“ကမာနေ့”

05/08/2020 12:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    နူးညံ့တဲ့အသားကို စားသုံးခွင့်ပေးသလို အဖိုးတန်လှတဲ့ ပုလဲရတနာကိုလည်း ထုတ်လုပ်ပေးတဲ့ ကမာကောင်လေးတွေက တကယ်ထူးခြားလွန်းပါတယ်။ ဒီနေ့ကတော့ ကမ္ဘာတစ်ဝှမ်းလုံး လူကြိုက်အများဆုံး အစားအစာတစ်ခုလို့ လက်ခံထားတဲ့ bivalve molluscs မျိုးစိတ်ဝင် ကမာကောင်လေးတွေကို ဂုဏ်ပြုဖို့ သတ်မှတ်ထားတဲ့ “ကမာနေ့” ဖြစ်ပါတယ်။ 

    ကမာကောင်တွေကို စားသုံးတဲ့အခါ ဗီတာမင် B12, ဗီတာမင် A, ဆယ်လီနီယမ်နဲ့ သံဓာတ်တွေကိုရရှိတာကြောင့် လူတို့ရဲ့ကျန်းမာရေးအတွက် ရာစုနှစ်များစွာ စားသုံးခဲ့ကြပေမယ့် အခုနောက်ပိုင်း အလွန်အကျွံငါးဖမ်းခြင်းနဲ့ ရေထုညစ်ညမ်းမှုကြောင့် ကမာကောင်လေးတွေရဲ့ ပေါက်ဖွားနှုန်းကို ထိခိုက်လာခဲ့ပါတယ်။ 

“ကမာနေ့ဖြစ်ပေါ်လာပုံ”

    ကမာနေ့သမိုင်းကြောင်းကို အတိအကျမဖော်ပြထားပေမယ့်လည်း ကမာနဲ့လူသားတို့ကြား ဆက်ဆံရေးက ရှည်လျားလွန်းခဲ့တာက အမှန်ပါ။ ရောမခေတ်ကစပြီး၊ ဗြိတိန်နိုင်ငံ (United Kingdom) နဲ့  France(ပြင်သစ်) နိုင်ငံတွေမှာ ကမာကောင်တွေကို စတင်မွေးမြူခဲ့တဲ့ သမိုင်းအထောက်အထားတွေ ရှိခဲ့ပါတယ်။ ၁၉ ရာစုမှာ နယူးယောက်ဆိပ်ကမ်းဟာ ကမ္ဘာပေါ်မှာ ကမာသတ္တဝါ အများဆုံးထုတ်လုပ်တဲ့ နေရာတစ်ခုဖြစ်ပြီး ထောင်နဲ့ချီတဲ့လူတွေအတွက် အာဟာရပေးနိုင်ခဲ့ပါတယ်။ 

   ဒီနေ့ခေတ်မှာတော့ “ကမာနေ့”ကို နေ့ထူးနေ့မြတ်တစ်ခုအနေနဲ့ America နဲ့ United Kingdom နိုင်ငံတို့မှာ အများဆုံးကျင်းပကြပြီး၊ ပွဲတော်တွေနဲ့ မင်္ဂလာပွဲတွေမှာပါ ထည့်သွင်းကျင်းပလာပါတယ်။ လတ်ဆတ်တဲ့ကမာကိုစားတာ၊ ချစ်သူတွေအတွက် ကမာပုလဲတွေကို အမှတ်တရလက်ဆောင်ဝယ်ပေးခြင်းအားဖြင့် ကျင်းပကြတာမျိုး ဖြစ်ပါတယ်။

    ကမာနေ့မှာ ကမာမီနူးဆိုပြီး သီးသန့်မီနူးစီစဉ်ထားတဲ့ စားသောက်ဆိုင်တွေရှိသလို၊ အိမ်ရဲ့မီးဖိုချောင်မှာလည်း ကမာနေ့အတွက် ထူးခြားတဲ့ကမာချက်ပြုတ်နည်းတွေကိုလည်း အထူးတလည်လေ့လာ ချက်ပြုတ်ကြပါတယ်။

    ဘယ်လိုပင်ဖြစ်စေ... ကမာကောင်တွေဟာ စားသုံးရန် လိုအပ်တဲ့အရွယ်အစားကို ပြည့်မီဖို့အတွက် အချိန်ကာလ (၃) နှစ်လောက် အချိန်ယူကြီးပြင်းရပါတယ်။ လူတို့အတွက် အာဟာရဓာတ်တွေနဲ့ တန်ဖိုးရှိတဲ့ရတနာကို ထုတ်လုပ်ပေးနေတဲ့ ကမာကောင်လေးတွေ အရွယ်မတိုင်မီ အသက်သေဆုံးခြင်း၊ ပေါက်ဖွားမှုနှုန်း ကျဆင်းခြင်းတွေ မဖြစ်ရအောင်တော့ ဝိုင်းဝန်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။

ပျော်ရွှင်ဖွယ်ရာကမာနေ့လေး ဖြစ်ပါစေ။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်