စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကို ပြည်နယ်နှင့်တိုင်းများမှာ ဖွဲ့စည်းသွားမည်

27/08/2019 06:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   မှိုအစုအဖွဲ့များကို ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့တို့မှာ ဖွဲ့စည်းသွားမှာဖြစ်ကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအဖွဲ့မှ သိရပါတယ်။

   မှိုအစုအဖွဲ့ကို ပြည်နယ်နဲ့တိုင်းဒေသကြီးအချို့တို့မှာ ဖွဲ့စည်းသွားမှာဖြစ်ပြီး အားကောင်းတဲ့နေရာများမှာ ဆက်လက်အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအဖွဲ့မှ ဥက္ကဌ ဦးတင်အောင်ကပြောပါတယ်။

   “မှိုနဲ့ပတ်သက်ပြီး စီမံကိန်းလုပ်နေတာလည်းရှိနေတော့ ဒီစီမံကိန်းကာလအတွင်းမှာပဲ တိုင်းနဲ့ပြည် နယ်အလိုက် မှိုအစုအဖွဲ့တွေဖွဲ့မယ်။ ဖွဲ့တဲ့နေရာတွေမှာ မှိုနဲ့ပတ်သတ်ပြီး အားကောင်းတဲ့နေရာတွေဆိုရင် ဆက်ပြီးတော့အကောင်အထည်ဖော်သွားမှာပါ”

   မြန်မာ့မှိုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ထောက်ကြန့်၊ မှော်ဘီ၊ လှည်းကူးနဲ့ မင်္ဂလာဒုံမြို့နယ် များမှာ စိုက်ပျိုးကြပြီး ကရင်ပြည်နယ်မှာလည်း အများဆုံးစိုက်ပျိုးကြောင်းသိရပါတယ်။

   မြန်မာ့မှိုကဏ္ဍ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လည်း စီမံကိန်းများကို လုပ်ဆောင်နေတာဖြစ်ကြောင်းလည်း စားသုံးမှိုစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအဖွဲ့မှ သိရပါတယ်။

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်