မြန်မာနိုင်ငံတွင် အတွေ့ရများသော နွားမွေးမြူခြင်းဆိုင်ရာ ပြဿနာများ

31/05/2018 10:48 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

နွားငယ်ကိုကောင်းမွန်စွာ ပြုစုစောင့်ရှောက်မှုမရှိခြင်း၊ နို့ (၃) ပိဿာပြည့်ဝစွာမတိုက်ခြင်း၊ သားခွဲချိန်စောခြင်း၊ ကောက်ရိုးကျွေး၍ မွေးမြူနေခြင်း၊ အရည်အသွေးမြင့်သော အစာစိမ်းနှင့်ရေကို စားနိုင်သလောက် မထောက်ပံ့ နိုင်ခြင်း

  ဇီးရှိနွားမတမ်းများကို ဇီးရပြီးနောက်ပိုင်း အာဟာရပြည့်ဝအောင် ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်မှုမရှိခြင်းကြောင့် နို့ပေးသောကာလတိုခြင်း၊ ထုတ်လုပ်မှုလျော့နည်းခြင်းနှင့် နောက်တသားရရှိရန်ခက်ခဲခြင်း

  ဇီးရှိနွားမတမ်းများကို အစာနုများစွာကျွေးခြင်းကြောင့် သန္ဓေသားကြီးထွားနှုန်းကိုမထိန်းနိုင်ပဲ မွေးရခက်သော အခြေအနေဖြင့် ရင်ဆိုင်ရခြင်း

အသက် (၂၄) လတွင် နွားကလေးမွေးနိုင်သော နွားမတမ်းနှင့် (၃၆) လမှသာ နွားကလေးမွေးဖွားနိုင်သော နွားမတမ်း၏ ကွာခြားချက်များ

နွားမတမ်းတစ်ကောင် နို့ပေးကာလ တလျောက်တွင် ရရှိနိုင်သောအကျိုးအမြတ်

တစ်ရက်လျှင် နွားနို့ပျမ်းမျှ (၅) ပိဿာ ထွက်ရှိမည်ဆိုပါက−

တစ်ရက် ၅ ပိဿာ နှုန်းနှင့် ရက်ပေါင်း ၃၀၅ ရက်နို့ပေး

နို့တစ်ပိဿာဈေး (၁၀၀၀ ကျပ်)

၅ × ၃၀၅ × ၁၀၀၀ = ၁ ၅၂၅ ၀၀၀ ကျပ် (ပျမ်းမျှတစ်နှစ်ရရှိငွေ)

နွားကလေးမရရှိပဲ အပိုကျွေးရသော အစာကုန်ကျစရိတ်

တနေ့အစာဖို့းကုန်ကျစရိတ် - ၁၅၀၀ ကျပ်

တစ်နှစ်လျှင် =  ၁၅၀၀ × ၃၆၅ = ၅၄၇ ၅၀၀ ကျပ်

နို့တစ်သားမှဆုံးရှုံးရသောငွေ + အစာဖိုးကုန်ကျငွေ 

   ၁ ၅၂၅ ၀၀၀ + ၅၄၇ ၅၀၀ = ၂ ၀၇၂ ၅၀၀ ကျပ်

ထို့ကြောင့် ၂ နှစ်နှင့်ကလေးမရနိုင်သောနွားမတမ်းတစ်ကောင်

အတွက် (၂ ၀၇၂ ၅၀၀ ) ကျပ်ခန့်ဆုံးရှုံးမှုရှိနိုင်ပါသည်။

သားစပ်ချိန်တွင် သတိထားဆောင်ရွက်ရမည့်အချက်များ

• သားတင်/သားစပ်မည့် နွားသည် ပိန်လွန်းခြင်း၊ ဝလွန်းခြင်းမရှိစေပဲ ဖော်ပြပါပုံအတိုင်း ရှိရမည်။ 

• ပိန်လွန်းသော နို့ပေးနွားမများကို စောလျင်စွာ နို့ဖြတ်ပြီး သားစပ်ချိန်တွင် သတ်မှတ်စံနှုန်းခန္ဓာကိုယ်အနေ အထားအတိုင်း ရောက်ရှိအောင် ကျွေးမွေးနိုင်မှသာ နို့ပေးချိန်တွင် နို့ထွက် နှုန်း ကောင်းမည်ဖြစ်ပါသည်။

• သားမွေးပြီး နို့ပေးချိန် (၃) လ ခန့်တွင် နို့ထွက်နှုန်း အမြင့် ဆုံးအချိန်ဖြစ်သလို ခန္ဓာကိုယ် ပိန်လွန်းသော အချိန် ဖြစ်သောကြောင့် သားမစပ်မီ နွားမများကို ဖော်ပြပါ ပုံအတိုင်း ခန္ဓာကိုယ် ရှိဖို့လိုအပ်ပါသည်။ 

မြန်မာ - နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်