မြန်မာနိုင်ငံတွင် အတွေ့ရများသော နွားမွေးမြူခြင်းဆိုင်ရာ ပြဿနာများ

31/05/2018 10:48 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

နွားငယ်ကိုကောင်းမွန်စွာ ပြုစုစောင့်ရှောက်မှုမရှိခြင်း၊ နို့ (၃) ပိဿာပြည့်ဝစွာမတိုက်ခြင်း၊ သားခွဲချိန်စောခြင်း၊ ကောက်ရိုးကျွေး၍ မွေးမြူနေခြင်း၊ အရည်အသွေးမြင့်သော အစာစိမ်းနှင့်ရေကို စားနိုင်သလောက် မထောက်ပံ့ နိုင်ခြင်း

  ဇီးရှိနွားမတမ်းများကို ဇီးရပြီးနောက်ပိုင်း အာဟာရပြည့်ဝအောင် ဂရုတစိုက် ကျွေးမွေးစောင့်ရှောက်မှုမရှိခြင်းကြောင့် နို့ပေးသောကာလတိုခြင်း၊ ထုတ်လုပ်မှုလျော့နည်းခြင်းနှင့် နောက်တသားရရှိရန်ခက်ခဲခြင်း

  ဇီးရှိနွားမတမ်းများကို အစာနုများစွာကျွေးခြင်းကြောင့် သန္ဓေသားကြီးထွားနှုန်းကိုမထိန်းနိုင်ပဲ မွေးရခက်သော အခြေအနေဖြင့် ရင်ဆိုင်ရခြင်း

အသက် (၂၄) လတွင် နွားကလေးမွေးနိုင်သော နွားမတမ်းနှင့် (၃၆) လမှသာ နွားကလေးမွေးဖွားနိုင်သော နွားမတမ်း၏ ကွာခြားချက်များ

နွားမတမ်းတစ်ကောင် နို့ပေးကာလ တလျောက်တွင် ရရှိနိုင်သောအကျိုးအမြတ်

တစ်ရက်လျှင် နွားနို့ပျမ်းမျှ (၅) ပိဿာ ထွက်ရှိမည်ဆိုပါက−

တစ်ရက် ၅ ပိဿာ နှုန်းနှင့် ရက်ပေါင်း ၃၀၅ ရက်နို့ပေး

နို့တစ်ပိဿာဈေး (၁၀၀၀ ကျပ်)

၅ × ၃၀၅ × ၁၀၀၀ = ၁ ၅၂၅ ၀၀၀ ကျပ် (ပျမ်းမျှတစ်နှစ်ရရှိငွေ)

နွားကလေးမရရှိပဲ အပိုကျွေးရသော အစာကုန်ကျစရိတ်

တနေ့အစာဖို့းကုန်ကျစရိတ် - ၁၅၀၀ ကျပ်

တစ်နှစ်လျှင် =  ၁၅၀၀ × ၃၆၅ = ၅၄၇ ၅၀၀ ကျပ်

နို့တစ်သားမှဆုံးရှုံးရသောငွေ + အစာဖိုးကုန်ကျငွေ 

   ၁ ၅၂၅ ၀၀၀ + ၅၄၇ ၅၀၀ = ၂ ၀၇၂ ၅၀၀ ကျပ်

ထို့ကြောင့် ၂ နှစ်နှင့်ကလေးမရနိုင်သောနွားမတမ်းတစ်ကောင်

အတွက် (၂ ၀၇၂ ၅၀၀ ) ကျပ်ခန့်ဆုံးရှုံးမှုရှိနိုင်ပါသည်။

သားစပ်ချိန်တွင် သတိထားဆောင်ရွက်ရမည့်အချက်များ

• သားတင်/သားစပ်မည့် နွားသည် ပိန်လွန်းခြင်း၊ ဝလွန်းခြင်းမရှိစေပဲ ဖော်ပြပါပုံအတိုင်း ရှိရမည်။ 

• ပိန်လွန်းသော နို့ပေးနွားမများကို စောလျင်စွာ နို့ဖြတ်ပြီး သားစပ်ချိန်တွင် သတ်မှတ်စံနှုန်းခန္ဓာကိုယ်အနေ အထားအတိုင်း ရောက်ရှိအောင် ကျွေးမွေးနိုင်မှသာ နို့ပေးချိန်တွင် နို့ထွက် နှုန်း ကောင်းမည်ဖြစ်ပါသည်။

• သားမွေးပြီး နို့ပေးချိန် (၃) လ ခန့်တွင် နို့ထွက်နှုန်း အမြင့် ဆုံးအချိန်ဖြစ်သလို ခန္ဓာကိုယ် ပိန်လွန်းသော အချိန် ဖြစ်သောကြောင့် သားမစပ်မီ နွားမများကို ဖော်ပြပါ ပုံအတိုင်း ခန္ဓာကိုယ် ရှိဖို့လိုအပ်ပါသည်။ 

မြန်မာ - နယူးဇီလန် ကောင်းမွန်သော နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်