🌾 အာဟာရချို့တဲ့လို့ ဖြစ်တဲ့လက္ခဏာနဲ့ ပိုးရောဂါကျလို့ ဖြစ်တဲ့ လက္ခဏာတွေကို အခုထိရောထွေးနေတုန်းလား?
🌾 စပါးပင်ကြိုက်တဲ့ အာဟာရတွေကိုရော ဘယ်အချိန်မှာ ဘယ်လောက်ထည့်ပေးရမယ်ဆိုတာကွဲကွဲပြားပြားသိပြီလား?
No ဆိုရင်တော့ ...
အထွက်ကောင်းပြီး အရည်အသွေးပြည့်မီတဲ့ ဆန်ကို ရရှိဖို့ အစိမ်းရောင်လမ်းရဲ့ မိုးစပါးစိုက် သင်တန်း+ ကြီးကြပ်ပရိုဂရမ် (သင်ခန်းစာ - ၅) မှာ စပါးပင်ရဲ့ အာဟာရအကြောင်းကို
အစိမ်းရောင်လမ်းရဲ့ စိုက်ပျိုးရေးပင်တိုင်ပညာရှင် ဦးမောင်မောင်ထွေးနဲ့
ယခုလက်ရှိ Senior Agronomist အဖြစ် တာဝန်ယူလုပ်ကိုင်နေတဲ့ ဥယျာဉ်ခြံသီးနှံအထူးပြုပညာရှင် ဆရာမဒေါ်ဇာဇာဝင်းက
ဇူလိုင်လ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ Zoom meeting ကို အသုံးပြုပြီး သင်ကြားပေးမှာဖြစ်ပါတယ်။
သင်တန်းကြေးကတော့ မြန်မာငွေကျပ် ၂၂၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပြီးတော့
👉 တိုက်ရိုက်သင်ကြားဖို့ မအားတဲ့ မိတ်ဆွေတွေအတွက်လည်း Recording ကို အစိမ်းရောင်လမ်းရဲ့ မိုးစပါးစိုက်ပျိုးသူများ သီးသန့်အဖွဲ့ထဲ ပြန်လည်တင်ပေးသွားမှာဖြစ်ပြီး
👉 မရှင်းလင်းတာကိုလည်း ပြန်လည်ပြီး မေးမြန်းလို့လည်း ရသွားအောင် စီစဉ်ထားတာမို့လို့
စိတ်ဝင်စားသူများ အခုပဲ အစိမ်းရောင်လမ်းရဲ့ page messenger ဒါမှမဟုတ် 095053570 Viber number ကို အခုပဲ ဆက်သွယ်စာရင်းပေးနိုင်ပါပြီ

မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်