မုန်ညင်းရွက် စိုက်ပျိုးနည်း

09/01/2018 15:01 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁။ စိုက်ပျိုးသည့်ဒေသ
ကမ္ဘာ့အနှံ့အပြားတွင် စိုက်ပျိုးသည်။ မြန်မာပြည်တွင် ဒေသမရွေးစိုက်ပျိုးနိုင်သည်။ အေးသောရာသီဥတုရှိသည့် ဒေသတွင် ပိုမိုစိုက်ပျိုးကြသည်။

၂။ အမျိုးအစား
မုန်ညင်းရွက်သည် အရွက်အရောင်၊ အကြီး၊ အသေး၊ အချောအကြမ်းပေါ်မူတည်၍ အမျိုးအစားအမျိုးမျိုး ကွဲပြား ကြသည်။ မြန်မာအမည်မှာ မုန်ညင်းရွက်ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Mustard ဖြစ်သည်။

၃။ မြေနှင့်ရာသီဥတု

မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း မြေဆီဩဇာပြည့်စုံရန် အရေးကြီးသည်။ မြေညံ့တွင်နောက်ချေး၊ မြေ ဆွေး များများထည့်ပေးရန်လိုသည်။ ရေမဝပ်သောမြေ ဖြစ်ရမည့်အပြင် ခြောက်သွေ့သောမြေလည်း မဟုတ်ရပါ။ မြေ၏ အချဉ်ဓာတ်ကို အတော်အတန်ခံနိုင်ရည်ရှိပြီး pH (၅.၃) မှ (၆.၅) အထိစိုက်ပျိုးနိုင်သည်။ ကယ်ဆီယမ် နည်းသောမြေတွင် အူတိုင်ပုပ်တတ်သည်။ မိုးများသောဒေသများတွင် မိုးရေဖြင့် ကယ်ဆီယမ်ဆုံးရှုံး တတ်သော ကြောင့် အရိုးမှုန့် (ဂျစ်ပဆန်)ကို ထည့်ပေးရန်လိုသည်။ မိုးများသောရာသီတွင် ရောဂါအလွန်ကျရောက်သော ကြောင့် မိုးနည်းသောအချိန်ကို ရွေးစိုက်ရမည်။ အအေးကြိုက်သောသီးနှံဖြစ်၍ အအေးဓာတ်ကို အတော်အတန် ခံ နိုင်ရည်ရှိသည်။ တစ်နှစ်ပတ်လုံး မိုရေချိန်သင့်တင့်စွာ ရွာသွန်းသော ဒေသများတွင် မုန်ညင်းရွက်ကို တစ်နှစ်ပတ် လုံး စိုက်ပျိုးနိုင်သည်။ အသင့်တော်ဆုံး အပူချိန်မှာ (၁၅ - ၂၀) ဒီဂရီစင်တီဂရိတ်အကြား ဖြစ်သည်။

၄။ ပျိုးထောင်ခြင်း
အချို့သောဒေသများတွင် ပျိုးထောင်၍စိုက်ပျိုးသည်။ များသောအားဖြင့် တိုက်ရိုက်စိုက်ပျိုးကြသည်။ ရာသီဥတု ဆိုးရွားသော အချိန်များတွင် ပျိုးထောင်ကြသည်။ တစ်ဧကလျှင် မျိုးစေ့ (၆ - ၇) ပေါင်နှုန်း အသုံးပြုသည်။

၅။ ဓာတ်မြေဩဇာနှုန်းထား
တစ်ဧကအတွက် - နွားချေး (၁၀ - ၁၅) တန်၊ ယူရီးယား (၂၂၄) ပေါင်၊ တီစူပါ (၁၁၂) ပေါင် နှင့် ပိုတက်ရှ် (၂၈) ပေါင်

၆။ မြေပြုပြင်ခြင်း
မစိုက်ပျိုးမီ (၃-၄) ပတ်အလိုတွင် မြေပြုပြင်ရန်လိုသည်။ မြေကောင်း၊ မြေပွကြိုက်သောကြောင့် မြေမပြုပြင်မီ နွားချေး၊ မြေဆွေးချပီးမှ ထွန်၊ ထယ်လိုက်ပါ။ ထွန်ရေးကောင်းသည်အထိ မြေကိုပြုပြင်ပါ။ ရေဝပ်သောနေရာ ဖြစ် ပါက ဘောင်တင်၍စိုက်ပါ။ မစိုက်မီ ဓာတ်မြေဩဇာများကို တစ်ရက်အလိုတွင်ချပေးပါ။

၇။ စိုက်ပျိုးခြင်း
ပျိုးထောင်စိုက်ပျိုးပါက အရွက်သေးမျိုးအတွက် တစ်ပေကွာအတန်းများတွင် တစ်ပင်နှင့်တစ်ပင် ၆ လက်မ ခြား ၍ စိုက်ပါ။ အရွက်ကြီးမျိုးကို တစ်ပေအကွာတန်းများတွင် တစ်ပင်နှင့်တစ်ပင် တစ်ပေခြားစိုက်ရမည်။ အစေ့မှ အပင်ပေါက်ရန် (၅ - ၆) ရက် ကြာပြီး အရွက်အရေအတွက် (၄ - ၅) ရွက်ရလာလျှင် ပျိုးပင်များကို စိုက်ခင်းသို့ ချ နိုင်သည်။ စိုက်ပျိုးချိန်တွင် မြေကြီးတွင်း ရေအလုံအလောက်ရှိရန် အရေးကြီးသည်။ သို့မဟုတ် စိုက်ပြီးလျှင်ချက် ချင်း ရေသွင်းသင့်ပါသည်။

တိုက်ရိုက်စိုက်ပျိုးပါက တစ်တန်းနှင့်တစ်တန်း (၁ - ၁.၂၅) ပေ ကွာသောစိုက်တန်းတွင် မျိုးစေ့ကို ထူထူချပေးပြီး မြေပါးပါးဖြင့် ဖုံးပေးပါ။ အရွက် (၂ -၃) ရွက်ထွက်လာပါက တစ်ပင်နှင့်တစ်ပင် (၂ - ၃) လက်မခြားပြီး မှုန်းပေး ရမည်။ အပင်ငယ်များဆက်လက်ကြီးထွားလာ၍ အပင်ကြပ်လာတိုင်း တစ်ပင်ခြား မှုန်းပေးပါ။ စိုက်ပြီး (၂၅ - ၃၀)ရက်ကြာပါက မုန်ညင်းရွက်များ စားသုံးနိုင်ပြီဖြစ်သောကြောင့် နောက်ပိုင်း မှုန်းသောအပင်များကို စားသုံး ခြင်း၊ ရောင်းချခြင်းများ ပြုလုပ်နိုင်ပါသည်။ မုန်ညင်းကို မေလမှ ဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်ပါသည်။ 

၈။ အပင်ပြုစုခြင်း
မုန်ညင်းကိုစိုက်ပြီးပါက အစောပိုင်းပေါင်းမြက်နှိမ်ထားရန် အရေးကြီးသည်။ အပင်ကြီးမြန်ခြင်းကြောင့် အစော ပိုင်းပေါင်းနိုင်ထားပါက နောက်ပိုင်းတွင်ပေါင်းလိုက်ရ သက်သာသည်။ ပေါင်းလိုက်မြေဆွရာတွင် မထိခိုက်စေ ရန် ဂရုပြုပါ။

၉။ ရေသွင်းခြင်း
မုန်ညင်းသည် အစိုဓာတ်လုံလုံစလောက်လောက် အမြဲရှိရန်လိုသည်။ ပူအိုက်ခြောက်သွေ့သောရာသီတွင် မြေအစို ဓာတ် အမြဲရှိနေစေရန် ကောက်ရိုး၊ မြက်ခြောက်တို့ဖြင့် အပင်ခြေကို အုပ်ပေးပါ။ လိုအပ်ပါက ရေသွင်းပေးရမည်။ ရေဝပ်ဒဏ် မခံနိုင်သောကြောင့် ရေကိုလိုအပ်သည်ထက်ပို၍ မသွင်းမိရန်အရေးကြီးသည်။

၁၀။ ရိတ်သိမ်းခြင်း
အပင်များရောင်းတန်းအရွယ် ရောက်လာသောအခါ ကြပ်နေသောအပင်များကိုနှုတ်၍ သန့်စင်စွာဆေးကြောပြီး ရောင်းချနိုင်သည်။ သို့မဟုတ် အပြင်ဘက်ဆုံးအရွယ်ကြီးသော အရွက်များကိုခူး၍ ရောင်းနိုင်သည်။ အရွက်များ ခူးဖြတ်ရာတွင် အပင်ဆက်လက်ကြီးထွားနိုင်ရန် အပင်ပေါ်၌ အရွက်လုံလောက်စွာ ချန်ထားရမည်။ အရွက်ချော သည့် မုန်ညင်းမျိုးကို ပွင့်တန်ထွက်၍ အပွင့်များ စတင်ပွင့်သည့်အချိန်အထိထား၍ ရိတ်သိမ်းနိုင်သည်။ အစေ့ တည်၍ အတောင့်များစတင်ဖြစ်ပေါ်လာပါက အရွက်များကြမ်းလာသောကြောင့် ၎င်းအဆင့်အထိ မထားသင့်ပေ။ 

၁၁။ မျိုးစေ့ ထုတ်လုပ်ခြင်း
မုန်ညင်းသည် ပင်ခြားဝတ်မှုန်ကူးပင်ဖြစ်သောကြောင့် မျိုးစေ့ထုတ်လုပ်ရန်အတွက် သီးခြားစိုက်ပျိုးသင့်သည်။ စိုက်ပြီး ရက်ပေါင်း (၇၀ - ၈၀) ခန့်ကြာသော် အပင်၏အလယ်မှပွင့်တံထွက်လာသည်။ ပန်းစတင်ပွင့်ချိန်တွင် ပွင့် တံတစ်လျောက် ပျများကျရောက်တတ်ခြင်းကြောင့် မျိုးစေ့အထွက်နှုန်းကို လျော့စေသည်။

ပိုးမွှားရောဂါကင်းစင်၍ ထွားကြိုင်းသောအပင်များကို ရွေးချယ်၍ မျိုးယူပါ။ ၇၅% အသီးရင့်မှည့်လာပါက စတင် ရိတ်သိမ်းပါ။ တာရှည်စွာဆက်လက်ထားရှိပါက အတောင့်များ ခြောက်သွေ့ပေါက်ကွဲပြီး မျိုးစေ့အလေအလွင့်များ ဖြစ်စေသည်။ အပင်တစ်ပင်လုံးကို နှုတ်၍ ဖျာပေါ် (သို့) တာပေါ်လင်မိုးကာဖျင်ပေါ်ထား၍ နေလှန်းရသည်။ အတောင့်များအားလုံး ခြောက်သွေ့ပါက တုတ်နှင့်ရိုက်ပြီး ပြာလှေ့ကာ အစေ့များကို သန့်စင်ယူနိုင်သည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်