၂၀၂၀ ခုနှစ်နောက်ပိုင်း “ဝါး”စိုက်ဧကများ ပိုမိုတိုးပွားလာနိုင်

09/07/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ၂၀၂၀ ခုနှစ် နောက်ပိုင်းကာလများတွင် ပြည်တွင်းရှိ“ဝါး”စိုက်ဧကများ ပိုမိုတိုးပွားလာနိုင် ခြေရှိနေကြောင်း မြန်မာနိုင်ငံ “ဝါး”စိုက်ပျိုးရေးအသင်းမှ သုံးသပ်သည်။

ရှမ်းတောင်၊ ရှမ်းမြောက်၊ တောင်ငူ၊ ရေနံချောင်း၊ မကွေးတို့ဘက်မှာဆို အားရစရာ အင်မတန်ကောင်းပါတယ်။ စိုက်ဧကတွေလည်း တိုးချဲ့စိုက်လာကြပြီ။ စမ်းသပ်စိုက်ကွက်ကနေ လေးနှစ်လောက် အောင်မြင်ပြီဆိုတာနဲ့ ဆက်တိုက်စိုက်လာကြတာ။ ရေရှည်အတွက် သုံးသပ်ရရင်တော့ “ဝါး”စိုက်ဧက များလာဖို့ရှိပါတယ်။ ၂၀၂၀ ခုနှစ်မှာ “ဝါး”ပျိုးပင် မှာယူမှုများလာတာတွေ့ရတယ်။ ထိုင်ဝမ်ဝါးမျိုးတွေဆိုရင် ပစ္စည်းပြတ်သလောက် ဖြစ်သွားပြီ။

ဟု မြန်မာနိုင်ငံ “ဝါး”စိုက်ပျိုးရေးအသင်း ဥက္ကဌ ဦးကျော်ဝင်း က ပြောသည်။

    ဝါးကိုအသုံးပြု၍ အိမ်တွင်းမှုသုံး ဝါးလက်မှုထည်များ၊ နှီးဖြာပြီးထုတ်လုပ်သည့် နှီးလက်မှုထည်များ၊ ကွမ်းခြံတိုင်၊ ခြံစည်းရိုးတိုင် အစရှိသည်တို့ကို ထုတ်လုပ်နိုင်သည့်အပြင် ပိုလျှံပါက ထင်းအဖြစ်လည်း အသုံးပြုနိုင်သည်။

ဝါးပင်က ရေမပေးရင်လည်း ဖြစ်ထွန်းတယ်။ ရေပေးနိုင်ရင်တော့ သူများအပင်တွေ မျှစ် လေးငါးချောင်း ထွက်တာထက်ကို ပိုပြီးထွက်တယ်။ ဝါးပင်က အကြမ်းခံတယ်။ ရေမပေးနိုင်လည်း ပေါက်တာပဲလေ။ မီးလောင်လည်း ပြန်ပေါက်တာပဲ၊ မိုးခေါင်မှာလည်း မကြောက်ရဘူး၊ နေ့စဉ်ပြုစုယုယဖို့လည်း မလိုဘူး။ မျှစ်ထွက်တဲ့အချိန်လေးပဲ နည်းနည်း ကြည့်ရှု့ဖို့လိုအပ်တာ။ ကျန်တဲ့အချိန်မှာက ဘာမှသိပ်မခက်ခဲဘူး။ အပင်လာခိုးမယ့် သူခိုးရန်လည်း ကြောက်ဖို့မလိုဘူး။

ဟု ဦးကျော်ဝင်း က ဆက်လက်ပြောသည်။

    ဝါးပင်ကို မြန်မာနိုင်ငံနေရာအနှံ့အပြား၌ တွေ့ရှိနိုင်ပြီး၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ နေပြည်တော် စသည့်ဒေသများ၌လည်း စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်