မျိုးစပါးရွေးချယ်နည်းနဲ့ ကုန်ကျစရိတ်လျော့နည်းစွာ နည်းစနစ်မှန်မှန် စိုက်ပျိုးပြုစုနည်းသင်တန်း

11/06/2025 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အစိမ်းရောင်လမ်းရဲ့ ပညာရှင်တွေနဲ့  ၄ လကြာအတူမိုးစပါးစိုက်ပျိုးကြမယ့် သင်တန်းရဲ့ သင်ခန်းစာ ၂ ဖြစ်တဲ့ မျိုးစပါးရွေးချယ်နည်းနဲ့ 

ကုန်ကျစရိတ်လျော့နည်းစွာ နည်းစနစ်မှန်မှန် စိုက်ပျိုးပြုစုနည်း အကြောင်းကို အခုပဲအပ်နှံနိုင်ပါပြီ ..

သင်ခန်းစာ ၂ မှာဆိုရင်... 🌾

1️⃣ ဆရာကြီးဦးသိန်းဆုရဲ့ အိမ်တွင်းဖြစ်သဘာဝ​မြေဩဇာများနှင့် သဘာဝပိုးမွှား​ရောဂါကာကွယ်​ဆေးများအကြောင်း

2️⃣ ဆရာဦးအေးနိုင်ရဲ့ အထွက်နှုန်းတိုးပြီး ရောဂါကင်းစေတဲ့ စပါးစိုက်ပျိုးနည်းနဲ့

3️⃣ ဆရာမဒေါက်တာစုလတ်ဖြူရဲ့ ဒေသနဲ့ကိုက်ညီတဲ့ မျိုးရွေးချယ်နည်းအကြောင်းပါဝင်မှာ ဖြစ်ပါတယ်။

🌾ယခုသင်တန်းဟာဆိုရင် ဇွန်လ ၁၉ - ၂၂ ရက်အထိ ၄ ရက်အကြာ သင်ကြားပြသမှာဖြစ်ပြီးတော့ မြန်မာကျပ်ငွေ  ၂၂၀၀၀ ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်။

⌚️သင်တန်းချိန်ကတော့ မြန်မာစံတော်ချိန် ည ၇ နာရီကနေ ၉ နာရီအထိ  Zoom Platform ကနသင်ကြားပေးသွားမှာပါ။

💻 တိုက်ရိုက်သင်ကြားဖို့ မအားတဲ့ မိတ်ဆွေတောင်သူတွေအတွက်

👉 Recorded Video များကို အစိမ်းရောင်လမ်းဆော့ဝဲရဲ့ မိုးစပါးစိုက်တောင်သူအဖွဲ့အတွင်း ပြန်လည်ကြည်ရှုနိုင်ခြင်း

👉 မရှင်းမလင်းတာတွေကိုလည်း ပညာရှင်တွေနဲ့ အစိိမ်းရောင်လမ်းဆော့ဝဲအတွင်း တိုက်ရိုက်ပြန်လည် မေးမြန်းနိုင်ခြင်းအပြင်

👉 အစိမ်းရောင်လမ်းရဲ့ ပရီမီယမ်တောင်သူဖြစ်ခွင့် တစ်နှစ်စာကိုပါ ဘောနပ်စ်အနေနဲ့ ရရှိမှာပဲ ဖြစ်ပါတယ်။

အစိမ်းရောင်လမ်းအနေနဲ့ ထိရောက်တဲ့ အကြံပေးမှုတွေပေးနိုင်ဖို့အတွက် သင်တန်းသားဦးရေလည်း ကန့်သတ်ထားတာမို့ မိုးစပါးအတူစိုက်ပျိုးကြမယ့် ဦးကြီးတို့က အခုပဲ စာရင်းပေးသွင်းဖို့အတွက် Viber Ph number ဖြစ်တဲ့ 095053570ကို မြန်မြန်လေးပြေးလာခဲ့လိုက်ကြတော့နော်...


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်