ဒီဟင်းလေးကိုတော့ ရခိုင်လူမျိုးတွေက ပူပူနွေးနွေးလေးစားကြလို့ ဟမ်းရည်ပူ (ဟင်းရည်ပူပူလေးဟင်း) လို့ ခေါ်ကြပါတယ်။ များသောအားဖြင့် ရခိုင်လူမျိုးအများစုဟာ ထမင်းပွဲမှာဆို ဟမ်းရည်ပူကို မပါမဖြစ်အနေမျိုးနဲ့တောင် နှစ်နှစ်သက်သက် စားသုံးကြတာပါ။ ဘာလို့လဲဆိုတော့ ဒီဟင်းလေးက အသီးအရွက်စုံစုံလေးနဲ့ ပူပူစပ်စပ်လေးဆိုတော့ ခံတွင်းမြိန်စေလို့ပါ။
အခုလို ဆီဈေးတွေ သောက်သောက်လဲ တက်နေချိန်မျိုးမှာ ဆီမသုံးရတဲ့ခံတွင်းမြိန်ဟင်းရည်လေးဆိုတော့ ဘတ်ဂျက်လည်း ခြွေတာပြီးသား ဖြစ်တာပေါ့နော်။
ဟမ်းရည်ပူချက်ရာမှာ ပါဝင်တဲ့ ပစ္စည်းလေးတွေကတော့ ..
မျှစ် (အတောင့်ရှည်တစ်တောင့်)
ပဲတောင့်ရှည် (အစည်းသေးတစ်စည်း)
ခရမ်းသီးတစ်လုံး
ရခိုင်ငါးပိအနည်းငယ်
ငရုတ်သီးစိမ်းအနည်းငယ်
ငါးနီတူခြောက်အနည်းငယ်
ရှမ်းနံနံ၊ နံနံပင် နဲ့ ဆား အနည်းငယ်စီပါ။
မချက်ခင်ကြိုပြင်ထားရမှာတွေက..
(၁) ရခိုင်ငါးပိလက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေနဲ့ဖျော်ထားပါ။
(၂) ငရုတ်သီးစိမ်း ၇ တောင့် (ကိုယ်အစပ်ကြိုက်တဲ့ပေါ်မူတည်ပြီး ပိုထည့်လည်းရ)ထောင်းထားပါ။ ဂျင်းကြိုက်သူတွေအနေနဲ့ ဂျင်းအနည်းငယ် ထည့်နိုင်ပါတယ်။
(၃) မျှစ်တစ်တောင့်ကို ကြိုပြုတ်ပြီး လှီးထားပါ။ ပဲတောင့်ရှည်တွေကိုလည်း တစ်လက်မလောက်လေးတွေ လှီးထားပါ။ ခရမ်းသီးကိုလည်း တစ်လက်မခွဲလောက် ဖြတ်တောက်လှီးထားပါ။
(၄) ငါးနီတူခြောက်ကိုတော့ တချို့က အကောင်လိုက်ထည့်ပါတယ်။ ကျွန်မကတော့ ကြိတ်ထည့်တာပိုကြိုက်ပါတယ်။ ငါးနီတူမရှိရင် ပုစွန်ခြောက် ဒါမှမဟုတ် ကြိုက်ရာငါးခြောက်တစ်မျိုးမျိုးကိုလည်း သုံးနိုင်ပါတယ်။
အပေါ်မှာဖော်ပြထားတာတွေအားလုံးလုပ်ပြီးရင်တော့ ရခိုင်ဟမ်းရည်ပူလေး စချက်လို့ရပါပြီ။ ချက်နည်းကတော့..
(၁) ဖျော်ထားတဲ့ငါးပိအရည်ကို တည်မယ့်အိုးထဲ ထည့်ပါ။
(၂) ငရုတ်သီးစိမ်းထောင်းထားတာတွေထည့်ပါ။ ပြီးရင် ဆားနည်းနည်းထည့်ပြီး ငရုတ်သီးစိမ်းအနံ့ပျောက်တဲ့အထိ တည်ထားပါ။
(၃) ဆူပွက်ပြီး ငရုတ်သီးစိမ်းအနံ့ပျောက်သွားပြီဆိုရင်တော့ ခရမ်းသီး၊ မျှစ်၊ ပဲသီး တွေထည့်ပါ။
(၄) အဲ့ဒါတွေနူးလာပြီဆိုရင်တော့ ငါးခြောက်ထည့်၊ နံနံပင်၊ ရှမ်းနံနံတွေခတ်လိုက်ရင် ဟမ်းရည်ပူဟင်းလေး ရပါပြီ။
ကဲ..ဒီတော့ အချိုမှုန့်မပါ၊ ဆီမပါတဲ့ ဘတ်ဂျက်ဟမ်းရည်ပူလေးချက်စားပြီး ထမင်းစားမြိန်လိုက်ကြပါစေ..။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်