဆုံးရှုံးရတဲ့ပြဿနာတွေရဲ့ ဒေသအလိုက် ဖြေရှင်းနည်းကို ရှင်းလင်းပေးသွားမှာ ဖြစ်ပါတယ်။
🌾 ယခုသင်တန်းဟာဆိုရင် အစိမ်းရောင်နဲ့အတူ မိုးစပါးစိုက်ပျိုးလို့ရတဲ့ သင်တန်းရဲ့ သင်ခန်းစာ ၂ ထဲမှာပါဝင်တဲ့ ခေါင်းစဉ်အခွဲတစ်ခုဖြစ်ပြီးတော့
မြန်မာစံတော်ချိန် ည ၇ နာရီမှာ Zoom Platform ကို အသုံးပြု သင်ကြားသွားမှာ ဖြစ်ပါတယ်။
💻 တိုက်ရိုက်သင်ကြားဖို့ မအားတဲ့ မိတ်ဆွေတောင်သူတွေအတွက် Recorded Video များကို အစိမ်းရောင်လမ်းဆော့ဝဲရဲ့ မိုးစပါးစိုက်တောင်သူအဖွဲ့အတွင်း ပြန်လည်တင်ပေးသွားမှာမို့
မရှင်းမလင်းတာတွေကိုလည်း ပညာရှင်တွေနဲ့ တိုက်ရိုက်ပြန်လည်မေးမြန်းနိုင်ပါတယ်နော်
သင်တန်းသားဦးရေလည်း အကန့်အသတ်ရှိတာမို့လို့ အစိမ်းရောင်လမ်းနဲ့အတူ မိုးစပါးစိုက်ပျိုးကြမယ့် ဦးကြီးတို့က အခုပဲ စာရင်းပေးသွင်းဖို့အတွက် Page Messenger ကို မြန်မြန်လေးပြေးလာခဲ့လိုက်ကြတော့နော်... 👩🌾
သင်တန်းကြေးအနေနဲ့ကတော့
1️⃣ ဆရာကြီးဦးသိန်းဆုရဲ့ အိမ်တွင်းဖြစ်သဘာဝမြေဩဇာများနှင့် သဘာဝပိုးမွှားရောဂါကာကွယ်ဆေးများအကြောင်း
2️⃣ ဆရာဦးအေးနိုင်ရဲ့ အထွက်နှုန်းတိုးပြီး ရောဂါကင်းစေတဲ့ စပါးစိုက်ပျိုးနည်းနဲ့
3️⃣ ဆရာမဒေါက်တာစုလတ်ဖြူရဲ့ ဒေသနဲ့ကိုက်ညီတဲ့ မျိုးရွေးချယ်နည်းအကြောင်းပါဝင်တဲ့ သင်တန်း ၃ ခုလုံးအတွက် မြန်မာကျပ်ငွေ ၂၂၀၀၀ ကျပ်ပဲ ဖြစ်ပါတယ်။