မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ကြီးမှူး၍ သြဂဲနစ်လမ်းညွှန်သင်တန်းကို ဖွင့်လှစ်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
အခြေခံသြဂဲနစ်အကြောင်းကို သိစေရန်နဲ့ ဓါတုဆေးလွတ် သြဂဲနစ်အကြောင်းကို သိစေဖို့အတွက် ရည်ရွယ်ဖွင့်လှစ်တာဖြစ်တယ်လို့ သင်တန်းစီစဉ်သူ ဦးသက်ကြိုင်က ပြောပါတယ်။
“အဓိကက အခြေခံအော်ဂဲနစ်အကြောင်းကို သိစေဖို့အတွက်နဲ့ ကယ်မီကယ်ကို စနစ်တကျသုံးစွဲတတ်ရင်တော့ ကောင်းတာပေါ့။ ဇီဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် သြဂဲနစ်အကြောင်းကို သိစေချင်လို့ ရည်ရွယ်ပြီး ဖွင့်လှစ်တာပါ”
အဆိုပါသင်တန်းကို အောက်တိုဘာလ (၂၄) ရက်နေ့မှ (၂၆)ရက်နေ့ထိ နံနက်(၉)နာရီမှ ညနေ (၄) နာရီခွဲထိ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (၅) လွှာမှာ သင်ကြားပေးသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။
သြဂဲနစ်လမ်းညွှန်သင်တန်းကို တက်ရောက်လိုသူ၊ စိတ်ပါဝင်စားလိုသူများအနေနဲ့ ဖုန်းနံပါတ် ၀၁-၂၁၈၃၆၇ နဲ့ ၀၉- ၅၄၀၂၈၉၅ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more