မြေကြီးရဲ့ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်တွေကို လေ့လာကြည့်ခြင်း

04/12/2019 15:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 မြေကြီးတွေရဲ့ သွင်ပြင်လက္ခဏာတွေကို ဆင်ခြင်သုံးသပ်မယ်ဆိုရင် ()ပိုင်းရှိမှာပါ။

တစ်ပိုင်းကတော့ ရုပ်သွင်ပြင်လက္ခဏာပိုင်းဖြစ်ပြီးတော့ နောက်တစ်ပိုင်းကတော့ ဓာတုဖွဲ့စည်းမှု သွင်ပြင်လက္ခဏာ၊ ကျန်တဲ့တစ်ပိုင်းကတော့ ဇီဝသွင်ပြင်လက္ခဏာပဲဖြစ်ပါတယ်။. အဲ့ဒါတွေကိုကြည့်ပြီး အပင်တွေကြီးထွားနိုင်မှု ရှိမရှိ၊ အထွက်ကောင်း မကောင်းဆိုတာကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ရုပ်သွင်ပြင်လက္ခဏာ

မြင်နိုင် ထိတွေ့နိုင်တဲ့ လက္ခဏာရပ်ကို ဆိုလိုတာဖြစ်ပါတယ်။ ရုပ်သွင်ပြင်လက္ခဏာရပ်တွေမှာ ဘာတွေပါမလဲ ဆိုရင် မြေကြီးရဲ့ ပုံသဏ္ဌာန်တွေ၊ မြေကြီးဖွဲ့စည်းပုံတွေ၊ အရောင်တွေ စတဲ့ အချက်အလက်တွေ ပါမှာဖြစ်ပါတယ်။ မြေသား ကျန်းမာရေးကောင်းဖို့အတွက် ရုပ်သွင်ပြင်လက္ခဏာတွေက ဘာလို့အရေးကြီးလဲ ဆိုတော့

() ကိုယ်စိုက်ထားတဲ့ အပင်တွေကို မြေကြီးကနေ ရေတွေနဲ့လေပုံမှန် ရနေနိုင်မလားဆိုတာကို သေချာစေမှာ ဖြစ်ပါတယ်။

() ရုပ်သွင်ပြင်လက္ခဏာကို ကောင်းမွန်အောင် ထိန်းထားပေးနိုင်ရင် အပင်ကြီးထွားဖို့အတွက် ရေကို သိုလှောင်ပေးနိုင်သလား။ ရေကို ထိန်းထားပေးနိုင်သလား ဆိုတဲ့အချက်ကို ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။

() မြေရုပ်သွင်ပြင်ကို သေချာနားလည်ထားတယ်ဆိုရင် စက်တွေနဲ့ လူတွေ အသုံးပြုလို့ ရ မရဆိုတာကို သေချာစေပါတယ်။ ဉပမာပေးရရင် ကန္တာရ မှာ ကားမောင်းလို့ ရမလားပေါ့။

ဓာတုဖွဲ့စည်းမှုဆိုင်ရာ သွင်ပြင်လက္ခဏာ

မြေကြီးထဲမှာ ဘာဓာတ်ပစ္စည်းတွေရှိနေသလဲ။ အပင်တွေကြီးထွားဖို့အတွက်ရော တကယ်အသုံးဝင်သလား လိုအပ်သလားဆိုတာကို လေ့လာတာပါ။

ဇီဝသွင်ပြင်လက္ခဏာတွေ

မြေကြီးမှာလည်း ဇီဝသွင်ပြင်လက္ခဏာရပ်တွေဆိုတာ ရှိပါတယ်။ မြေကြီးထဲမှာ မျက်စိနဲ့ မမြင်နိုင်တဲ့ အကောင်လေးတွေရော၊ မြင်နိုင်တဲ့အကောင်လေးတွေရော ရှိပါတယ်။ တီကောင်လိုမျိုး အကောင်လေးတွ များတယ်ဆိုရင် မြေက ကောင်းသလား မကောင်းဘူးလားဆိုတာမျိုး လေ့လာတာပါ။ မမြင်နိုင်တဲ့ အကောင်လေးတွေ လို့ဆိုလိုက်ရင် လူတွေကို ကောင်းကျိုးပြုတဲ့အကောင်လေးတွေ (နိုက်ထရိုဂျင်ဖမ်းပေးတဲ့ အကောင်လေးတွေ၊ အပင်ရောဂါတွေကို တိုက်ခိုက်ပေးနိုင်တဲ့ အကျိုးပြု အဏုဇီဝမှိုတွေ ဘက်တီးရီးယားတွေ) အပြင်ကို အပင်တွေကို ရောဂါဖြစ်စေနိုင်တဲ့ အဏုဇီဝသက်ရှိတွေလည်း ပါဝင်ပါတယ်။ အဲ့လို အကြောင်းအချက်တွေကို လေ့လာတာဖြစ်ပါတယ်။

ရုပ်သွင်ပြင်လက္ခဏာတွေထဲက နောက်တစ်ဆင့်ကို တက်ကြည့်ပြီး လေ့လာကြည့်ရအောင်

အရွယ်အစားတွေ

အရင်တစ်ပိုင်းတုန်းက ကျောက်စရစ်ခဲ၊ သဲ၊ နုန်း၊ ရွံ့တွေ ပါတယ်ဆိုတာကို ပြောပြထားတယ်ဆိုတော့

သဲ - သူကတော့ မြင်ရလောက်တဲ့ အရွယ်အစားမှာ ရှိပါတယ်။ ကိုင်ကြည့်လို့လည်းရတယ်။ ခက်ကြမ်းကြမ်းလေးဖြစ်နေတာမျိုးဆိုရင် သဲပါပဲမို့ အထွေအထူးတော့ မပြောပြတော့ပါဘူး။

နုန်း - သူကတော့ သဲလို မြင်ရမှာတော့ မဟုတ်ပါဘူး။ ပိုးသားလေးလိုပဲ နူးညံ့ပါတယ်။ ရေစိုနေတယ်ဆိုရင် တုတ်ချောင်းတိုတိုလေး ဖြစ်အောင်လို့ လိပ်လိုက်လို့ ရပါတယ်။

ရွံ့ - ကဲ နောက်တစ်ခုကတော့ မြင်လည်း မမြင်ရဘူး။ နူးညံ့ပြီးတော့ အစိုဓာတ်ရှိရင် တုတ်ချောင်းအရှည်ကြီးကို လိပ်ပြီးတော့လုပ်လို့ ရပါတယ်။ အဲ့ဒါနဲ့ ခွဲခြားပါတယ်။

မြေကြီးတစ်ခုမှာ အဲ့လို ပစ္စည်းတွေ ဘယ်လို ဖွဲ့စည်းပါဝင်နေလဲ

သမတဲ့မြေ - အဲ့လို ခေါ်ရင်တော့ ရွံက ၂၅ ရာခိုင်နုန််းပါတဲ့ မြေကို ခေါ်တာပါ။

သဲသမမြေ - သဲပိုများတဲ့ မြေပါ

နုန်းသမမြေ - နုန်းပိုများတဲ့မြေ

မြေစေးသမမြေ - ရွံပိုများတဲ့မြေလို့ သတ်မှတ်လို့ ရပါတယ်။

မြေသားရဲ့ အသွင်အပြင်ကို လေ့လာတဲ့အပိုင်းမှာဆိုရင် အကြမ်းအားဖြင့်တော့ အနုနဲ့ အကြမ်းပဲရှိမှာပါ။ အနု ဆိုတာကတော့ သဲများများပါရင် အကြမ်း၊ ရွံ့များများပါရင် အနု အဲ့လိုသတ်မှတ်လို့ ရပါတယ်။ အဲ့အသွင်အပြင်က မြေကြီးရဲ့ အတိမ်အနက်ကိုလည်း ခန့်မှန်းကြည့်လို့ ရပါတယ်။ မြေသားအတိမ်အနက်ကို လိုက်ပြီးတော့ မြေသားအသွင်အပြင်ကလည်း ပြောင်းသွားတာမို့ ဖြစ်ပါတယ်။ အဲ့တော့ ကိုယ်စိုက်တဲ့အပင်က ဘယ်လောက်ထိ အမြစ်ဆင်းသလဲ ဘယ်လိုမြေကြီးအလွှာနဲ့ ထိတွေ့ရမလဲဆိုတာကို သိရမှာပါ။ ယေဘုယျကျကျ ဆိုရရင်တော့ အောက်ဖက်ကို ရောက်လေလေ ရွံ့ပါတဲ့ မြေကြီးဖွဲ့စည်းပုံကို တွေ့ရလေလေ ဖြစ်မှာပါ။

တစ်ခါတစ်လေမှာ တစ်ချို့နေရာတွေမှာ သဲဆန်နေရာ ကနေ ချက်ချင်း အောက်ဖက်ကျ ရွံ့စေးမြေလို ဖြစ်သွားတာမျိုးတွေကျ တစ်ချို့အပင်တွေအတွက် မကောင်းနိုင်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်က စိုက်ပျိုးရေးလုပ်မယ်ဆိုရင် မြေအတိမ်အနက်ကိုလည်း သိထားဖို့ လိုအပ်မှာပါ။

ရေရယ် အာဟာရတွေကို ထိန်းထားနိုင်တဲ့ အရည်အချင်း

ဒီကောင်က မြေကြီးထဲမှာ ပါဝင်တဲ့ အမှုန်တွေရဲ့ အရွယ်အစားပေါ်မူတည်ပြီးတော့ ကွာခြားသွားပါတယ်။ သဲမှုန်တွေဆိုရင် အရွယ်အစားကြီးတဲ့အတွက်ကြောင့်မို့ ရေ နဲ့ အာဟာရတွေကို ထိန်းသိမ်းထားဖို့ ခက်ပါတယ်။ ရွံ့စေးမှုန်လေးတွေ ကတော့ ရေကိုရော အာဟာရကိုရော ထိန်းထားနိုင်ပါတယ်။ ဒါပေမဲ့ သဲမှုန် လိုတော့ ရေပြန်ထုတ်နိုင်အားက ကောင်းမှာမဟုတ်ပါဘူး။

အပင်တွေက ရနိုင်တဲ့ ရေပမာဏ (Plant Available Water – PAW) ဟာဆိုရင် မြေကြီးရဲ့ ဖွဲ့စည်းပုံနဲ့ မြေသားအတိမ်အနက် ပေါ်မှာ စကားပြောပါတယ်။ ရွံ့စေးမြေဆိုရင် ရေထိန်းထားအားကောင်းတာကြောင့် အပင်ကိုလည်း သူမပေးပါဘူး။ ထိန်းထားပါတယ်။ အောက်က ဇယားလေးကိုကြည့်လိုက်ရင် ရှင်းသွားမှာပါ။

ထွန်းဝင်းကျော်

References

  1. Centre of Land Protection Research, “Know Your Soil – Introduction to Soils”

  2. www.nre.vic.gov.au/agvic/ins-clpr/

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်