စပါးခွံဖွဲပြာ သဘာဝ မြေသြဇာ ပြုလုပ်နည်း

08/12/2017 22:29 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သီးနှံ အလေအလွင့်များသော စပါးခွံ၊ ပြောင်းရိုး၊ပဲခွံများအား ဖွဲပြာ ပြုလုပ်၍ သဘာဝမြေသြဇာ အဖြစ် အသုံးပြုနည်းကို ဂျပန်နိုင်ငံ အစိုးရ မဟုတ်သော စိမ်းလန်းမြေ အဖွဲ့မှ စိုက်ပျိုးရေး ဦးစီးဌာန၊ မြေအသုံးချရေး ဌာနခွဲနှင့်CARTC တို့တွင် လက်တွေ့ ပြသ၍ သီးနှံ ၁၀ မျိုးတွင် စမ်းသပ်ခဲ့ရာ အပင် ကြီးထွားမှုကောင်းမွန်ပြီး အထွက်နှုန်း တိုးတတ်နိုင်ကြောင်းတွေ့ရှိခဲ့ပါသည်။

ယင်းစမ်းသပ်တွေ့ရှိချက်ကို အခြေခံပြီး ကုန်ကြမ်း စပါးခွံများစွာ ရရှိနိုင်သောအောက်မြန်မာနိုင်ငံ ရန်ကုန်၊ပဲခူး၊ဧရာဝတီတိုင်း၃ခုရှိခရိုင်တိုင်းတွင်တစ်မြို့နယ်လျှင်ကျေးရွာ၁ရွာစီတွင်စပါးခွံဖွဲပြာပြုလုပ်၍စမ်းသပ်ဆောင်ရွက်ခဲ့ပါသည်။

(က) စပါးခွံဖွဲပြာပြုလုပ်နည်း

၁။ ဖွဲပြာ ပြုလုပ်ရန် စပါးခွံ၊ ပဲခွံ ၊ပြောင်းရိုးများအား စုဆောင်းပါ။

၂။ မီးရှှို့ရန်သွပ်-မီးခိုးခေါင်းတိုင် ၁ ခုလေဝင်ပေါက် ပြုလုပ်ရန်နှင့် မီးခိုးခေါင်းတိုင်အောက်ခံ ပြုလုပ်ရန်ကျောက်တုံး သို့မဟုတ် အုတ်ခဲ ၁၀လုံးခန့်၊ မီးခိုးခေါင်းတိုင် တည့်မတ်စွာထောင်နိုင်ရန် သံချောင်းရှည် တစ်ချောင်း လိုအပ်ပါသည်။

၃။ ပထမဦး အုတ်ခဲ၊ ကျောက်ခဲသုံးလုံးအား ဖိုခုံလောက်ဆိုင် ထားပါ။ ထို့နောက် ၎င်းကျောက်ခဲများပေါ်မှာ သွပ်ခေါင်းတိုင်များအား အထိန်း သံချောင်းဖြင့် စိုက်ထူပါ။ လေဝင်ပေါက် ချန်ပြီး စုဆောင်းထားသည့် စပါးခွံ၊ပြောင်းရိုး စသည်များကို အပေါ်မှ စုပုံပေးပါ။

၄။ လေဝင်ပေါက်မီးထိုးသည့်နေရာမှတစ်ဆင့်မီးရှှို့ပေးပါ။

၅။ မီးခိုးခေါင်းတိုင်မှအမဲရောင် မီးခိုးဦးစွာ ထွက်ပြီး အပြာရောင်သို့ပြောင်းလဲလာမည်။

၆။ မီးခိုးအရောင်ပြောင်းလဲပြီး စပါးခွံအပုံ အပေါ်ယံ အထိ မဲလာပါကလေဝင်ပေါက်ကို ပိတ်ပြီး အအေးခံပါ။ အသုံးပြုနိုင်သည့်စပါးခွံဖွဲပြာ ရရှိမည် ဖြစ်ပါသည်။ မီးလောင်ကျွမ်းမှုများ၍ စပါးများ၊ပြာများ အဖြူရောင် ဖြစ်သွားပါက ပိုတက်ဆီယမ်ဓာတ် မရရှိဘဲ စီလီကာဓာတ်သာ ရရှိပါမည်။

 (ခ) သုံးစွဲမှု

v ရရှိလာသော စပါးခွံ့ဖွဲပြာကို ရေမစိုစေဘဲ၊ မြေတွင်းသို့ ချက်ချင်း ထည့်သွင်း အသုံးပြုရပါမည်။

v တစ်ဧက စပါးခွံ့ဖွဲပြာ ၃၀၀၀ ကီလိုဂရမ် (သို့မဟုတ်) ၁၈၀ပိသာကျော် ထည့်သွင်းပေးရပါမည်။

v ရေမစိုသည့် စပါးခွံဖွဲပြာကို ထည့်ခြင်းဖြင့် ပိုတက်စီ်ယမ် အာဟာရဓာတ် ရရှိစေပါသည်။

(ဂ) အကျိုးကျေးဇူး

စပါးဖွဲပြာအားမြေတွင်းသို့ ထည့်ပေးခြင်းဖြင့်မြေတွင်းလေဝင်လေထွက်ကောင်းစေပြီး အပင်၏ အမြစ်များ ဖွံ့ဖြိုးမှုကောင်းစေပါသည်။ စပါးခွံ ဖွဲပြာ အခြောက်ကို ထည့်ခြင်းဖြင့် ပိုတက်စီယမ်ဓာတ်ရရှိစေပါသည်။

·         မြေတွင်း အစိုဓာတ် ထိန်းသိမ်းမှုကောင်းမွန်စေပါသည်။

·         မြေ၏ pH(ချဉ်ငံကိန်း) မြင့်တက်စေပါသည်။

·         မြေတွင်းမှ အာဟာဓာတ် စုပ်ယူမှု အားကောင်းပြီး အပင်၊ အသီး၊ အရွက် ကြီးထွားမှုကောင်းမွန်စေပါသည်။

·         သီးနှံ အထွက်နှုန်းကောင်းမွန်စေပါသည်။

အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ် (Green Way Agri-Mobile App)

 

ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်