အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မိုးအေးအေးမှာ မွန်ရိုးရာ ငါးနှပ်သောက်ဆမ်းချက်ရအောင်

မိုးအေးအေးမှာ မွန်ရိုးရာ ငါးနှပ်သောက်ဆမ်းချက်ရအောင်

    ငါးနှပ်ငါးကို အများအားဖြင့် အခြောက်ပြုလုပ်စားကြပြီး အာပြဲခြောက်ဟု ရန်ကုန်အခေါ် ခေါ်ကြပါသည်။ မြန်မာပြည်အောက်ပိုင်းနှင့် မွန်ပြည်နယ်တွင်မူ ငါးနှပ်ငါးကို ဟင်းရည်ချက်သောက်ကြပါသည်။ ပူပူစပ်စပ်နှင့် ငါးနှပ်ဟင်းရည်သည် မိုးရာသီနှင့်လွန်စွာလိုက်ဖက်သော မွန်ရိုးရာသောက်ဆမ်းဟင်းရည်ဖြစ်၍ လူအများနှစ်သက်ကြပါသည်။

ငါးနှပ်ဟင်းရည်ချက်ရန်အတွက်

ငါးနှပ်

ဆီ (မထည့်လည်းရပါသည်)

စပါးလင်

ငါးပိစိမ်းစား ခေါ် ပုစွန်ငါးပိ

ကြက်သွန်ဖြူ

မရမ်းပြားနှင့်

ရှမ်းနံနံတို့ လိုပါသည်။ မွန်ဟင်းလျာများတွင် မရမ်းပြား၊ စပါးလင်နှင့် ရှမ်းနံနံသည် မပါမဖြစ်ပင်ဖြစ်ပါသည်။

    ပထမဦးစွာ လတ်ဆတ်သောငါးနှပ်များကို ရေဆေး ခေါင်းဖြုတ် အမြီးဖြုတ်သန့်စင်ပြီးနောက် နှစ်ပိုင်းစီပိုင်းထားပါ။ ထို့နောက်ကြက်သွန်ဖြူ ၊ စပါးလင်တို့ကို ထောင်းထားပါ။ ငါးနှပ်၊ ထောင်းထားသောအရာများ၊ ငါးပိ၊ မရမ်းပြား၊ နနွင်းမှုန့်အနည်းငယ်၊ ဆီတစ်စက် နှစ်စက်တို့ကိုရောထည့်ကာ ဆုံဆေးထားသောရေ အနည်းငယ်ထည့်၍ မီးဖိုပေါ်တင်ပါ။ ငါးနှပ်မှရေထွက်လာသောအခါမှ ရေကို မိမိလိုသလောက်ချိန်ဆထည့်၍ အပေါ့အငန်မြည်းကာ ဆားလိုသလောက် ထည့်နိုင်ပါသည်။ ငါးများသည် နူးညံ့၍​ ကြေလွယ်သောကြောင့် အိုးကို ဇွန်းနှင့်မမွှေရပဲ လှုပ်ပေးရန်လိုပါသည်။ အစပ်ကြိုက်သူများက ငရုတ်သီးစိမ်းတောင့်များ လိုသလိုထောင်းထည့်ကြပါသည်။ ဟင်းရည်ဆူသည်နှင့် ရှမ်းနံနံအုပ်ကာ အိုးကိုချရန်လိုပါသည်။ ဆီနည်းသောဟင်းဖြစ်ကာ ကျန်းမာရေးနှင့်ညီညွတ်ပြီး ငါး၏လတ်ဆတ်မှုကြောင့် ဟင်းချိုမှုန့်သုံးစရာမလိုပါ။

    ပူပူစပ်စပ်နှင့် ငါးနှပ်သောက်ဆမ်းချဥ်စပ်ကို ယခုကဲ့သို့ မိုးရာသီတွင် အရသာရှိရှိချက်ပြုတ်စားလိုက်ပါလျှင် အလွန်ပင် ခံတွင်းမြိန်စေမှာ မလွဲပင်ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဝါဉဝယ်လိုသူများရှိပါသလာ

Sar Kar • ဖြေကြားချက် 0 ခု

ဆောင်းစပါးအတွက်။ ဘယ်ရက်က စပြီး မျိုးကြဲရလဲဆရာ။ စောလွန်းရင်လဲ စပါးမထွက်မှာဆိုးလို့။ လယ်တွေက။ ကုန်းလယ်မို့။ ရေက သိပ်မရှိတော့ဘူး ကြဲရင် ဘယ်ရက်ကစ။ ကြဲရက်ဝင်လဲ ဖြေပေးပါအုန်းဆရာ

Nwe Nwe aung • ဖြေကြားချက် 0 ခု

ဆရာရေ သီးလိုက်တာမပြောနဲ့ဗျာ စျေးကတော့ တက်ပီးရင်းတက်ပဲ တစ်ပိဿာ ၅၀၀၀ ကျော်နေပီဗျာ မတလဇီက Exp date ဖြစ်သွားလို့ ဂရမ်းတစ်မျိုးတည်းဖျန်းခဲ့တယ်ဗျ အတော်လေးသီးပါတယ်ဗျာ တစ်ရက်ခြံတစ်ခါ ၄ ပတ်ခူး 115 ပိဿာရသွားပါပြီ ဒါလောက်ခူးတာကိုအပင်ပေါ်မှာ လျှော့သွားတယ်မထင်ရဘူးဆျာ အတော်လေးကျန်တေးတယ်ဗျ ဖြစ်နိုင်ရင်လေဆျာ နောက်တစ်လှိုင်းလောက်တော့ နောက်တစ်သုတ်လောက်တော့ လိုချင်လိုက်တာဆရာရယ် အပွင့်လေးတွေတော့လိုက်တော့လိုက်လို့ပါဆရာ

U Yan • ဖြေကြားချက် 1 ခု

ဂန္ဓာမာပန်းကအဖူးထွက်နေပြီ ပုံထဲကကယ်စီယမ်ပါတဲ့ဆေးဖျန်းလို့ရလားခင်ဗျာ အဖူးပွင့်အားဆေးလဲညွှန်းပါးအုံးခင်ဗျာ

Aung Nay Linn • ဖြေကြားချက် 2 ခု

ငွေပန်စိုက်ချင်လို့ဗျာ နေရာကျယ်တယ် သိချင်တာက ဘယ်အချိန်စိုက်ရလဲ ဘယ်လောက်ကြာရင်ငွေပေါ်လဲ ဘယ်လိုစိုက်ရလဲ ဘယ်အဟာရကျွေးရလဲ ရေဘယ်လို ပေးရလဲ သိချင်ပါတယ်

ကိုနိုင် • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။