ပညာသင်ဆု လျှောက်ထားနိုင်ပါပြီ... 👩🎓
🌾 အစိမ်းရောင်လမ်းနဲ့အတူ မိုးစပါးစိုက်ပျိုးနိုင်တဲ့ သင်တန်း+ ကြီးကြပ် ပရိုဂရမ်ရဲ့ သင်ခန်းစာ (၂) မှာဆိုရင်
1️⃣ ဆရာကြီးဦးသိန်းဆုရဲ့ အိမ်တွင်းဖြစ်သဘာဝမြေဩဇာများနှင့် သဘာဝပိုးမွှားရောဂါကာကွယ်ဆေးများအကြောင်း
2️⃣ ဆရာဦးအေးနိုင်ရဲ့ အထွက်နှုန်းတိုးပြီး ရောဂါကင်းစေတဲ့ စပါးစိုက်ပျိုးနည်းနဲ့
3️⃣ ဆရာမဒေါက်တာစုလတ်ဖြူရဲ့ ဒေသနဲ့ကိုက်ညီတဲ့ မျိုးရွေးချယ်နည်းအကြောင်းပါဝင်မှာ ဖြစ်ပါတယ်။
ဒီသင်တန်းအတွက် ပညာသင်ဆု ၁၄ ဦးစာကို ဆရာမဒေါ်သိန်းသိန်းအောင်မှ မိခင်ကြီး ဒေါ်ခိုင်ခိုင် ကွယ်လွန်ခြင်း (၄) နှစ်ပြည့်အတွက် ရည်စူးပြီး ပညာသင်ဆု ချီးမြှင့်ထားတာမို့လို့
သင်တန်းတက်ရောက်ရန် အမှန်တကယ်လိုအပ်နေသူများ အောက်ပါ လျှောက်လွှာကနေ ဖောင်ဖြည့်နိုင်ပြီပဲဖြစ်ပါတယ်ရှင့်
https://docs.google.com/forms/d/1nkGdVgwuZNPlid9SR7FneoERkm6WZztdE-d21cr8ofI/edit#responses
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်