ငါးကန်အတွင်း သဘာဝမြေဩဇာထည့်သွင်းနည်းနဲ့ ရရှိမည့်အကျိုးကျေးဇူး

20/06/2024 13:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ကန်ရေအရည်အသွေး မြင့်မားစေရန်သော်လည်းကောင်း၊ ကန်ထဲ၌ သဘာဝအစားအစာများ ပေါများစေရန်သော်လည်းကောင်း သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို ငါးကန်များအတွင်းထည့်သွင်းကြပါသည်။ အပင်၊ အရွက်များ(သို့) တိရစ္ဆာန်စွန့်ထုတ်ပစ္စည်းများနှင့် ပြုလုပ်ထားသော မြေဆွေးသြဇာ (Compost)ကို သုံးနိုင်သလို တိရစ္ဆာန်စွန့်ထုတ်ပစ္စည်း(Animal Manure)များကိုလည်း သဘာဝမြေသြဇာအဖြစ် သုံးစွဲနိုင်ပါသည်။

(၁) သစ်ရွက်ဆွေးမြေသြဇာ ပြုလုပ်နည်း

 ဗေဒါ(သို့မဟုတ်) အလားတူအပင်မျိုးများ၊ အရွက်များကို ဓားဖြင့်စဥ်းပြီး ပုံထားပါ။ပြီးလျှင် ရိတ်ထားသောမြက်များကို အပေါ်မှ ထပ်မံပုံပါ။အပေါ်ဆုံးမှ မြေဆွေးထပ်မံပုံပါ။ ဆွေးမြည့်မြန်စေဖို့အတွက် နေ့စဥ် ရေဖျန်းရပါမည်။ တစ်လအတွင်းမှာ အသုံးပြုနိုင်သော သစ်ရွက်ဆွေးမြည့်သြဇာကို ရရှိနိုင်ပါသည်။ အောက်ဆုံးအလွှာရှိ သစ်ရွက်မြေဆွေးအလွှာကို ဦးစားပေးသုံးစွဲရမှာဖြစ်ပြီး အလွှာများ ထပ်မံတင်ပေးခြင်းဖြင့် စဥ်ဆက်မပြတ် သုံးစွဲနိုင်မှာဖြစ်ပါသည်။

(၂) တိရစ္ဆာန်စွန့်ထုတ်ပစ္စည်း မြေဆွေးသြဇာပြုလုပ်နည်း

မြက်(သို့မဟုတ်) ဗေဒါကဲ့သို့ အပင်မျိုးစုံကို ဂေါ်ပြားတစ်ပြားစာ  မြေဆွေးနှင့် ရောပြီး ရေဖျန်းကာ ပထမအလွှာ စလုပ်ပါ။ ဒုတိယအလွှာတွင် သိုး၊ ဆိတ်၊ ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဘဲစသော တိရစ္ဆာန်များ၏ စွန့်ထုတ်ပစ္စည်းများကို ဂေါ်တစ်ပြားစာ မြေဆွေးနှင့် ရောပြီး ရေဖျန်း၍ ပုံပါ။ အလွှာ အဆင့်ဆင့် လိုသလောက်ပြုလုပ်၍ မြေဆွေးပုံပြီး ဆောင်ရွက်ပါ။ အမိုး မိုးပေးထားဖို့လိုပြီး ရေနေ့စဥ် လောင်းပေးရပါမည်။ တစ်လကြာလျှင် အသင့်သုံးနိုင်သော မြေသြဇာကို ရရှိပေမည်။ အောက်ဆုံး အလွှာမှ အရင်စသုံးရမည်။

ငါးကန်ထဲသို့ မြေဆွေးထည့်သွင်းရမည့် အချိုးအစား

ငါးမွေးကန်၏ ရေတိမ်ဖက်ကန်ထောင့် ၁ မီတာအကျယ်တွင် ဝါး/သစ်ချောင်းများကာပြီး အစာခွက်လုပ်ကာ ထည့်သွင်းရပါမည်။ ငါးကန်ဧရိယာ (၅၀၀) စတုရန်းမီတာထက် ကျယ်လျှင်တော့ အစာခွက် ၂ ခွက်ထားပေးပါ။ အစာခွက် ၂ ခွက်ထည့်သွင်းလျှင် ကန်ထောင့်အစား ကန်အလျား၏ သုံးချိုး တစ်ချိုးလောက်တွင် ထားပေးရမည်။

ငါးကန်ဧရိယာ(၁၀၀)စတုရန်းမီတာအတွက် သဘာဝမြေသြဇာ(၁၀)ကီလိုဂရမ်ကို တစ်ပတ် တစ်ကြိမ်ထည့်ပေးရပါမည်။ ကြက်ချေးသီးသန့်ဆိုလျှင် ၄င်းဧရိယာအတွက် တစ်ပတ်ကို(၂)ကီလိုဂရမ်မှ (၃)ကီလိုဂရမ်အထိ ထည့်ပေးရမည်။ နွားချေးဆိုလျှင် (၁၀)ကီလိုဂရမ်မှ (၁၅)ကီလိုဂရမ်အထိ ထည့်ပေးရပါမည်။ (တစ်ကီလိုဂရမ်= ၆၁.၂ ကျပ်သား)

ရရှိနိုင်မည့်အကျိုးကျေးဇူး

တိရစ္ဆာန်စွန့်ထုတ်မြေဆွေးထည့်ပြီး (၂-၃)ရက်အတွင်း ကန်ရေအရောင်စိမ်းလာမည်။ သစ်ရွက်ဆွေး မြေ​ဆွေးထည့်ပြီး (၁-၂)ပတ်အတွင်း သဘာဝအစာများပေါက်ပွားလာသောကြောင့် ကန်ရေအရောင်စိမ်းလာပေမည်။

သဘာဝအစာ လုံလောက်မှုရှိ/မရှိ သိစေနိုင်သောနည်းမှာ မိမိလက်ကို တံတောင်ဆစ်အထိ ကန်ရေထဲသို့ နှစ်ပြီး လက်ဖဝါးဖြန့်ငုံ့ကြည့်လိုက်ပါ။ စိမ်းနေသောကန်ထဲမှ သင့်လက်ချောင်းလေးများကို မြင်နေနိုင်သေးသည်ဆိုလျှင် “အိုကေ”ပါပြီ။ ကြည်လင်နေသော ကန်ရေသည်  သဘာဝအစာမရှိသည့်လက္ခဏာဖြစ်ပြီး ရေထဲနှစ်ထားသော လက်ချောင်းလေးများကို မမြင်ရအောင် ကန်ရေစိမ်းနေခြင်းသည် သဘာဝအစာလွန်ကဲနေသော လက္ခဏာဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်