စပါးရိတ်သိမ်းချိန်လွန်နည်းပညာနှင့် ကြွက်ကာကွယ်နှိမ်နင်းနည်း သင်တန်း

22/08/2025 16:51 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စပါးရိတ်သိမ်းချိန်မှာ အလေအလွင့်နည်းပါးပြီး အရည်အသွေးအကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းထားနိုင်မယ့် နည်းပညာများကို 

ရိတ်သိမ်းချိန်လွန် နယ်ပယ်မှာ နှစ် ၂၀ ခန့် သင်ကြားပို့ချပေးနေတဲ့ ပညာရှင် Dr. မျိုးအောင်ကျော်ကိုယ်တိုင် အစိမ်းရောင်လမ်းရဲ့ မိုးစပါး သင်တန်း+ ကြီးကြပ်ပရိုဂရမ်မှာ လာရောက်သင်ကြားပြသပေးတော့မှာပဲ ဖြစ်ပါတယ်။ 

ဆရာက 

🌾 စပါးရိတ်သိမ်းချိန် ဆုံးရှုံးလေ့ရှိတဲ့ အလေအလွင့်များကို ကာကွယ်နိုင်မယ့်နည်းလမ်းများနဲ့ 

🌾 အရည်အသွေးကောင်းတဲ့ ဆန်ထွက်ရှိလာဖို့ အရေးကြီးတဲ့ စပါးအခြောက်ခံစက်များအကြောင်းကို 

စက်တင်ဘာ ၂ , ၃ ရက်များရဲ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ သင်ကြားမှာဖြစ်ပြီးတော့ 

👉 စပါးသိုလှောင်ချိန်ရဲ့ အဓိကရန်သူဖြစ်တဲ့ ကြွက်အကြောင်းကို သုတေသနပြုလုပ်ထားသူ ကြွက်သုတေသီက စက်တင်ဘာ ၄ ရက်မှာ အတူတွဲဖက်သင်ကြားပေးသွားမှာပါ။ 

တိုက်ရိုက်သင်ကြားဖို့ မအားတဲ့ မိတ်ဆွေတို့အတွက် အစိမ်းရောင်လမ်းရဲ့ မိုးစပါးဂရုမှာ Recording Video များကို ပြန်လည်တင်ပေးသွားမှာမို့လို့ 

သင်တန်းတက်ရောက်ဖို့ စိတ်ဝင်စားတဲ့ မိတ်ဆွေတို့က အခုပဲ Page Messenger ဒါမှမဟုတ် အစိမ်းရောင်လမ်းရဲ့ Viber Number 095053570 သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီရှင်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်