အော်ဂဲနစ်နဲ့ မြေဆွေးအကြောင်း တစေ့တစောင်း
ကျွန်တော်တို့ နိုင်ငံအတော်များနဲ့ ကျွန်တော်တို့ မြန်မာပြည်တွင်းမှာ အော်ဂဲနစ်အကြောင်း အသံတွေ တစထက်တစ ကျယ်လာပါပြီ။ အော်ဂဲနစ် အကြောင်းပြောတာနဲ့ သဘာဝ ထုတ်ကုန် နဲ့ အော်ဂဲနစ် ထုတ်ကုန် ကို ကွဲပြားဖို့လဲ လိုအပ်ပါပြီ။ သဘာဝ ထုတ်ကုန် ဆိုတာက အသီး အနှံကို သဘာဝအတွင်း မိမိပတ်ဝန်းကျင် ဒါမှမဟုတ် ဒေသတခုကနေ သဘာဝအတိုင်း ဘာမှ မပြုပြင်ပဲ ရရှိလာတဲ့ အသီးအနှံပါ။ အထွက်နှုန်း အဓိကမကျသလို အရည်အသွေးလဲ အဓိကမရှိပါဘူး။ အပင်ပေါ်သီးသမျှ အပင်က ပေးသမျှ ခူးဆွတ်ရုံသက်သက်ပါ။ တခါတလေမှာ လုပ်အားခတော့ ရှိပါလိမ့်မယ်။ အော်ဂဲနစ် ထုတ်ကုန် ကတော့ လူအများသိတဲ့အတွင်း စံချိန်စံညွန်းမှီမှီ လူနဲ့ ပတ်ဝန်းကျင် လျော်ညီကာ ကျန်းမာရေး ပတ်ဝန်းကျင်ကို သဘာဝကျကျ အထောက်ကူဖြစ်အောင် ပြုလုပ်ရတဲ့အတွက် အခက်အခဲလေးတွေရှိပါတယ်။ အော်ဂဲနစ် စနစ်ဆိုလိုက်တာနဲ့ မြေဆွေးပြုလုပ်ခြင်း ဆိုတာ မသိလို့ မရတော့ပါဘူး။ မြေဆွေးပြုလုပ်ခြင်း ကနေ လူတွေဘာသိထားသလဲ။ ဘာတွေ ချပြသင့်သလဲဆိုတာ လိုအပ်လာပါပြီ။ အော်ဂဲနစ် စနစ်နဲ့ မြေဆွေးပြုလုပ်ခြင်း ဆိုတာ လင်မယားလို ဘယ်တော့မှ ခွဲခြားမရပါဘူး။ ကိုယ်တိုင်တိုင် ပြုလုပ် အသုံးမပြုပဲ စျေးကွက်ကနေ အသုံးပြုတင်ဆိူရင်တော့ အဲဒီ လူမျိုးအတွက် မလွယ်ပါဘူး။အောင်မြင်မှု နည်းတတ်ပါတယ်။ အခြေခံအားဖြင့် မြေဆွေးက ဘာတွေအကျိုးဖြစ်လဲ အရင်လေ့လာသင့်ပါတယ်။
မြေဆွေးဆိုတာ ဘာလဲ
တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတွေနဲ့ အပင်အကြွင်းအကျန်တွေကို အကျိုးပြုအနုဇီဝ မှိုဘက်တီးရီးယားများဖြင့် ကြေ ပျက်ပျက်စီးစေပြီး အပင်အတွက်အဟာရနှင့် မြေကြီးအတွက် လိုအပ်သော သစ်ဆွေးဓာတ်များရရှိအောင် ပြုလုပ်ခြင်းကို ခေါ်ပါတယ်။ ဇီဝမြေဆွေးဟာ မြေဆောင်ရောဂါများကို ဖျက်စီးကာ မြေတွင်းအဟာရ သစ်ဆွေးဓာတ်များတိုးပွားမှု ရေအစိုဓာတ်ထိန်းသိန်းစေတဲ့ အကျိုးကျေးဇူးများရရှိပါတယ်။ ပတ်ဝန်းကျင်ပျက်စီးမှုကိုလည်း မြေဆွေးအသုံးပြုခြင်းက ဖြေလျော့ပေးပါတယ်။
ဘာကြောင့် မြေဆွေးလိုအပ်တာလဲ။
သဘာဝဖြစ်စဉ်မှ စိုက်ပျိုးရေးအတွက် မြေဆွေးမြေသြဇာရရှိစေပါတယ်။မြေဆွေးမြေသြဇာ အသုံးပြုခြင်းဖြင့် ဇီဝအကျိုးပြု မှို ဘက်တီးရီးယားများပေါများကာ မြေအရည်အသွေး တိုးတက်စေပါတယ်။လေခိုပေါက်များ ရေအစိုထိန်းမှုများ ကောင်းမွန်ကာ အပင်များ အစဉ်မပြတ်စိုက်မှုကြောင့် ကျဆင်းလာတဲ့ မြေအရည်အသွေးကို မြေဆွေးမြေသြဇာအသုံးပြုခြင်းဖြင့် မြေအရည်အသွေးထိန်းသိမ်းပြီး ဖြစ်စေပါတယ်။
မြေဆွေးရဲ့ လုပ်ဆောင်ချက်က ဘာတွေလဲ
မြေဆွေးေ့မသြဇာလုပ်ဆောင်မှုတွင် လေပါဝင်သော စနစ် (အောက်ဆီဂျင် ပါဝင်ခြင်း) နဲ့ လေမဲ့ စနစ်မှာ (အောက်ဆီဂျင် မပါဝင်ခြင်း) ဆိုပြီး ၂မျိုး ဖြစ်နိုင်ပြီး လေပါဝင်သော စနစ်ကို အသုံးများပါတယ်။ ထိုစနစ်က မြေဆွေး အဖြစ်မြန်စေသောကြောင့် အလွယ်တကူ အမြန်ရရန် သုံးကြပါတယ်။ လေပါဝင်သော စနစ် တွင် အောက်ဆီဂျင် ပါဝင်ပြီး ကာဗွန်ဒိုင်အောပ်ဆိုဒ် ရေ လေ တွေကိုရရှိပါတယ်။ လေမဲ့စနစ် မှ အောက်ဆီဂျင် မပါဝင်ပဲ မီသိန်း ကာဗွန်ဒိုင်အောက်ဆိုဒ် အော်ဂဲနစ်အက်စစ်နဲ့ အယ်ကိုဟော အုပ်စုတို့ကို ရရှိပါများစေပါတယ်။
မြေဆွေးပြုလုပ်ခြင်း စနစ်မှာ အချက် ၅ချက် လိုအပ်ပါတယ်။
၁။ မြေဆွေးပြုလုပ် ပစ္စည်းများ စုဆောင်းခြင်း
၂။ မြေဆွေးပြုလုပ်ခြင်း
၃။ မွှေပေးခြင်း
၄။ သန့်စင်ခြင်း
၅။ စုဆောင်းခြင်း ဆိုပြီး အဆင့်ဆင့် ပြုလုပ်ပါတယ်။
မြေဆွေးရဖို့ ဘယ်လောက်ကြာလဲ
မြေဆွေးပုံပမာဏနှင့် မိမိလုပ်နိုင်မှု ပေးနိုင်သောအချိန်ပေါ်မူတည်ပါတယ်။တလအတွင်းအလျှင်မြန်သုံးလိုပါက လူအင်အား ၁၆ရောက်အထိ လိုအပ်ပြီး သမမျှတရန် အက်အောက်မွှေပေးခြင်း လိုအပ်သလို ရေထည့်ပေးခြင်း ရှိရပါမယ်။သဘာဝနည်းဖြင့်ဆိုလျှင် လူလုပ်အား သိပ်မလို အပ်ပဲ မြေဆွေး ဖြစ်ရရှိရန် အချိန်ကာလအားဖြင့် ၃လ အထိ ကြာတတ်ပါတယ်။
မြေဆွေးက ဘာတွေလုပ်ဆောင်ပေးနိုင်လဲ။
မြေဆွေးပြုလုပ်ခြင်းကို သိပ္ပံနည်းကို အနုပညာဖော်ထားခြင်းလို့ ဆိုနိုင်ပါတယ်။ဘာလို့လဲဆိုတော့ မိမိထည့်သွင်းမယ့် အခြေခံပစ္စည်းတွေကနေတဆင့် မိမိလိုချင်တဲ့ အခြေခံ မြေသြဇာပုံစံကို ရရန် ဉာဏ်ရှိသလို ပြုလုပ်ရတဲ့အတွက်ဖြစ်ပါတယ်။ဥပမာ ထရိုင်ကိုဒါးမား မှိုအခြေခံနဲ့ မြေဆွေးပြုလုပ်ပါက မြေသြဇာအဟာရအပြင် နှောင်းပင်နာကျ ကိုင်းပုပ် အမြစ်ပုပ် ရိုးမဲရောဂါများကို ကာကွယ်နိုင်ပါတယ်။ကြက်ချေး၂းနွားချေး၁း အပင်အကြွင်းအကျန် ၅းကောက်ရိုး၃ နဲ့မြေသြဇာလုပ်မယ်ဆိုရင် နိုက်ထရိုဂျင်ပါဝင်မှုများတဲ့ မြေဆွေးမြေသြဇာကိုရစေပါတယ်။နွားချေး အရိုးမှုန်း ကောက်ရိုး အပင်အကြွင်းအကျန်ကို အခြေခံစဉ်းစားပြုလုပ်မယ်ဆိုရင် ဖော့စဖိတ်%များတဲ့ မြေဆွေးပုံကို ရနိုင်ပါတယ်။ငှက်ပျောခွံ ကြက်ဥခွံစတာတွေများများပါဝင်ခဲ့ရင်တော့ ကယ်လစီယမ်ကို များများ ပါဝင်စေမှာပါ။
မြေဆွေးပုံဖြစ်ပေါ်ချိန်မှာလည်း မြင့်မားတဲ့ အပူချိန် ၅၀-၁၀၅ံF ကို ဖြစ်ပေါ်စေတဲ့အတွက် ပေါင်းမြက်များသေစေသလို ရောဂါနဲ့ ပိုးဥများ ပိုးကောင်များကိုလည်း ဖျက်စီးပစ်သလိုဖြစ်စေပါတယ်။
နောက်ဆုံး အကောင်းမွန်ဆုံးအချက်က သစ်ဆွေးဓာတ်များပြားမှုကြောင့် ရေ လေ အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ် နဲ့ အပင်အတွက် အခြားအဟာရများကို ဖြည့်တင်းပေးပါတယ်။ အကျိုးပြုအနုဇီဝတွေဖြစ်တဲ့ မှို ပရိုတိုဇိုဝါ တီ ဘက်တီးရီးယား တို့ရဲ့ အစာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေအများဆုံးပါဝင်တဲ့ မြေဆွေး သစ်ဆွေးဓာတ် တွေဖြစ်ပါတယ်။အကျိုးပြုအနုဇီဝတွေဖြစ်တဲ့ မှို ပရိုတိုဇိုဝါ တီ ဘက်တီးရီးယား တို့ပေါများ သွာလာလှုပ်ရှား ကျက်စားမှုတွေကြောင့် မြေတွင်း လေ ရေခိုအိတ်တွေတိုးပွားကာ အဟာရမြေဆီကောင်းတဲ့ မြေတခုကို ပြန်လည်ရရှိပါတယ်။
မြေပြုပြင်ပေးခြင်း
မြေကြီးတွင် မြေဆွေးဟာ အကောင်းဆုံး အကူညီပစ္စည်းဖြစ်ပါတယ်။ စိုက်ပျိုးမြေများတွင် ရေငတ်ဒဏ်ခံနိုင်မှု မြေသြဇာ လျော့ချလာနိုင်မှုတွေ စိုထိုင်းဆထိန်းသိမ်းခြင်း မြေဖွဲ့စည်းမှုပုံစံတိုးတက်မှုတို့အပြက် မြေဆီလွှာဆုံးရှုံးပျောက်ကွယ်ခြင်းကိုပါ အကာကွယ် ထောက်ပံ့ပေးပါသေးတယ်။
မြေဆွေးကို စနစ်တကျကိုင်တွယ်နိုင်ခြင်း
အကိုင်အတွယ်အသုံးပြုရာတွင် သာမန် နွားချေး ကြက်ချေးကိုင်တွင်ရာခြင်းထက် သယ်ရလွယ်ကူ ကိုင်တွယ်ရလွယ်ကူစေပါတယ်။အနံ့အသက်ပျောက်ကင်းပြီး ယင်ကောင်များလာရောက်ခြင်းကိုလဲ ပျောက်ကွယ်စေပါတယ်။
ရောဂါဖြစ်ကြောင်း (ဖြစ်စေသော) သက်ရှိများကို သေစေခြင်း
မြေဆွေးပုံမှာ အပူချိန် ၅၀-၁၀၅ံF ကြားရှိတဲ့အတွက် လူနဲ့အပင် တိရိစ္ဆာန်တို့မှာအန္တရယ်ဖြစ်စေတဲ့ ရောဂါပိုးများကို ၃ရက်အတွင်း သေစေပါတယ်။
မြေဆွေး လုပ်နည်းက အများအပြားရှိပါတယ်။လက်ရှိတော့ မြေဆွေးအကြောင်း အခြေခံလေးပဲ ပြောပြီး ဆောင်းပါးလေးကို ခဏ ရပ်နားပါရစေခင်ဗျာ။
ခန့်ဇော်ထက်
ACOM
ref: Basic on farm composting manual
prepared by Peter Moon P.E
Land Technologies
ဆက်စပ်ဆောင်းပါးများ
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
ဆက်စပ်မေးခွန်းများ
မြေသန်ဆေးဘယ်မာဝယ်လို့ရလဲ
Hmai OoSwe • ဖြေကြားချက် 2 ခု
ဆရာများအားလုံးမဂ်လာပါ🙏 စပါးပီးရင် မတ်ပဲကိုခုတ်ဖုံးလုပ်ပီးရိုးပြက်တွေကိုEMဖျန်းမယ် တစ်ဧက ကိုဘယ်နှစ်ပုံးဖျန်းရမလဲ အပင်ဖြစ်လာရင် အမိုင်နိုဖျန်းချင်တယ် အပင်ဘယ်အရွယ်မှာဖျန်းရမလဲ ခုလို အသုံးပြုတာအဆင်ပြေမလာ ဖြေကြားပေးပါ။ 🌱
bominthu • ဖြေကြားချက် 3 ခု
ကုန်းမြင့်ပိုင်းမြေကို နွေစပါးစိုက်ပျိူးရင် အပင်ကြံခိုင်ဖို့နှင့် ပိုးမွှားဒဏ် ခံနိုင်အောင် မြေဆီလွှာကို ဘယ်လိုပြုပြင်သင့်လဲ မြေခံကို ဘာတွေ ထည့်သုံးသင့်လဲ
Nwe Nwe aung • ဖြေကြားချက် 2 ခု
မြက်သတ်ဆေးဖျန်းထားပါတယ် ခရမ်းခင်းအတွက် ဘယ်လောက်ထိစောင့်ရမလဲ မြက်သတ်ဆေးဖျန်းထားတဲ့ မြေကိုဘယ်လိုပြင်ပေးသင့်သလဲ မြေကို ပြင်ရန်အတွက်ဖြေးပေးပါ
bominthu • ဖြေကြားချက် 3 ခု
ဆရာခင်ဗျ အပင်ငယ်စဥ်တုန်း 18.7.7 မြေသြဇာကျွေးထားပါတယ် အသီးပွင့်ဝင်တုန်းကရှေ့တစ်ပတ်ကပဲ 15 ပတ်လည် ကျွေးထားပါတယ်ဆရာ အပွင့်အသီးတွေလှိုင်နေပါပြီ 15 ကျွေးပီးကတည်းကမိုးမရွာပါဘူးဆရာ အတာမိုးရွာလို့ရှိရင် မြေသြဇာထပ်ကျွေးလို့ရပီလား 15 ပတ်လည်မဟူတ်ပဲ 0.52.34 အလိုဟာတွေကျွေးရမလား ဘာတွေဆက်လုပ်ရမလဲဗျ 909ခရမ်းချဥ်ပါဆရာ
U Yan • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ
08/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
More from Khant Zaw Htet
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....