စပါးရေသွင်းရေထုတ်စီမံခန့်ခွဲနည်း သင်တန်း

10/07/2025 12:27 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

🌾 စပါးပင်တစ်ပင်ကို ရေဘယ်လောက် ထိလောင်းဖို့လိုတာလဲ ?

🌾 ဘယ်လိုပုံစံနဲ့ ရေသွင်းတာက ကိုယ့်စိုက်ခင်းအတွင်း အဆင်ပြေဆုံးဖြစ်မလဲ ?

🌾 အပင်ရေဆာချိန်နဲ့ ရေသွင်းချိန်ကိုက်ညီအောင် ဘယ်လိုစီမံခန့်ခွဲကြမလဲ ဆိုတာတွေအပြင် 

⛈ တောင်သူတွေအပါအဝင် လူတိုင်းသိထားသင့်တဲ့ အနီးစပ်ဆုံးမှန်နိုင်မယ့် မိုးလေဝသဒေတာခန့်မှန်းနိုင်မယ့် နည်းလမ်းကို ဇူလိုင် ၁၄, ၁၅ ရက်များမှာ 

မိုးလေဝသပညာရှင် ဆရာဦးဝင်နိုင်နဲ့ စိုက်ပျိုးရေးပညာရှင် ဦးအေးနိုင်က Zoom meeting ကို အသုံးပြုပြီး မြန်မာစံတော်ချိန် ည ၇ နာရီမှာ သင်ကြားပေးတော့မှာ ဖြစ်ပါတယ်။

💻 တိုက်ရိုက်သင်ကြားဖို့ မအားတဲ့ မိတ်ဆွေတောင်သူတွေအတွက်

👉 Recorded Video များကို အစိမ်းရောင်လမ်းဆော့ဝဲရဲ့ မိုးစပါးစိုက်တောင်သူအဖွဲ့အတွင်း ပြန်လည်ကြည့်ရှုနိုင်ခြင်း

👉 မရှင်းမလင်းတာတွေကိုလည်း ပညာရှင်တွေနဲ့ အစိိမ်းရောင်လမ်းဆော့ဝဲအတွင်း တိုက်ရိုက်ပြန်လည် မေးမြန်းနိုင်ခြင်းအပြင်

👉 အစိမ်းရောင်လမ်းရဲ့ ပရီမီယမ်တောင်သူဖြစ်ခွင့် တစ်နှစ်စာကိုပါ ဘောနပ်စ်အနေနဲ့ ရရှိမှာပဲ ဖြစ်ပါတယ်။

အစိမ်းရောင်လမ်းအနေနဲ့ ထိရောက်တဲ့ အကြံပေးမှုတွေပေးနိုင်ဖို့အတွက် သင်တန်းသားဦးရေလည်း ကန့်သတ်ထားတာမို့ အစိမ်းရောင်လမ်းရဲ့ messenger ဒါမှမဟုတ် Viber number ဖြစ်တဲ့ 095053570 မှာ အခုပဲ စာရင်းပေးသွားနိုင်ပါပြီနော်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်