ပန်းဈေးကွက်ကျဆင်းမည်ကို စိုးရိမ်သဖြင့် ပန်းစိုက်တောင်သူအများစု ယခုနှစ်တွင် သင်္ဘောပင်များနှင့်မျှတစိုက်ပျိုးခဲ့ကြ

01/01/2022 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

၂၀၂၁ ခုနှစ် ပန်းစိုက်ရာသီအတွင်း ပန်းဈေးကွက်ကျဆင်းမှုကြုံမည်ကို စိုးရိမ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ ပန်းစိုက်တောင်သူအများစုမှာ ပန်းနှင့်သင်္ဘောပင်များကို မျှတစိုက်ပျိုးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

"နှစ်တိုင်း ကျွန်တော်တို့ဒေသမှာ ဂန္ဓမာပန်းကို အများဆုံးစိုက်တယ်။ သီရိမင်္ဂလာဈေး ပန်းဈေးကွက်မှာဆို ခရမ်းကထွက်တဲ့ပန်းဆိုပြီး နာမည်ရတယ်။ ဒီနှစ်တော့ စိုက်ပျိုးရေးဆေးဖိုးတွေ ဈေးတက်လို့ ပန်းစိုက်တာကို လျှော့စိုက်ဖြစ်ကြတာ။ ပန်းစိုက်တာက ပိုးသတ်ဆေး၊ အပင်အားဆေး စတဲ့ စရိတ်စကတွေ ပိုကုန်တယ်လေ။ ဒီနှစ်မှာ တောင်သူ ၁၀၀ မှာ ၇၀ ဦးလောက်ကို ပန်း လျှော့စိုက်တယ်။ ပန်းပင်ရေ ၂ သောင်းလောက် စိုက်တဲ့သူက ၁ သောင်းလောက် လျှော့စိုက်ပြီး၊ ကျန်တာကို သင်္ဘောပင်တွေနဲ့ မျှစိုက်လိုက်တဲ့သဘောပါ။ လျှော့စိုက်တဲ့နှစ်ကျမှ ပန်းဈေးကွက်ကလည်း ဈေးတအားကောင်းတယ်၊ ဒီလို ဈေးကွက်ကောင်းလိမ့်မယ်လို့ တောင်သူတွေလည်း ကြိုတင်မသိကြဘူးလေ။"

ဟု ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်မှ ဒေသခံတောင်သူ ကိုလွှမ်းပိုင်စိုးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အတွင်း သင်္ဘောပင်စိုက်ပျိုးရာတွင် မေလမှ စတင်စိုက်ပျိုးပြီး၊ ၈ လ ဝန်းကျင်အကြာတွင် စတင်ခူးဆွတ်လေ့ရှိသည်။ 

"သင်္ဘောပင်က မြေဆီကျွေးရတာပဲ ရှိတယ်။ ကျန်တဲ့စရိတ် သိပ်မရှိဘူး၊ တစ်နှစ်ပတ်လည်နီးပါး စိုက်ပျိုးရတဲ့အပင်လည်း ဖြစ်တယ်၊ ဈေးကွက်ကလည်း အသီးအမှည့်နဲ့အသီးစိမ်း ဈေးကွက် ၂ မျိုးရှိတော့ ဈေးကွက်ပျက်မှာကို မပူရဘူး။ ကိုဗစ်ကလည်း ဖြစ်ထားတယ်၊ နိုင်ငံရေးအခြေနေကလည်း ရှိနေတယ်၊ ဒါ့အပြင် ဆေးဖိုး မြေဆီဖိုးတွေကလည်း ဈေးအရမ်းတက်တော့ မတော်လို့ ပန်းဈေးကွက်မကောင်းခဲ့ရင် စိုက်ပျိုးစရိတ်တွေ မကာမိမှာ စိုးရိမ်ပြီး၊ ဒီနှစ်မှာ သင်္ဘောပင်နဲ့မျှစိုက်ဖြစ်ကြတာပါ။ လာမယ့်ရာသီမှာတော့ အရင်တုန်းကလိုပဲ ပန်းတွေများများ ပြန်စိုက်ကြဦးမှာပါ။"

ဟု ၎င်းက ဆက်လက်ပြောသည်။

သင်္ဘောပင် ပင်ရေ (၁၅၀) စိုက်ပျိုးပါက စိုက်ပျိုးကုန်ကျစရိတ် စုစုပေါင်း ကျပ်(၇) သိန်း ဝန်းကျင်ကုန်ကျနိုင်သည်။ ပင်ကြားတန်းကြား ၆ပေ*၇ပေ ထားစိုက်ပါက သင်္ဘောပင်ရေ ၄၀၀ ဝန်းကျင် ဝင်ဆံ့ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်