ကြက်သွန်နဲ့ နှမ်းဈေးမြင့်တက်လာ

15/10/2023 13:00 PM တွင် AMIA AMIA မှ ရေးသား

စားဖိုဆောင်သီးနှံတွေထဲမှာတော့ တစ်ပတ်အတွင်း ကြက်သွန်နီ ကြက်သွန်ဖြူက ဈေးမြင့်တက်နေခဲ့ပြီး အခြား ငရုတ်၊အာလူးတို့က ဈေးငြိမ်နေပါတယ်။ နှမ်းမျိုးစုံဈေး အနည်းငယ်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်နီ

ရာသီဥတုကြောင့် ဈေးကွက်ထဲ အဝင်လျော့နည်းတဲ့အတွက် တစ်ပတ်အတွင်း ဈေးတွေ မြင့်တက်လာခဲ့ပါတယ်။ ဒါပေမယ့် ၂ ရက်အတွင်း ပုံမှန် အဝင်ရှိတာတဲ့အတွက် အနည်းငယ်ဈေးပြန်ကျဆင်းသွားခဲ့ပါတယ်။ ဈေးကွက်ထဲကို နေ့စဉ် ပိဿာချိန် ၂ သိန်း အထက် အဝင်ရှိရာမှ ၁ သိန်းအောက်ထိ ကျဆင်းသွားတဲ့အတွက် ဈေးမြင့်တက်လာတာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ဈေးကွက်ထဲကို ကြက်သွန်နီ(ဆိပ်ဖြူ၊ မြင်းခြံ၊ ပျော်ဘွယ်၊ မိတ္တီလာ၊ ပခုက္ကူ၊ တောင်သာ) အစရှိတဲ့ ကြက်သွန်တွေ အဝင်များပြီး တစ်ပိဿာကို ၁၈၀၀ မှ ၃၂၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်နီကတော့  နယ်စုံကနေ အဝင်များ/ အဝင်သွက်နေတဲ့အတွက် ဈေးအတက်အကျရှိနေပေမယ့် အများကြီး ဈေးကျဆင်းသွားတာမျိုး မရှိပါဘူး။ နေ့စဉ်ဈေးကွက်ထဲကို ပိဿာချိန် တစ်သိန်းအထက် ဝင်ရောက်မှု ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ၊ ပခုက္ကူ၊ မြင်းခြံ၊ တောင်သာ)တို့က တစ်ပိဿာကို ၂၁၅၀ မှ ၃၀၀၀ ကြား ရှိနေပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူ

ပြီးခဲ့တဲ့အပတ်က ဈေးကျဆင်းနေတဲ့ကြက်သွန်ဖြူက ဒီတစ်ပတ်မှာတော့ အဝင်နည်းပြီး ဈေးပြန်မြင့်တက်လာပါတယ်။ ရာသီဥတုအပြင် ကားလမ်းပိုင်း အခြေအနေများကြောင့် ဈေးကွက်ထဲ ပုံမှန် ပိဿာ ချိန် ၁ သောင်းကျော် ဝင်ရောက်နေရာမှ ၆ ထောင်လောက်သာ အဝင်ရှိခဲ့တဲ့အတွက် ဈေးမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ကြက်သွန်ဖြူ(ကြူကုတ်)က ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တစ်ပိဿာကို ၇၃၀၀ မှ ၇၄၀၀ ရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ရှမ်းကြက်သွန်ကတော့ ဝယ်လိုအားကောင်းပြီး  အဝင်နည်းလာတဲ့အတွက် တစ်ပိဿာကို ၇၅၀၀ မှ ၈၉၀၀ ရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာတာပါ။

နှမ်းစျေးကွက်

နှမ်းမျိုးစုံဈေးကွက်ကတော့ တရုတ်ဝယ်လက် ရှိနေတဲ့အတွက် ဈေးက မြင့်တက်လာပါတယ်။ ဈေး ကွက်ထဲ နှမ်းအသစ်တွေ အဝင်ရှိနေပေမယ့်လည်း အဝင်ရှိသလောက် အဝယ်သွက်နေတယ် လို့သိရပါတယ်။

မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၂၉၀၀၀၀ မှ ၃၆၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

နှမ်းဖြူ(ဂျပန်)ကတော့တစ်အိတ်ကို ၃၈၅၀၀၀ မှ ၃၉၀၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ဈေးတက်လာသည်။ နှမ်းဖြူ(ရိုးရိုး)ကတော့ တစ်အိတ်ကို ၃၆၀၀၀၀ မှ ၃၈၅၀၀၀ ရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးမြင့်တက်လာသည်။

ပြီးခဲ့တဲ့အပတ်က ဈေးကျဆင်းခဲ့တဲ့ နှမ်းညိုကလည်း တစ်အိတ်ကို ၁၈၅၀၀၀ မှ ၁၉၀၀၀၀ ကြားရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့်အတိုင်း ပြန်လည်ဖော်ပြခြင်းပဲဖြစ်ပါတယ်။

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်