အွန်လိုင်းကုန်စည်ပြပွဲ ကျင်းပလျက်ရှိနေ

27/08/2020 09:56 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာပါ 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနမှ ကြီးမှူး၍ Cyber King Co., Ltd , JUDO ERP Solutions၏ နည်းပညာပံ့ပိုးမှုဖြင့် ကျင်းပသော Myanmar International Expo of Organic and Natural Products အွန်လိုင်းကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ 

အခမ်းအနားတွင် စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး CAEXPO Secretariat မှ အတွင်းရေးမှူးချုပ် Mr. Wang Lei မှ Video Conferencing ဖြင့်လည်းကောင်း၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ မှ လည်းကောင်း အသီးသီး တက်ရောက်၍ နှုတ်ခွန်းဆက်စကားများကို ပြောကြားချီးမြှင့်ခဲ့ကာ ပြည်တွင်းပြည်ပမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ 

အဆိုပါအွန်လိုင်းကုန်စည်ပြပွဲအား ဩဂုတ်လ (၂၄) မှ (၃၀) ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး www.myanmarexpopark.com တွင် အခမဲ့ Register ပြုလုပ်၍ နံနက် ၉:၀၀ နာရီမှ ညနေ ၆:၀၀ နာရီ အတွင်း ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

အွန်လိုင်းကုန်စည်ပြပွဲတွင် ဆန်၊ ပဲအမျိုးမျိုး၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေထွက်ကုန်များ၊ အစားအစာနှင့်အဖျော်ယမကာများ၊ အလှကုန်ပစ္စည်းများ၊ သဘာဝအထည်များ ပြသလျက်ရှိပြီး ပြည်ပနိုင်ငံများ ဖြစ်သော တရုတ်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှလည်း ဝင်ရောက်ပြသလျက်ရှိပါသည်။

Myanmar International Expo of Organic and Natural Products အွန်လိုင်းကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား Day 1 ကိုမတက်​ရောက်လိုက်ရသော လူကြီးမင်းတို့ကြည့်ရှုနိုင်ရန် ထပ်မံတင်ပြအပ်ပါတယ် 🤗

ပြပွဲသို့ဝင်ရောက်ရန် www.myanmarexpopark.com သို့ဝင်ပါ။

MOEP (Myanmar Online Expo Park)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်