ဆေးဖျန်းမယ်ဆို ဒါတွေဂရုစိုက်ဖို့ လိုပါမယ်

25/10/2019 11:45 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   စိုက်ရေးပျိုးရေးမှာ ပိုးသတ်ဆေးတွေ ပေါင်းသတ်ဆေးတွေ မှိုသတ်ဆေးတွေ သုံးနေကြရတယ်ဆိုတာကတော့ တောင်သူတိုင်းပါပဲ။ အနည်းနဲ့အများဆိုတာပဲကွာခြားကြတာ။ 

အများဆုံးလက်ခံနိုင်တဲ့ ဓာတ်ကြွင်းပမာဏ

   ဆေးတွေသုံးလိုက်ရင် ဓာတ်ကတော့ ကျန်တာပဲ အဲ့လိုကျန်တာကတွေကို အတိုင်းအတာတစ်ခုအထိတော့ လက်ခံပေးလို့ရပါတယ်။ အများဆုံးလက်ခံနိုင်တဲ့ပမာဏကိုတော့ သတ်မှတ်ထားတာ ရှိပါတယ်။ အဲ့သတ်မှတ်ချက်ကိုတော့ အင်္ဂလိပ်လိုဆိုရင် Maximum Residue Limit - အများဆုံးဓာတ်ကြွင်းအတိုင်းအတာ လို့ခေါ်ပါတယ်။ အဲ့အတိုင်းအတာကို တစ်နိုင်ငံကနေ တစ်နိုင်ငံကို ကုန်တွေတင်ပို့တော့မဲ့အချိန်မှာ စစ်တတ်ကြပါတယ်။ ကျော်လွန်နေတယ်ဆိုရင် လက်မခံကြတော့ပါဘူး။ ဘာလို့ အဲ့လိုလုပ်လဲဆိုတော့ စားသောက်လိုက်တဲ့ အစားအစာထဲမှာ အဲ့လိုကောင်တွေ အများကြီးပါနေရင် စားတဲ့လူတွေတင်မကပဲ မျိုးဆက်လိုက်ပြီး ဒုက္ခတွေ့တတ်လွန်းလို့ ကြိုတင်ကာကွယ်တဲ့ သဘောပါပဲ။ တစ်ရက်မှာ အဲ့လို ဓာတ်ကြွင်းတွေကိုစားမိရင် တစ်ရက်အတွင်း လက်ခံနိုင်တဲ့ပမာဏဆိုတာ ရှိပါတယ်။ အဲ့ဒါကို  Acceptable Daily Intake - လက်ခံနိုင်တဲ့ တစ်နေ့တာ စားသုံးမှု လို့ ခေါ်ပါတယ်။ 

   Maximum Residue Limit ဆိုတဲ့ MRLs ကို ဘယ်အချိန်မှာ တိုင်းရလဲဆိုတော့ သီးနှံတွေကို ဆေးတွေဖျန်းပြီးတဲ့အချိန်မှာ တိုင်းတာရပါတယ်။ သုံးလိုက်တဲ့ ဆေးမှာပါတဲ့ အညွှန်းအတိုင်း သုံးပြီးတော့မှ တိုင်းတာတာပါ။ အစားအသောက်နဲ့ ဆေးဝါးတွေမှာ မဖြစ်မနေ ပုံမှန်လုပ်ရပါတယ်။ 

မရိတ်သိမ်းခင် ကြားပိုင်းကာလ

   အင်္ဂလိပ်လို Preharvest Interval (PHI) လို့ခေါ်ပြီးတော့ ဘာကိုဆိုလိုတာလဲဆိုတော့ ဆေးသုံးပြီးတော့ မရိတ်သိမ်းရခင် စောင့်ရမဲ့အချိန်ကာလကို ပြောတာဖြစ်ပါတယ်။ ဆေးဖျန်းထားလိုက်ရင် အပင်တွေကြီးထွားမှုအရပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင် နေရောင်ခြည်နဲ့ မိုးတွေလို အရာတွေကြောင့်ပဲဖြစ်ဖြစ် နောက်ပြီး မြေကြီးထဲမှာရှိတဲ့ အဏုဇီဝသက်ရှိတွေကြောင့်ပဲဖြစ်ဖြစ် ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်။ ရေကန်ထဲ ခဲချလိုက်သလိုပေါ့၊ ရေကန် ပြန်ငြိမ်သွားအောင် ခဏတော့ ပြန်စောင့်ရတဲ့သဘောပါပဲ။ 

ဝင်ခွင့်ပိတ်ပင်တဲ့ ကြားပိုင်းကာလ

   Restricted Entry Interval လို့ခေါ်ပါတယ်။ ဘာကိုပြောတာလဲဆိုတော့ ဆေးဖျန်းပြီး စိုက်ခင်းထဲကို ချက်ချင်းမဝင်ရပဲ စောင့်ရမဲ့ အနည်းဆုံးအချိန်ပိုင်းကာလကိုပြောတာပါ။  ဘာလို့ အဲ့ဒါက အရေးကြီးလဲဆိုတော့ လုပ်ကိုင်နေတဲ့ တောင်သူဦးကြီးတွေ  ဆေးထိတွေ့ပြီးတော့ အန္တရာယ်မဖြစ်လာအောင် ကာကွယ်ထားတာမို့ အရေးကြီးပါတယ်။ အဲ့လို သတ်မှတ်ထားတဲ့ကာလဟာဆိုရင် ဆေးမှာပါတဲ့ ပစ္စည်းတွေအပေါ်မှာ မူတည်ပြီးတော့ နာရီပိုင်းကနေ ရက်အနည်းငယ်လောက် ကြာနိုင်ပါတယ်။ 

   အမှန်တကယ်တော့ ဆေးဖျန်းပြီးရင် မဝင်ရဆိုတဲ့ စာတန်းလောက်တော့ ထောင်ထားတာဖြစ်ဖြစ် အရံအတားလုပ်ထားတာဖြစ်ဖြစ် လုပ်ထားပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။  ပြီးတော့ ဆေးဖျန်းနေချိန်မှာလည်း PPE လို့ခေါ်တဲ့ တစ်ကိုယ်ရည်သုံးကာကွယ်ပစ္စည်း (Personal Protective Equipment) တွေကို သုံးသင့်တာပါ။ 

ထွန်းဝင်းကျော်


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်