ငါးကန်အတွင်း သဘာဝမြေဩဇာထည့်သွင်းနည်းနဲ့ ရရှိမည့်အကျိုးကျေးဇူး

20/06/2024 13:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ကန်ရေအရည်အသွေး မြင့်မားစေရန်သော်လည်းကောင်း၊ ကန်ထဲ၌ သဘာဝအစားအစာများ ပေါများစေရန်သော်လည်းကောင်း သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို ငါးကန်များအတွင်းထည့်သွင်းကြပါသည်။ အပင်၊ အရွက်များ(သို့) တိရစ္ဆာန်စွန့်ထုတ်ပစ္စည်းများနှင့် ပြုလုပ်ထားသော မြေဆွေးသြဇာ (Compost)ကို သုံးနိုင်သလို တိရစ္ဆာန်စွန့်ထုတ်ပစ္စည်း(Animal Manure)များကိုလည်း သဘာဝမြေသြဇာအဖြစ် သုံးစွဲနိုင်ပါသည်။

(၁) သစ်ရွက်ဆွေးမြေသြဇာ ပြုလုပ်နည်း

 ဗေဒါ(သို့မဟုတ်) အလားတူအပင်မျိုးများ၊ အရွက်များကို ဓားဖြင့်စဥ်းပြီး ပုံထားပါ။ပြီးလျှင် ရိတ်ထားသောမြက်များကို အပေါ်မှ ထပ်မံပုံပါ။အပေါ်ဆုံးမှ မြေဆွေးထပ်မံပုံပါ။ ဆွေးမြည့်မြန်စေဖို့အတွက် နေ့စဥ် ရေဖျန်းရပါမည်။ တစ်လအတွင်းမှာ အသုံးပြုနိုင်သော သစ်ရွက်ဆွေးမြည့်သြဇာကို ရရှိနိုင်ပါသည်။ အောက်ဆုံးအလွှာရှိ သစ်ရွက်မြေဆွေးအလွှာကို ဦးစားပေးသုံးစွဲရမှာဖြစ်ပြီး အလွှာများ ထပ်မံတင်ပေးခြင်းဖြင့် စဥ်ဆက်မပြတ် သုံးစွဲနိုင်မှာဖြစ်ပါသည်။

(၂) တိရစ္ဆာန်စွန့်ထုတ်ပစ္စည်း မြေဆွေးသြဇာပြုလုပ်နည်း

မြက်(သို့မဟုတ်) ဗေဒါကဲ့သို့ အပင်မျိုးစုံကို ဂေါ်ပြားတစ်ပြားစာ  မြေဆွေးနှင့် ရောပြီး ရေဖျန်းကာ ပထမအလွှာ စလုပ်ပါ။ ဒုတိယအလွှာတွင် သိုး၊ ဆိတ်၊ ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဘဲစသော တိရစ္ဆာန်များ၏ စွန့်ထုတ်ပစ္စည်းများကို ဂေါ်တစ်ပြားစာ မြေဆွေးနှင့် ရောပြီး ရေဖျန်း၍ ပုံပါ။ အလွှာ အဆင့်ဆင့် လိုသလောက်ပြုလုပ်၍ မြေဆွေးပုံပြီး ဆောင်ရွက်ပါ။ အမိုး မိုးပေးထားဖို့လိုပြီး ရေနေ့စဥ် လောင်းပေးရပါမည်။ တစ်လကြာလျှင် အသင့်သုံးနိုင်သော မြေသြဇာကို ရရှိပေမည်။ အောက်ဆုံး အလွှာမှ အရင်စသုံးရမည်။

ငါးကန်ထဲသို့ မြေဆွေးထည့်သွင်းရမည့် အချိုးအစား

ငါးမွေးကန်၏ ရေတိမ်ဖက်ကန်ထောင့် ၁ မီတာအကျယ်တွင် ဝါး/သစ်ချောင်းများကာပြီး အစာခွက်လုပ်ကာ ထည့်သွင်းရပါမည်။ ငါးကန်ဧရိယာ (၅၀၀) စတုရန်းမီတာထက် ကျယ်လျှင်တော့ အစာခွက် ၂ ခွက်ထားပေးပါ။ အစာခွက် ၂ ခွက်ထည့်သွင်းလျှင် ကန်ထောင့်အစား ကန်အလျား၏ သုံးချိုး တစ်ချိုးလောက်တွင် ထားပေးရမည်။

ငါးကန်ဧရိယာ(၁၀၀)စတုရန်းမီတာအတွက် သဘာဝမြေသြဇာ(၁၀)ကီလိုဂရမ်ကို တစ်ပတ် တစ်ကြိမ်ထည့်ပေးရပါမည်။ ကြက်ချေးသီးသန့်ဆိုလျှင် ၄င်းဧရိယာအတွက် တစ်ပတ်ကို(၂)ကီလိုဂရမ်မှ (၃)ကီလိုဂရမ်အထိ ထည့်ပေးရမည်။ နွားချေးဆိုလျှင် (၁၀)ကီလိုဂရမ်မှ (၁၅)ကီလိုဂရမ်အထိ ထည့်ပေးရပါမည်။ (တစ်ကီလိုဂရမ်= ၆၁.၂ ကျပ်သား)

ရရှိနိုင်မည့်အကျိုးကျေးဇူး

တိရစ္ဆာန်စွန့်ထုတ်မြေဆွေးထည့်ပြီး (၂-၃)ရက်အတွင်း ကန်ရေအရောင်စိမ်းလာမည်။ သစ်ရွက်ဆွေး မြေ​ဆွေးထည့်ပြီး (၁-၂)ပတ်အတွင်း သဘာဝအစာများပေါက်ပွားလာသောကြောင့် ကန်ရေအရောင်စိမ်းလာပေမည်။

သဘာဝအစာ လုံလောက်မှုရှိ/မရှိ သိစေနိုင်သောနည်းမှာ မိမိလက်ကို တံတောင်ဆစ်အထိ ကန်ရေထဲသို့ နှစ်ပြီး လက်ဖဝါးဖြန့်ငုံ့ကြည့်လိုက်ပါ။ စိမ်းနေသောကန်ထဲမှ သင့်လက်ချောင်းလေးများကို မြင်နေနိုင်သေးသည်ဆိုလျှင် “အိုကေ”ပါပြီ။ ကြည်လင်နေသော ကန်ရေသည်  သဘာဝအစာမရှိသည့်လက္ခဏာဖြစ်ပြီး ရေထဲနှစ်ထားသော လက်ချောင်းလေးများကို မမြင်ရအောင် ကန်ရေစိမ်းနေခြင်းသည် သဘာဝအစာလွန်ကဲနေသော လက္ခဏာဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်