နွေကြက်သွန်နီပေါ်ရန် နီးကပ်လာစဉ် ပြည်တွင်းဈေးကွက်ကျဆင်း

13/02/2026 11:16 AM တွင် AMIA AMIA မှ ရေးသား

နွေကြက်သွန်အသစ်ပေါ်ရန် အချိန်နီးကပ်လာစဉ် ပြည်တွင်းဈေးကွက်တွင်ကြက်သွန်နီ ဈေးကျဆင်းနေခြင်းက စိုက်ပျိုးသူတောင်သူများအတွက် ဆုံးရှုံးမှုများစေသည်ဟု ကုန်သည်အချို့ ကပြောသည်။

 ပြီးခဲ့သည့်နှစ်တွင် ဈေးကျဆင်းမှုကြောင့် ဆုံးရှုံးမှုများကြုံခဲ့ရသော်လည်း ယခုနှစ်ဈေးကွက်မျှော်လင့်ချက်ဖြင့် စွန့်စားစိုက်ပျိုးခဲ့သောတောင်သူများအတွက် လက်ရှိကြက်သွန်ဈေးက စိတ်ပျက်အားလျော့စေသည်ဟု မကွေးတိုင်းမှ ကုန်သည်တစ်ဦးကဆို သည်။

လက်ရှိ မိုးကြက်သွန်က ဈေးကွက်၀င်နေပြီး နယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိသာ ပျှမ်းမျှ ကျပ် ၁,၅၀၀ ၀န်းကျင်သာ ဈေးဖွင့်နိုင်ကြောင်း မကွေးတိုင်းမှ ကုန်သည်ကပြောသည်။

ရန်ကုန်ဈေးကွက်တွင်လည်း ကြက်သွန်နီ လက္ကားဈေးက အမြင့်ဆုံး တစ်ပိသာ ကျပ်၂,၄၀၀ ၀န်းကျင်သာ ဈေးဖွင့်သည်။

"စစိုက်ပြီးဈေးကောင်းလာတော့ ဟုတ်ပြီထင်တာ။ အခုတော့ ဈေးကဆက်တိုက်ကျနေတော့ စိတ်ပျက်တယ်။ အကျိုးအမြတ်က မမျှော်နိုင်တော့ဘူး"ဟု  ကြက်သွန်နီစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြော သည်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းကြီး ၃ တိုင်းတွင် စိုက်ပျိုးသည့် ကြက်သွန်နီ ပြည်တွင်းစားသုံးမှုသာမက ထိုင်း၊ မလေးရှား၊ ဖီလစ်ပိုင်၊ ဗီဘယက်နမ် နိုင်ငံတို့ကိုတင်ပို့ရောင်းချသည်။ လက်ရှိ မြန်မာကြက်သွန်၀ယ်ယူနေသည့် ပြည်ပနိုင်ငံများက ပြည်တွင်းဈေးကျဆင်းမှုအပေါ်စောင့်ကြည့်ပြီး အ၀ယ်လျော့နည်းနေသည့် အခြေအနေမျိုးကြုံနေရသည်။

ထို့အပြင် ကြက်သွန်အသစ်ပေါ်ရန်နီးလာသဖြင့် ကုန်သည်နှင့် တောင်သူကြီးများမှ သိုလှောင်ကြက်သွန်များ ထုတ်ရောင်းမှုများခြင်းကလည်း ကြက်သွန်နီဈေးကျရန် တွန်းအားဖြစ်သည်။ ထို့ကြောင့် ပြီးခဲ့သည့်နှစ်ကုန်ပိုင်း ပြည်တွင်းဈေးဆက်တိုက်မြင့်တက်ခဲ့သော ကြက်သွန်နီက ယခုနှစ်ဆန်းပိုင်းမှစတင်ပြီး ဈေးပြန်ကျလာသည်။ လက်ရှိပြည်တွင်း ကြက်သွန်ဈေးကွက်အခြေအနေက ခန့်မှန်းရခက်သည်ဟုလည်း ကုန်သည်အချို့ကပြောသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်